အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Tuesday, November 12, 2013

Facebook ကို မြန်မာလိုသုံးနိုင်ပြီ။


                                               Facebook တွင် ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထားအသုံးပြုကြပြီး အခြားဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ ရပါသည်။ ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင်ပါဝင်ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာသို့ ၁၀၀ရာခိုင်နှုန်းပြောင်းလဲမှုပြုလုပ်ပေးပြီးဖြစ်ပါသည်။ သို့ သော် တချို့ စကားစုများမှာ voting စနစ်မပြီးသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပါ။ မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဘက်ရှိ စက်သွားပုံ (setting) အောက်ရှိ account setting သို့ သွားပါ။ ထို့ နောက် General > Language တွင် edit ကို နှိပ်ပါ။ ထို့ နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။

Language တွင် မြန်မာဘာသာမပါရှိသူများ အနေဖြင့်https://www.facebook.com/translations သို့ သွားရောက်၍ ညာဘက်အောက်ခြေတွင် ရာခိုင်နှုန်းပြထားသော translation ခလုတ်ကို နှိပ်ပြီး turn on translation ကို နှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။


ဤလင့်ခ်မှ ကူးယူဖေါ်ပြပါသည်