အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Thursday, January 23, 2014
pattern lock မေ့ ပြီးပြန်ဖွင့် မရသူများအတွက်
ဒီ ပို့ (စ်)ကိုဖတ်ပြီး ကျွမ်းကျင်သူများအတွက် ရယ်စရာဖြစ်နေပေမဲ့  တကယ်မသိသေးသူအတွက်တော့  အသုံးတည့် မယ်ထင်ပါတယ်။
samsung / sony/oppo အစရှိသည့် ဖုန်းနဲ့ ပါတ်သက်ပြီး နီးစပ်ရာသူငယ်ချင်းတွေ က အမျိုးမျိုး အကူညီတောင်းကြတယ်။တကယ်တော့  ကျွန်တော်လည်းဘာမှမတက်ပါ ။အဲဒီဖုန်းတွေလည်း ကျွန်တော်တစ်ခါမှ မကိုင်ဘူးပါ။သို့ သော်လည်း  ကျွန်တော် ရန်းသန်းကလိရင်းအဆင်ပြေတာလေးတွေရှိတော့  အကူညီတောင်းကြခြင်းဖြစ်သည်။အကယ်၍အဆင်မပြေမှု့ လေးတွေဖြစ်သော်လည်း ကျွန်တော်သည်
အခကြေးငွေမယူပဲ(ကွမ်းတစ်ရာ ဆေးလိပ်တစ်လိပ်တောင်မယူပါ)ကူညီတာဖြစ်သောကြောင့် 
သူငယ်ချင်းများက နားလည်ပေးကြပါသည်။
အခုလည်း pattern lock မေ့ ပြီးပြန်ဖွင့် မရလို့ ဆိုပြီး သူငယ်ချင်းတစ်ယောက်က အကူညီတောင်းတယ်
 ဆိုင်မှာ သွားပြတော့  500(ထိုင်းငွေ) ပေးရမယ်လို့ ပြောတယ်။တခြားနားလည်တဲ့ သူတွေ(မြန်မာ)သွားပြတော့ 300 (ထိုင်းငွေ) တောင်းတယ်။အဲဒါနဲ့ သူငယ်ချင်းက ကျွန်တော့် ကို လာပြတယ်။ ကျွန်တော်လည်းလုပ်မတက်ဘူး။ ဒါနဲ့  လုပ်ပုံလုပ်နည်းကို google မှာလိုက်ရှာတော့ မြန်မာ ဝက်(ပ်)ဆိုက်တွေ အများကြီးတွေ့ ပါတယ်။ ရေးထားတာလည်းအရမ်းပြည့် စုံကောင်းကြပါတယ်။ ဒါပေမဲ့ 
(ကျွန်တော့် ရဲ့ ညံ့ ဖျဉ်းမှု့ ကြောင့် ) ကျွန်တော်နားမလည်ပါ။ အဲဒါနဲ့  youtube က video file ကို လိုက်ရှာ
ပြီးလုပ်မှ အဆင်ပြေသွားပါတယ်။  အကယ်၍ ဤသို့ အရေးကြုံပါက အသုံးပြုနိုင်ရန် လင့် ခ်ပေးလိုက်ပါ
တယ် ။            
                             ဤနေရာကို နှိပ်ပါ
တော်ရာတန်ရာ
နိုင်ငံရေးဆိုတာ နားလည်လောက်အောင်ထိ  ကျွန်တော်အတွေးခေါ်လိုက်မမှီပါဘူး
facebook စာမျက်နှာတွေနဲ့   သတင်းစာမျက်နှာ တချို့ တွေမှာတော့  နိုင်ငံရေးအကြောင်းတွေ
ပလူပျံအောင်းရေးထားတာတွေ တွေ့ ရပါတယ်။  အဲဒီထဲမှာ ဟိုလူက ဒီလူမကောင်းပြော ဒီလူက
ဟိုလူ မကောင်းပြော နဲ့  ဒါတွေကိုဖတ်မိတော့ ကလေးအတွေးနဲ့  ကျွန်တော်တခုတွေးမိတယ်
(နိုင်ငံရေးဆိုတာ ဟိုဘက်ဒီဘက် မကောင်းလှည့် ပြောနေတာများလားလို့  )
  လိုချင်တာတောင်းဆို မိမိစိတ်ကြိုက်မတွေ့ တာအခါ  အဲဒီလူဟာ မကောင်းဖြစ်လိုက် စိတ်ကြိုက်တွေ့ 
တဲ့ လူက ကောင်းတယ်လို့ ပြောကြပြန်ရော။
ကျွန်တော်မှာလည်းလိုအပ်ချက်တွေ အများကြီး  ကျွန်တော်လည်းသူမျာတွေလို တောင်းဆိုကြည့် 
ဖို့ စိတ်ကူးမိတယ်  ဒါပေမဲ့   ကိုယ်ကရော သူများလိုအပ်ချက်ကို ဘယ်နှစ်ခါများလုပ်ပေးဖူးလည်း
ငယ်ငယ်က အဖြစ်ပျက်လေးတစ်ခုကို သတိရမိတယ် (ဆိုင်မဆိုင်တော့ မသိပါ)
ကျွန်တော်အသက် ၆ နှစ်အရွယ်က  ကျွန်တော်အဖိုးဝတ်တဲ့  တိုက်ထွပ် လို့ ခေါ်တဲ့  (ဝက်ဝံတံဆိပ်)
ပုဆိုးကို ကျွန်တော်ဝတ်ချင်တယ်။ပုဆိုးက အကြီးကြီးနဲ့  လျှော်ကျိကျိ။အဲဒါကို ကျွန်တော်က သဘောကြတာ။
ဒါပေမဲ့  အမေက ပေးမဝတ်ဘူး  ဘောင်းဘီတိုပဲပေးဝတ်တယ်။ကျွန်တော် ငိုတော့ အမေကပြောတယ်။
"သား.....အဲဒီပုဆိုးက အခုသားနဲ့ မတန်သေးဘူး...သားကြီးလာမှ ဝတ်ရမယ်..."တဲ့  တကယ်တော့  ကိုယ်လိုချင်တဲ့ အရာကို ကိုယ်နဲ့ သင့် တော်တဲ့ အချိန်ထိ စိတ်ရှည်ရှည်စောင့် ဖို့ လိုပါတယ်။
အတင်းဝတ်ချင်နေလို့ မရနိုင်ပါ ။
                                     ရင်ဘတ်(ကလေးအတွေး)
Saturday, January 11, 2014
ဓါတ်ပုံ ပညာစုဆောင်းထား သမျှ Link လေးတွေ
ဓါတ်ပုံ ပညာကို ကျားကုပ်ကျားခဲ လေ့လာနေကြသော ညီအစ်ကို တွေအားလုံးကို ရည်ရွယ်ပါတယ် ခင်ဗျာ.... ဘယ်ကနေစ ရမှန်းမသိသေးတဲ့ မန်ဘာ အသစ် သူငယ်ချင်းတွေ အတွက် အဓိက ပေါ့.... ကျနော်တို့လဲ ဒီ Group ( MPKE) နဲ့ မတွေ့ရခင်မှာ တော်တော် ရွာလည်ခဲ့ပါတယ်.... ကျနော့်လို မဖြစ်ရအောင် သိစေချင် ဖတ်စေချင်တဲ့ စေတနာ သက်သက်ပါ.... အခြား မည်သည့် စိတ်ထားမျိုးမျှ မပါဝင်ပါကြောင်း...... အားလုံးကို လေးစားစွာ ဖြင့် စုဆောင်းထား သမျှ Link လေးတွေကို ရှယ်ပေးလိုက်ပါတယ်....
အားလုံး အောင်မြင်တဲ့ မြန်မာ့ အလှတွေကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်တဲ့ ဓါတ်ပုံဆရာတွေ ဖြစ်ကြပါစေဗျာ.....
လေးစားစွာဖြင့်...........
ထူးဝေ........
http://shlaing.blogspot.com/... (ဆရာစိုးလှိုင်ရဲ့ Blog ပါ) , http://blog.aperture21.com/category/photography-tutorial/long-exposure/ (ဆရာ Black Dream ရဲ့ Blog ပါ), http://myanmarlensman.com/blogs/entry/Camera-Photographer (Myanmar Lens Men Photography Blog ပါ) , http://www.facebookcollection.org/ဓာတ်ပုံ-အကြောင်း-ထွေရာ-လေးပါး.html (Facebook Page လေးတွေပါ) , https://www.facebook.com/permalink.php?id=503740649661288&story_fbid=529524673749552 (ကောင်းနိုးရာရာ Link များ),http://www.datponsaya.com/2013/06/557 (ဓါတ်ပုံ ဆရာ ဒေါ့ကွန်းပါ) , http://narlalthamya.blogspot.com/2012/11/dslr-camer.html (Photography Blog တစ်ခုပါ) , https://www.facebook.com/notes/pye-aye-nyein/bokeh-aperture-depth-of-field-creating-own-bokeh/10152882292095357 , https://www.facebook.com/notes/linn-soe-hlaing/ကိုယ်ပိုင်-dslr-ကင်မရာတွေအတွက်-ဘယ်လို-lens-တွေ-ရွှေးချယ်ဝယ်ယူကြမလဲ/10151311628987089 (ဗဟုသုတ ရဖွယ်ရာများ) , https://www.facebook.com/notes/harry-lee-photography/hunting-the-milky-way/586179704727685 (Milky Way ရှာဖွေပြီါ် ရိုက်ကြမယ်) , http://www.pixel-peeper.com/ (ကင်မရာ မျိုးစုံ နဲ့ ရိုက်ထားသမျှတွေပါ) , https://www.facebook.com/notes/aperture21-lives-beyond-the-light/ဘယ်-mode-နဲ့-ရိုက်ရမလဲ/468287053231471 (ဘယ် Mode နဲ့ ရိုက်ကြမလဲ) ,https://www.facebook.com/notes/ဓါတ်ပုံဝါသနာရှင်များအသင်း/ဓါတ်ပုံကဗျာdslrကင်မရာတွေအတွက်/347048382032253 (ဓါတ်ပုံ ကဗျာ), https://www.facebook.com/notes/aperture21-lives-beyond-the-light/white-balance-ဆိုတာဘာလဲ/405472009512976 (White Balance ဘယ်လို ထိမ်းမလဲ ), http://www.dslrtips.com/lens_guide/Lens_buying_guide.shtml , Lightroom အခြေခံအသုံးပြုနည်း (၃) https://www.facebook.com/notes/aperture21-lives-beyond-the-light/lightroom-အခြေခံအသုံးပြုနည်း-၃/476042039122639,
ဤလင့်ခ်မှ ကူးယူဖေါ်ပြပါသည်
Monday, December 23, 2013
မိမိပုံကို ခဲခြစ်ပန်းချီပြုလုပ်ချင်သူများအတွက်
ခဘော်ဒါတို့အတွက်ခေတ်စားနေတဲ့ ဆော့ဝဲလေးပါ။ ဒီကောင်လေးကမိမိ၇ိုက်ကူးထားတဲ့ပုံလေးတွေကိုခဲခြစ်ပန်းချီ ၇ုပ်ပြောင်လေးတွေအမျိုးမျိုးပြောင်းလို့၇တဲ့တ၇ုပ်ဆော့ဝဲလေးပါ။။ ကြိုက်၇င်အောက်ကလင့်ကနေဒေါင်းပါ။။
PhotoPhoto
                                        ဒီမှာဒေါင်းပါ
ဤလင့် ခ်မှ ဖေါ်ပြပါသည်
ကိုယ့်ပုံကို ကာတွန်း Sticker အဖြစ် ဖန်တီးနိုင်မယ့် StikerMe
Chatting တွေမှာ Sticker လေးတွေ ပို့တာ နှစ်သက်သူများအတွက်
အလန်းစား Sticker app လေးတစ်ခု တင်ဆက်လိုက်ပါပြီ။ မိုက်မှမိုက်။
ဘယ်လိုလဲဆိုတော့ မိမိ မျက်နှာကို ကာတွန်း Sticker ပုံလေးတွေအဖြ...စ် ..
ဖန်တီးနိုင်ပါမယ်။ ပုံမှန်အတိုင်း မျက်နှာကို တည်တည်ထားပြီး ဓါတ်ပုံ
ရိုက်လိုက်ရုံပါပဲ။ ခံစားမှု မျိုးစုံ ဖြစ်နေတဲ့ မျက်နှာအမူယာများကို ..
app ကနေ သူ့အလိုလို ဖန်တီးပေးသွားပါတယ်။ ငိုတာ၊ ရယ်တာ၊
စိတ်ညစ်တာ၊ ပျော်တာ .. စသဖြင့် မျက်နှာ အမူယာများကို ...
StikerMe က ဖန်တီးပေးသွားလို့ တော်တော်လန်းတယ်ခင်ဗျ။
Sticker ဒီဇိုင်း များစွာ ဖန်တီးနိုင်ပြီး .. ဖန်တီးထားတဲ့ Sticker တွေကို
facebook, Line, Viber .. အစရှိတဲ့ Social Chatting တွေမှာ ..
အသုံးပြုလို့ရတယ်ဗျာ။ Sticker update များကိုလဲ အမြဲ တင်ပေးပါတယ်။
file size ကတော့ နည်းနည်းကြီးတယ်ဗျ။ 40MB ရှိပါတယ်
သည်းခံပြီး ဒေါင်းကြပါ။ ကလိပြီးတဲ့အခါ သဘောကျသွားပါလိမ့်မယ်။
အဆင်ပြေတဲ့ link ကနေသာ ဒေါင်းကြပါ။ ကျွန်တော်လဲ 40MB ကိုတင်တာ
တစ်နာရီကျော်လောက် အချိန်ပေးလိုက်ရပါတယ်။
Android 2.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။
ဤလင့် မှဖေါ်ပြပါသည်
Saturday, November 23, 2013
English မှ Myanmar သို့ စကားစုအတိုင်းပြောင်းပေးမယ့် Windows Myanmar Translator v1.0
အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို စကားစုအတိုင်း ဘာသာပြန်ပေးနိုင်တဲ့ Software လေးပါဘဲ။ ဒီကောင်လေးကလည်း အခြား Dictionary တွေထက် ပိုပြီးမကောင်းရင်တောင်သူတို့ နည်းတူကောင်းတဲ့
Dictionary လေးဖြစ်ပါတယ်။ အဲ နည်းနည်းလေးတော့ပြောပြစရာရှိတယ်ဗျ။သူက မြန်မာ 3Unicode နဲ့
Zawgyi Font နှစ်မျိုးလုံးမှာအလုပ်လုပ်ပါတယ်ဗျာ။ ဘာသာပြန်ပေးတဲ့နေရာမှာတော့စကားလုံးတစ်လုံး
ချင်းအလိုက် ဘာသာပြန်ပေးတဲ့အတွက် စကားစုတစ်ခုကို ဘာသာပြန်ပေးတဲ့နေရာမှာတော့ မိမိကိုယ်
တိုင်ဘဲ ဆီလျှော်အောင် ဘာသာပြန်ပေးရပါလိမ့်မယ်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link
မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။
အရမ်းလန်းတဲ့ Crazy Home Launcher.apk
ကဲဘော်ဘော်တို့ရေ မလန်းဘူးလား အပေါ်မှာမြင်တဲ့အတိုင်းပဲ ကိုယ့်ဖုန်းထဲက application တွေကို စိတ်ကြိုက် မြန်မာစာလေးတွေနဲ့ ရေးပြီးပြောင်းထားလို့ရတယ်ဗျာ . . . လန်းတယ်မလား ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ လိုချင်ရင် အာမနာတမ်းဒေါင်းသွားဗျာ . . .