အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Monday, January 28, 2013
on line photo shop 1နောက်တစ်ခု မိတ်ဆက်ပေးချင်လို့ ဗျို့ 
ကျွန်တော်ညီလေးတွေရဲ့ ပုံကို  ခဏငှားကာ  ပြုလုပ်ထားပါသည် ညီလေးလည်းခွင့် လွှတ်ပါကွယ်
မသိသေးသူများအတွက်တော့ အသစ်ဖြစ်နိုင်၏
Monday, January 21, 2013
online photo frames 3
ဝါသနာတူ သူငယ်ချင်းတို့ အတွက် on line ပေါ်မှာမွှေခဲ့ သမျှ ပြန်လည်မျှဝေပါသည်
Wednesday, January 16, 2013
on line 4 ပေါ်မှာ မိမိပုံကို အလှပလေးတွေဖန်တီးရအောင်
သူငယ်ချင်းတို့ အတွက်ဒီတစ်ခါ  on lineပေါ်မှာမိမိပုံလှပအောင်ဖန်တီးတဲ့ နေရာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် မသိသေးသူများအတွက်ပါ
Tuesday, January 15, 2013
on line 5 မှာဒီလိုမျိုးလေးတွေ လုပ်ရအောင်
ဒီမှာပါဗျို့ 
မှတ်ချက်...မသိသေးသူများအတွက်
on line 6 ပေါ်မှာ မိမိပုံကို စိတ်ကြိုက်ဖန်တီးလို့ ရတဲ့ နေရာလေးတစ်ခုလမ်းညွှန်ချင်ပါတယ်
7 ဒီလိုစာဒီဇိုင်းလှလှလေးတွေ လိုချင်ရင်တော့ 
on line 8 ပေါ်မှာ မိမိပုံကို နောက်ခံဒီဇိုင်းမျိုးစုံလုပ်ချင်သူများအတွက်
အန်လိုင်းပေါ်မှ photo shop 9 ပြုလုပ်ချင်သူများအတွက်
Monday, January 14, 2013
Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေခံနည်း)
Photoshop သုံးပြီး မျက်လုံလေး မှိတ်ပြတဲ့ နည်းလေး
သူငယ်ချင်းအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်.....တတ်လို့တော့ဟုတ်ပါဘူး..သိသလောက်လေးရေးချပြယုံပါနော် Photoshop သုံးပြီး မျက်လုံလေးမှိတ်ပြတဲ့နည်းလေးပါ လုပ်ကြည့်ချင်တယ်ဆိုရင်တော့
အဆင့်(၁) Ctrl+O (သို့မဟုတ်) File >>>Open ကိုနှိပ်ပြီးဓာတ်ပုံထည့်ပါ
အဆင့်(၂) Shift+Z (သို့မဟုတ်)အနီရောင်မျှားပြထားတဲ့နေရာမှာကလစ်ပါ
ပြီးရင် ပုံမျှားလေးတင်ပြီး Right ကလစ်နှိပ်ပြီး Fit on Screen ကိုနှိပ်ပါ
အဆင့်(၃) Ctrl+J (သို့မဟုတ်) Layer >>>>Duplicate Layer ကိုနှိပ်ပါ
Ctrl+J ကိုသုံးထားရင် အောက်၂ ပုံပြထားသလိုမလိုအပ်ပါ
အဆင့်(၄) OK ကိုနှိပ်ပါ 
အဆင့်(၅) Shift+Ctrl+X (သို့မဟုတ်)  Filter  >>>>Liquify ကိုနှိပ်ပါ
အဆင့်(၆) Tool ( F )ကိုနှိပ်ပါ (သို့မဟုတ်) အစိမ်းရောင်ပြထားတဲ့နေရာကလစ်ပါ
ပြီးရင် ပုံမှာမြင်နေရသလို မျက်လုံးဘေးနားကိုအနီလေးနဲ့ဝိုင်းလိုက်ပါ
အဆင့်(၇) Tool ( W ) ကိုနှိပ်ပါ (သို့မဟုတ်)ဘယ်ဘက်ကအစိမ်းရောင်ပြထားတဲ့နေရာကို
ကလစ်ပါ  ပြီးရင် အပေါ်မျက်ခမ်းလေးကိုအောက်ကိုဆွဲချပါ နောက်ထက် အောက်မျက်ခမ်းကို
အပေါ်သို့ဆွဲတင်ပါ မျက်လုံးမှိတ်တဲ့ပုံလေးဖြစ်အောင်ပေါ့ လက်နှိပ်ပါစေနော်
မျက်လုံးလေးမှိတ်တဲ့ပုံပြီးသွားရင် ညာဘက်ကအစိမ်းရောင်ပြထားတဲ့ OK နှိပ်ပါ
အဆင့်(၈)  Window >>>> Animation ကိုနှိပ်ပါ
အဆင့်(၉) အနီရောင်လေးထောင့်ကွက်ပြထားတဲ့
Duplicates selected frames   နေရာမှာကလစ်တစ်ချက်နှိပ်လိုက်ပါ
မျှားပြထားသလိုပုံ၂ခုရအောင်
အဆင့်(၁၀) အနီရောင်ပြထားတဲ့အကွက်ထဲမှာမျက်လုံပုံလေးရှိပါတယ် အဲ့မျက်လုံးကိုကလစ်နှိပ်ပြီးဖျောက်လိုက်ပါ
အဆင့်(၁၁) နံပါတ်(၁)မှာ 0.2 sec ထားပြီး နံပါတ်(၂)မှာ 1.0 sec ထားလိုက်ပါ
ပြီးသွားပုံရဲ့အောက်မှာ play ကြည့်လိုက်ပါ ပုံကိုမမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ
အဆင့်(၁၂) သိမ်းပါ့မယ် Alt+Shift+Ctrl+S  (သို့မဟုတ်)
File >>> save for web &Devices.....ကိုနှိပ်ပါ
အဆင့်(၁၃) Save ကိုနှိပ်ပါ
အဆင့်(၁၄) ဖိုင်နာမည်ရေးပါ ပြီး Save ကိုနှိပ်ပါ ဖိုင်နာမည်ရေးရင် နာမည်နောက်က
.........gif လို့ထည့်ပါ
 ပြီးပါပြီ
သူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ရေးသားသူ=အာကာမိုးနိုင်
ဖိုတိုရှော့မရှိသေးရင်အောက်မှာဒေါင်းလိုက်နော်
Monday, January 7, 2013
Photoshop cs3 ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း
ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်
အဆင့်(၁)...
အရင်ဆုံး မိမိတို့ရဲ့ ပုံတပုံကို အောက်မှာပြထားတဲ့ ပုံလေးအတိုင်းယူလိုက်ပါ..။ ဒီပုံလေးတွေမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်နဲ့ အဆင့်လေးတွေကို မိမိတို့ နားလည်သလို စာအုပ်လေးနဲ့ လိုက်ရေး မှတ်လိုက်ရင် ပိုပြီအတတ်မြန်မယ်လို့ ထင်ပါတယ်..။
အဆင့်(၂)...
ဒီအဆင့်မှာတော့ မိမိတို့ ပြုလုပ်မယ့်ပုံလေးကို Crop Tool (C) လေးနဲ့ ဖြတ်မှာဖြစ်တဲ့အတွက် အဲဒီတူးလေးကို ကလစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားသလို 2,3,4 အကွက်တွေမှာ နံပါတ်တွေ ရိုက်ထည့်ပေးပါ..။ (2, မှာ 1.5 in) - (3, မှာ 2 in) - (4, မှာ 300) လို့ရိုက်ထည့်လိုက်ပါ..။ inch ဆိုတာက လက်မကိုပြောတာပါ..။ အားလုံးပြင်ဆင်ပြီးရင်တော့ နောက်တဆင့်မှာ ပုံကိုဖြတ်ပါမယ်..။
အဆင့်(၃)...
ဒီအဆင့်မှာ ပုံကိုဖြတ်တဲ့အခါ မိမိတို့ စိတ်ကြိုက် လိုတဲ့နေရာလေးကိုပဲ ကွက်ဖြတ်လို့ ရပါတယ်..။ ပုံကိုကြီးကြီးပဲဖြတ်ဖြတ်၊ သေးသေးပဲဖြတ်ဖြတ် ရလာတဲ့ပုံကတော့ အပေါ်မှာ ကွန်မန်းပေးပြီး နံပါတ်တွေ ရိုက်ထည့်လိုက်တဲ့အတိုင်း တစ်လက်မခွဲ၊ နှစ်လက်မဆိုဒ်ပဲ ထွက်လာမှာပါ..။ ဒါကြောင့် ပုံကို ကြည့်ကောင်းအောင် ဖြတ်တတ်ဖို့ လိုပါတယ်..။ ဘေးနှစ်ဘက်နဲ့ အပေါ်အောက် ကြည့်ကောင်းအောင် သေချာချိန်ဖြတ်ပါ..။ ဖြတ်ပြီးရင်တော့ 2 နေရာက အမှန်ခြစ်ကို ကလစ်ပေးလိုက်ပါ..။
မိမိတို့ဖြတ်လိုက်တဲ့ပုံဟာ ဒီအောက်ကပုံလေးအတိုင်း ရလာပါပြီ..။ ရလာတဲ့ပုံကို နောက်ဆင့်မှာ ပြုပြင်ပြီး အရင်သိမ်းရပါမယ်..။ နောက်တဆင့်မှာ ဆက်ကြည့်လိုက်ပါ..။
အဆင့်(၄)...
ဒီအဆင့်ကတော့ ပုံကိုဘေးသားလေးတွေမှာ အဖြူဘောင်လေးထွက်လာအောင်၊ ဘောင်ကွတ်ပေးရပါမယ်.။  
ဒါကြောင့် ပုံမှာပြထားတဲ့အတိုင်း မီနူးဘာတန်းက Select နှင့် All ကို တချက်ချင်းစီ ကလစ်ပါ..။ အဲလိုကလစ်ပြီးရင်တော့ ပုံရဲ့ဘေးဘောင်လေးတွေမှာ ပုရွက်ဆိတ်လေးတွေ ပြေးနေသလို.. ကြိုးတန်းလေးပြေးနေပါလိမ့်မယ်..။ 
အဆင့်(၅)... 
အပေါ်ကအတိုင်းပြီးရင်တော့ ဒီအဆင့်မှာ ပုံရဲ့ဘေးပါတ်လည်မှာ အဖြူကြောင်းလေး ထည့်မှာပါ..။ ဒါကြောင့် မီနူးဘားတန်းက Edit ကိုကလစ်လိုက်ပါ..။ ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်းနှိပ်သွားလိုက်ပါ..။ ဒီနေရာမှာ တခုချင်းစီလိုက်ရေးပြနေရင် ရှုပ်သွားနိုင်ပါတယ်.။ ဒါကြောင့် ပုံလေးတွေကိုကြည့်ပြီး လုပ်သွားလိုက်ပါဗျာ..
အဆင့်(၆)...
အောက်ကပုံအတိုင်း ပုံရဲ့ဘေးမှာ အဖြူကြောင်းလေး ထွက်လာပြီဆိုရင် အဲဒီပြင်ဆင်ပြီးသားပုံလေးကို Define Pattern ထဲမှာ သွာသိမ်းလိုက်ပါ..။ အဲလိုသိမ်းနည်းလေးကိုတော့ အောက်ကပုံလေးမှာ နံပါတ်လေးတွေနဲ့ ပြထားပါတယ်..။ နံပါတ်စဉ်တိုင်း နှိပ်သွားပေးလိုက်ပါ..။
အဆင့်(၇)...
အပေါ်ကအတိုင်း ပုံကိုသိမ်းပြီး သွားရင်တော့ အောက်ကပုံမှာပြထားတဲ့ အတိုင်း width-6 , height-4 , နဲ့ Resolution-300 ကို အောက်ပုံရဲ့ 3 နေရာတွေမှာ ရိုက်ထည့်ပေးပါ..။ 4 နေရာကတော့ အားလုံး Inches ဖြစ်နေရပါမယ်..။ ပြီးရင်တော့ OK နှိပ်ပါ..။
အောက်ကပုံအတိုင်း အမိန့်ပေးထားတဲ့ စာရွက်အဖြူတရွက် ရလာပါပြီ..။ အဲဒီစာရွက်ပေါ်မှာ စောစောန ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူပြီး ထည့်မှာ ဖြစ်ပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်လိုက်ပါဗျာ..။
အဆင့်(၈)...
ဒီအဆင့်မှာတော့ ကျနော်သိမ်းလိုက်တဲ့ ပုံကို သွားပြန်ယူမှာဖြစ်တဲ့အတွက် မီနူးဘားတန်းက Edit ကိုအရင် ကလစ်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်းသွားပြီး နံပါတ်စဉ်တိုင်း လိုက်ကြည့်သွားပေးပါ..။ မိမိတို့ သိမ်းတဲ့ပုံကို ရှာမတွေမှာ စိုးလို့ အဆင့်ချင်းစီ သေချာကြည့်ပေးပါ..။
အပေါ်ပုံအတိုင်း အားလုံးပြီးသွားရင်တော့ ဒီအောက်မှာ ပြထားတဲ့အတိုင်း ပါတ်စပို့ပုံ ရှစ်ပုံ ထွက်လာပါပြီ..။  နောက်အဆင့်တွေကတော့ ထွက်လာတဲ့ပုံကို Desktop မှာသိမ်းတာဖြစ်လို့ သိပ်မခက်တော့ ပါဘူး..။ 
အောက်ပုံမှာ Desktop, နာမည်နဲ့ JPEG ပြောင်းပေးပြီ Save ကိုနှိပ်လိုက်ပါ..။
အောက်မှာတော့ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ပြပေးလိုက်ပါတယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ...
သူငယ်ချင်းတစ်ယောက်က အကူညီတောင်းထားလို့  လွင်မင်းဗိုလ် နည်းပညာဘလော့ မှ  ရှာဖွေ တင်ပေးလိုက်ပါတယ်