တစ်ခုလောက်ကြိုတင်တောင်းပန်ထားပါရစေ။ ကျေးဇူးပြု၍ ခေါင်းစဉ်ဖတ်ပြီး တစ်မျိုးမတွေးလိုက်ပါနဲ့ 
ချစ်တယ် ဆိုတဲ့ စကားဟာ အဓိပ္ပါယ် အများကြီးဖွဲ့ ဆိုလို့ ရပါတယ်။
မိဘနဲ့ သားသမီးအချစ်၊ညီကိုမောင်နှစ်မအချစ်၊သူငယ်ချင်းအပြန်လှန်အချစ်၊ချစ်သူရည်းစားအချစ်၊
လင်မယားအချစ်စသည်ဖြင့် အများကြီးရှိပါတယ်။ဒါပေမဲ့  ကျွန်တော်သူ့ ကိုချစ်တယ်ဆိုတာ ခုကျွန်တော်
ပြောတဲ့ အချစ်မျိုးတွေနဲ့ မဟုတ်ပဲ ဘယ်လိုအချစ်မျိုးနဲ့ ချစ်တာလည်းဆိုတာ အမည်ဖေါ်မရတဲ့ 
အချစ်မျိုးနဲ့ သူ့ ကိုချစ်တယ်။ သူဟာကမ္ဘာမှာ အဆင့် ၆ ရှိတဲ့ အလှပိုင်ရှင်
ဆိုတာတော့ ကျွန်တော်သိတယ် ။ဒါပေမဲ့  သူတကယ် အဲလောက်လှလားဆိုတာ ကျွန်တော်မသိဘူး
သူ့ ရုပ်ကိုကျွန်တော်မမြင်တက်ဘူး ။သူ လှလို့ ချစ်တာမဟုတ်ပါဘူး ကျွန်တော်က သူ့ ရဲ့ စိတ်ကလေးကိုချစ်တာ။သူ့ ရဲ့ လူတွေပေါ်မှာစေတနာ
ထားတက်တဲ့ စိတ်ရင်းနဲ့  အပြုမူလေးတွေကိုချစ်တာ။ကျွန်တော်သူ့ ကိုချစ်တဲ့ အချစ်မှာ
ယောကျား/မိန်းမဆိုတဲ့ ခွဲခြားမူ့ မျိုးမပါဘူး ဦးကျော်သူကို ချစ်ခင်လေးစားသလို
သူကိုချစ်တာ လေးစားတာ (ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ)။လူတွေ လုပ်နိုင်ခဲတဲ့  အလုပ်တွေ
ကို လုပ်နိုင်လို့  သူ့ ကို့ ချစ်တာပါ။