အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Tuesday, October 30, 2012

အိပ်ဆေး


  1. မွေးနေ့ တခုရဲ့ ကမ္ပားကို ကျွန်တော်ရောက်သွားတော့ 
    နောက်ကြနေတဲ့ အရင်လိုမှု့ တွေကသီကရီ
    အိပ်တန်းပြန်ငှက်တွေအုပ်ဖွဲ့ ပျံသန်းနေဆဲပဲ
    အိုကြီးအိုမ နေရောင်ခြည်ဟာ ဒီနေ့ အဖို့ သူပြန်မလာတော့ ဘူးတဲ့ လေ။
    နေဝင်စဒီလိုအချိန်မှာ ...ကျွန်တော်သူ့ ကိုသတိရမိတယ်။
    မြူနှင်းတွေဝေ...အေးစိမ့် နေတဲ့ ဆောင်းညတစ်ည(သို့ မဟုတ်)
    တိမ်ဆိုးမဲညစ်တွေမလာရ...လို့ ဆိုင်းဘုဒ်ချိတ်ဆွဲထားတဲ့ ညမှာ
    ကျွန်တော်သူ့ ကို အရမ်းတမ်းတမိတယ်။
    ပြန်မရနိုင်ေ
    တာ့ တဲ့ အချိန်ကာလနဲ့  အဖြစ်ပျက်

    အတိတ်ကိုပြန်လည်တွေးတောရင်း
    ဒီလိုညတွေဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ ရတယ်
    တနေရာရာမှာလင်းလတ်နေမဲ့  နေမင်းရဲ့ သက်ပြင်းချသံကြားတိုင်း
    အော်........မိုးတစ်မိုးလင်းပြန်ပြီဆိုတာသိခဲ့ ရတယ်
    အိပ်မပျော်တဲ့ ညတွေမှာ အိပ်ဆေးကိုအလွန်မင်းတမ်းတမိတဲ့ 
    ညတွေကိုတော့ ပြန်လည်မရေတွက်ချင်တော့ ဘူး.........

ကြယ်လေးတစ်စင်း


  1. ကြယ်တစ်စင်းလို ချိတ်ထားခဲ့ ...
    တကယ်လို့ များ တိမ်ကလေးတွေက
    မင်းနှလုံးသား ရှေ့ မှောက်ရောက်နေခဲ့ ရင်..
    အဲဒီတိမ်တွေရဲ့ နောက်မှာ
    ကြယ်တစ်စင်းရှိတယ်ဆိုတာမင်းယုံပါ...
    တနေ့ နေ့ တချိန်ချိန်
    ကောင်းကင်ကိုမော့ ကြည့် ဖြစ်ခဲ့ ရင်
    မျက်လုံးတွေနဲ့ မကြည့် ပဲ
    ရင်ဘတ်နဲ့ ကြည့် လိုက်ပါ။
    ငါ့ ရဲ့ .............................မင်းတွေ့ ရမှာပါ။

    ရေးသူ......အမည်မသိ။

အလုပ်ရုံ




  1. အလုပ်ရုံ အဝင်ဝမှာ.....
    ဘယ်သူလက်ကမြင်းထားပါလိမ့် 
    အသက်ပြင်းပြင်းရှူလျှင် ပိုက်ဆံဖြတ်မည်တဲ့ ။

    ကျုပ် ဒီအလုပ်ရုံဝင်မယ်လုပ်တော့ 
    အထုပ်ပြင်ပြီးထွက်လာတဲ့ လူတစ်ယောက်က
    စိတ်လေတဲ့ မျက်နှာထားနဲ့ 
    ...

    မိတ်ဆွေအလုပ်ဝင်မလို့ လားတဲ့ ။

    ကျုပ်ကိုမေးတယ်
    ကျုပ်..ခေါင်းငြိမ့် ပြတော့  (ထိုလူက)
    လောင်းရိပ်မိနေတဲ့ သစ်ပင်ကိုလက်ညှိုးထိုးပြရင်း..
    အဲဒီအပင်ဟာ ဘယ်တော့ မှ မကြီးထွားဘူး
    ခင်များကြီးပွားချင်ရင် ဒီအလုပ်ရုံမဝင်ပါနဲ့ 
    ကျုပ်အကောင်းပြောတာ သူတောင်းစားရဲ့ သနားတာခံချင်ရင်ခင်များသဘောပဲတဲ့ ။

    ပြီးတော့ ဆက်ပြောတယ်
    ခင်များအခြားအလုပ်ရုံပြောင်းလုပ
    ဒီရုံကမလိုအပ်တော့ တဲ့ အခါ မောင်းထုပ်တက်တယ်တယ်။

    ဒါပေမဲ့  ကျုပ်မယုံဘူး ကျုပ်မှ မကြုံသေးပဲကိုးးးးးးးးးး။

    ဒီလိုနဲ့ .........ဒီလိုနဲ့ ပါပဲ။

    ကျုပ်.......ဒီအလုပ်ရုံထဲလှမ်းလာတော့ 
    လမ်းပေါ်ကလူတချို့ ရဲ့  ပြောသံဆိုသံ
    ကြံဖန်ပြီးကြားလိုက်သေး
    (ဘာတဲ့ )ဒီအလုပ်ရုံရဲ့ ဖြတ်ပုံများ
    အရှက်တောင်လုံအောင်ဖုန်းထားရသတဲ့ ။



    မှတ်ချက်။ ။ထိုင်းနိုင်ငံမဲဆောက်မြို့ မှ အလုပ်ရုံတစ်ရုံတွင်ရေးသားဆန္ဒပြခဲ့ သောကဗျာ

ချစ်ခွင့် မရှိသောချစ်သူ


  1. ချစ်သူ
    မင်းအမှတ်တမဲ့ ကြည့် ယုံနဲ့ ငါ့ ရင်ကိုမြင်နိုင်မှာပါ။

    ကတိတွေမပေးခဲ့ လည်း.....သစ္စ္စာရှိနေမိတယ်
    ချစ်တယ်မပြောခဲ့ လည်း......သတိရနေချင်တယ်
    တိုင်ပင်ခွင့် မရှိလည်း.......တမ်းတနေပြန်တယ်
    တကယ်တော့  မင်းနဲ့ ငါဟာ
    ချစ်ခွင့် မရှိတဲ့  ချစ်သူတွေပါ။





    ရေးသူ။ ။အမည်မသိ