ဘာရယ်လို့တော့ မဟုတ်ဘူး သူများတွေ အန်ဒရိုက် အန်ဒရိုက်နဲ့ ဟစ်နေလို့ ကျွန်တော်လည်း ရှိမဲ့စုမဲ့လေးနဲ့ သွားသမလာတာ ။ နည်းတွေတွေ့တွေ့နေလို့ ဖုန်းမရှိလို့ သွားရည်ကျဖတ်ရရုံသာ ဒါကြောင့် ဝယ်ဖြစ်သွားတာ ။ နှမြောတော့ နှမြောသား ။ထားပါတော့
အားလုံးပဲ ကြားဖူးမှာပါ ။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးကို ထိန်းတာလေ ။ ကိုယ်ဟာသူကြည့် သူ့ဟာကိုယ်ကြည့်ပေါ့ ။ TeamViewer ဆိုတာလေ ။ အဲဒီကောင်နဲ့လုပ်မယ်အခု ....ဒီနည်းသာရေးရတာ ဆရာမ ကွန်ပျူတာ ကြည့်ချင်တယ်ဆိုပြီး ပူဆာရင် ဒွတ်ခ ....
ကဲပထမဆုံး ဖုန်းအတွက်တော့ PlayStore မှာ TeamViewer ရိုက်ထည့်ပြီးတော့ ရှာရင် ရပြီ ။ ဖရီးပါ ။ ဖုန်းထဲမှာ ထည့်ပြီးပြီလို့ ထားလိုက်ပါတော့ ။
ပြီးတော့ ကွန်ပျူတာ အတွက်သော ဆောပ်ဝဲလ်ရဲ့ ဝက်ဆိုဒ်မှာ သွားဒေါင်းနိုင်ပါတယ် ။ OS အမျိုးမျိုးအတွက် သုံးနိုင်ပါတယ် ။ ကျွန်တော်က Linux ဆိုတော့ နည်းနည်းတော့ လုပ်ရတယ် ။ နည်းနည်းပါပဲ ။ ဝင်းဒိုးတော့ လွယ်ပါတယ် ။ ဒေါင်းပြီးတော့ တင်ရုံ ။ လင်းနစ်လင်း ဒေါင်းပြီးတော့တင်၇ုံ စသုံးတော့ နည်းနည်း စိတ်အိုက်တယ် ။
ဒီကို သွားပြီးတော့ OS အလိုက် ရွေးပြီးတော့ ဒေါင်းရုံပဲ ။ လင်းနစ် ဦးဘန်တုတို့အတွက် အင်စတော လုပ်ပုံကို
ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။
ကဲ အခု ဖုန်းမှာလည်း ထည့်ပြီးပြီ ကွန်ပျူတာမှာ ထည့်ပြီးပြီဆိုရင်တော့ ဖွင့်လိုက်ပါ ။ ကွန်ပျူတာမှာကော ဖုန်းမှာပါ ။ ကွန်ပျူတာ မှာ ဖွင့်ရင်တော့ Allow နဲ့ Remote တွဲလျက်ရှိနေမှာပါ ။ Allow က အစပိုင်းမှာပေါ့ ။ ID နံပါတ်နဲ့ ပါစ့်ဝေါ.ရှိတယ် ။
အဲဒါမျိုးပေါ့ ။ ပြီးရင်တော့ ဖုန်းက ပုံစံလေးကြည့်မယ်ဗျာ ။
ဒါမျိုးပေါ့ ။ ကွန်ပျူတာက နံပါတ်တွေကို ကြည့်ပြီးတော့ ထည့်လိုက်ရုံနဲ့ သင်ရဲ့ ကွန်ပျူတာကို ဖုန်းနဲ့အလွယ်တကူ ထိန်းနိုင်ပါပြီ ။ ခွန်မောင်ပန်
ဤလင့်ခ်မှ ကူးယူဖေါ်ပြပါသည်