ငါဟာ
အရင်က…
တစ်ယောက်ထဲ နေတက်ခဲ့ သူ…
လူတွေကပြောကြတယ်…….
(ငါ့ ကို)
အထီးကျန်ဆန်သူတဲ့ ။
ဘယ်သူတွေဘာပြောပြော…
လောလောဆယ် ငါ့ အတွက်…
နားမငြီးဘူး………..။
အာရုံမနောက်ဘူး……..။
တစ်ယောက်စာ အခန်းလေးထဲမှာ
(
(ငါက)
ငါ့ ဘဝကိုပျော်မွေ့ 
နင်နဲ့ မတွေ့ ခင်အချိန်ထိပေါ့ ။
နောက်တော့ လဲ………….
အိပ်မက်လား……..တကယ်လား….
ဘာမှခွဲခြားမသိခင်……..
(ငါဆွဲခေါ်ခြင်း မပြုပါပဲ)
နင်…ငါ့ ဝထဲရောက်လာခဲ့ တယ်။
နင်…သယ်ဆောင်လာတဲ့ ပျော်ရွှင်ခြင်းတွေ…
အချစ်ဆိုတဲ့ ….သင်ခန်းစာအသစ်နဲ့ …
ငါ့ ရဲ့ မသိစိတ်မှာစွဲလန်း…
ငါ့ ကိုယ်ငါတောင် ဘာဖြစ်မှန်းမသိဘူး…။
အရာရာ စိမ်းလန်းပျိုမျစ်…
လရောင်အေးအေးလေးတွေ ငါချစ်တက်ခဲ့ သလို…
ကောင်းကင်ပြာ………………..
အိပ်တန်းတက်ငှက်လေးတွေ…………..
ပတ်ဝန်းကျင် တခုလုံးလှပ……
တစ်ယောက်ထဲ နေဖြစ်ဘူးတဲ့ ဘဝလေးတောင်ငါမေ့ လို့ ။
နင်ရှိမှ …အရာရာပြည့် စုံသလို…
ငါက အဲဒီလောက်ထိ…ရူးသွပ်ခဲ့ မိတာ…။
(
(အခု့ တော့ လေ…………….)
နင့် ရှေ့ မှာဒူးထောက်….
ငါ့ ဘဝတခုလုံး ကျရှုံးကာမှ…
နင်က ပြုံးပြုံးလေးနဲ့  ပြောထွက်ခဲ့ တယ်…။
အလယ်သက်သက် လာယုံပါတဲ့ လေ….။
ဘယ်လို အမှားယွင်းနဲ့ ရက်စက်….
နင်ပစ်မှတ်ထားခံရတဲ့  ငါက
(
(ခုချိန်ထိတော့ ……)
နင့် အပေါ်မှာ….
နာကျည်းချက်ဆိုတာ မရှိပါဘူး…..။
(ဒါပေမဲ့ )……………………………….
………………..
………………………………………..
ငါအသက်ဆက်ရှင်သန်အုံးမယ်ဆိုရင်တောင်
(
(အရင်လို)
တစ်ယောက်ထဲနေတက်ဖို့ ….
ပြန်ကြိုးစားရတော့ မှာပေါ့ …..
…………။
ရင်ဘတ်
အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
No comments:
Post a Comment
ကျေးဇူးပြု၍ဝေဖန်အကြံပြုစာများရေးခဲ့ ပေးပါရန်
အဖြူရောင်အိမ်ငယ်လေးမှအထူးကျေးဇူးတင်ရှိပါသည်။