အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Tuesday, October 30, 2012

အိပ်ဆေး


  1. မွေးနေ့ တခုရဲ့ ကမ္ပားကို ကျွန်တော်ရောက်သွားတော့ 
    နောက်ကြနေတဲ့ အရင်လိုမှု့ တွေကသီကရီ
    အိပ်တန်းပြန်ငှက်တွေအုပ်ဖွဲ့ ပျံသန်းနေဆဲပဲ
    အိုကြီးအိုမ နေရောင်ခြည်ဟာ ဒီနေ့ အဖို့ သူပြန်မလာတော့ ဘူးတဲ့ လေ။
    နေဝင်စဒီလိုအချိန်မှာ ...ကျွန်တော်သူ့ ကိုသတိရမိတယ်။
    မြူနှင်းတွေဝေ...အေးစိမ့် နေတဲ့ ဆောင်းညတစ်ည(သို့ မဟုတ်)
    တိမ်ဆိုးမဲညစ်တွေမလာရ...လို့ ဆိုင်းဘုဒ်ချိတ်ဆွဲထားတဲ့ ညမှာ
    ကျွန်တော်သူ့ ကို အရမ်းတမ်းတမိတယ်။
    ပြန်မရနိုင်ေ
    တာ့ တဲ့ အချိန်ကာလနဲ့  အဖြစ်ပျက်

    အတိတ်ကိုပြန်လည်တွေးတောရင်း
    ဒီလိုညတွေဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ ရတယ်
    တနေရာရာမှာလင်းလတ်နေမဲ့  နေမင်းရဲ့ သက်ပြင်းချသံကြားတိုင်း
    အော်........မိုးတစ်မိုးလင်းပြန်ပြီဆိုတာသိခဲ့ ရတယ်
    အိပ်မပျော်တဲ့ ညတွေမှာ အိပ်ဆေးကိုအလွန်မင်းတမ်းတမိတဲ့ 
    ညတွေကိုတော့ ပြန်လည်မရေတွက်ချင်တော့ ဘူး.........

ကြယ်လေးတစ်စင်း


  1. ကြယ်တစ်စင်းလို ချိတ်ထားခဲ့ ...
    တကယ်လို့ များ တိမ်ကလေးတွေက
    မင်းနှလုံးသား ရှေ့ မှောက်ရောက်နေခဲ့ ရင်..
    အဲဒီတိမ်တွေရဲ့ နောက်မှာ
    ကြယ်တစ်စင်းရှိတယ်ဆိုတာမင်းယုံပါ...
    တနေ့ နေ့ တချိန်ချိန်
    ကောင်းကင်ကိုမော့ ကြည့် ဖြစ်ခဲ့ ရင်
    မျက်လုံးတွေနဲ့ မကြည့် ပဲ
    ရင်ဘတ်နဲ့ ကြည့် လိုက်ပါ။
    ငါ့ ရဲ့ .............................မင်းတွေ့ ရမှာပါ။

    ရေးသူ......အမည်မသိ။

အလုပ်ရုံ




  1. အလုပ်ရုံ အဝင်ဝမှာ.....
    ဘယ်သူလက်ကမြင်းထားပါလိမ့် 
    အသက်ပြင်းပြင်းရှူလျှင် ပိုက်ဆံဖြတ်မည်တဲ့ ။

    ကျုပ် ဒီအလုပ်ရုံဝင်မယ်လုပ်တော့ 
    အထုပ်ပြင်ပြီးထွက်လာတဲ့ လူတစ်ယောက်က
    စိတ်လေတဲ့ မျက်နှာထားနဲ့ 
    ...

    မိတ်ဆွေအလုပ်ဝင်မလို့ လားတဲ့ ။

    ကျုပ်ကိုမေးတယ်
    ကျုပ်..ခေါင်းငြိမ့် ပြတော့  (ထိုလူက)
    လောင်းရိပ်မိနေတဲ့ သစ်ပင်ကိုလက်ညှိုးထိုးပြရင်း..
    အဲဒီအပင်ဟာ ဘယ်တော့ မှ မကြီးထွားဘူး
    ခင်များကြီးပွားချင်ရင် ဒီအလုပ်ရုံမဝင်ပါနဲ့ 
    ကျုပ်အကောင်းပြောတာ သူတောင်းစားရဲ့ သနားတာခံချင်ရင်ခင်များသဘောပဲတဲ့ ။

    ပြီးတော့ ဆက်ပြောတယ်
    ခင်များအခြားအလုပ်ရုံပြောင်းလုပ
    ဒီရုံကမလိုအပ်တော့ တဲ့ အခါ မောင်းထုပ်တက်တယ်တယ်။

    ဒါပေမဲ့  ကျုပ်မယုံဘူး ကျုပ်မှ မကြုံသေးပဲကိုးးးးးးးးးး။

    ဒီလိုနဲ့ .........ဒီလိုနဲ့ ပါပဲ။

    ကျုပ်.......ဒီအလုပ်ရုံထဲလှမ်းလာတော့ 
    လမ်းပေါ်ကလူတချို့ ရဲ့  ပြောသံဆိုသံ
    ကြံဖန်ပြီးကြားလိုက်သေး
    (ဘာတဲ့ )ဒီအလုပ်ရုံရဲ့ ဖြတ်ပုံများ
    အရှက်တောင်လုံအောင်ဖုန်းထားရသတဲ့ ။



    မှတ်ချက်။ ။ထိုင်းနိုင်ငံမဲဆောက်မြို့ မှ အလုပ်ရုံတစ်ရုံတွင်ရေးသားဆန္ဒပြခဲ့ သောကဗျာ

ချစ်ခွင့် မရှိသောချစ်သူ


  1. ချစ်သူ
    မင်းအမှတ်တမဲ့ ကြည့် ယုံနဲ့ ငါ့ ရင်ကိုမြင်နိုင်မှာပါ။

    ကတိတွေမပေးခဲ့ လည်း.....သစ္စ္စာရှိနေမိတယ်
    ချစ်တယ်မပြောခဲ့ လည်း......သတိရနေချင်တယ်
    တိုင်ပင်ခွင့် မရှိလည်း.......တမ်းတနေပြန်တယ်
    တကယ်တော့  မင်းနဲ့ ငါဟာ
    ချစ်ခွင့် မရှိတဲ့  ချစ်သူတွေပါ။





    ရေးသူ။ ။အမည်မသိ

Thursday, October 25, 2012

အဖြည့် ခံ



ထားသွားခဲ့ ပါ..သူငယ်ချင်းရယ်.........
အဖြူရောင်လွင်ပြင်ဆိုတာ....
တန်ဖိုးထားသူအတွက်ပဲ...တန်ဖိုးရှိတာပါ...
နင်...လိုအပ်တာ..
ငါမဟုတ်တော့ ဘူးဆိုတာသိမှတော့ ...
ငါ....နောက်ဆုတ်ကျန်ရစ်နေယုံပေါ့ ..................................


ထားသွားခဲ့ ပါ......သူငယ်ချင်းရယ်.....
နင်ပျော်ရွှင်ဖို့ အတွက်...ငါဘာမဆိုပေးဆပ်ရဲသူပါ....
ငါ့ ကိုငဲ့ မကြည့် ပါနဲ့ .............
နင်လိုအပ်သလောက်ထိ...
နင့် နားမှာ ငါရှင်သန်ခွင့်  ရခဲ့ ပြီးပြီပဲ....
ငါကျေနပ်ပါတယ်လေ..............


ထားသွားခဲ့ ပါသူငယ်ချင်းရယ်............
အခုချိန်ထိ...
နင်နဲ့ ..အလှမ်းမဝေးသေးတဲ့  နေရာမှာရှိနေတယ်ဆိုတာလဲ...
နင့် ကိုအနှောက်ယှက်ပေးဖို့ မဟုတ်ပါဘူး......
နင်လိုအပ်တဲ့ အခါ အဆင်သင့် ဖြစ်ချင်လို့ ပါ....



ထားသွားခဲ့ ပါသူငယ်ချင်းရယ်...........
ငါ့ အနားမှာ....နင်မရှိတော့ ဘူးဆိုတဲ့ အသိနဲ့ .....
ငါ...ဘယ်လိုဖြစ်ကျန်ရစ်ခဲ့ မယ်ဆိုတာ....
နင်သိဖို့ ...မလိုတော့ ပါဘူး.......... ...................................................................... ................................ ဒါပေမဲ့ .........သူငယ်ချင်းရယ်.......
နင်နဲ့ အဝေးဆုံးတနေရာကို...မသွားနိုင်သေးတာ...
ငါ့ ကို...ခွင့် လွှတ်ပါ...........
နင်ပြန်လည်လိုအပ်လာတဲ့ အခါ........
နင့် ကိုဖေးမကူညီခွင့် ရဖို့ ...
နောက်တစ်ကြိမ် နွေဦးအတွက်.....
အိပ်မက်တွေ....မက်ချင်သေးတယ်လေ....................................








                                                                                                         ရင်ဘတ်

Sunday, October 21, 2012

ညီမလေး


ညီမလေးဈေးကောင်းရပါစေ 

Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry
ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

Sorry
ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(
ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

Sorry
ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... )
နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .

ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(
ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

Sorry
ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

Sorry
ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

Sorry
ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

Sorry
ပါ ညီမလေးတို့ရေ ...




    မှတ်ချက်။       ။မူရင်းကဗျာဆရာအားမမှတ်မိတော့ ပါ။ ကဗျာလေးအား  ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်မျှဝေလိုက်ပါသည်။ကဗျာဆရာနှင့် တကွ ကဗျာဖတ်ရှု့ သူများအား  အထူးကျေးဇူးတင်လျှက်.....





                                            အဖြူရောင်အိမ်ငယ်လေး

Monday, October 8, 2012

facebook guide

ဖေ့ ဘုတ်သုံးသူများအတွက်  ဖေ့ ဘုတ်ရဲ့ လုပ်ဆောင်ချက်တွေ အသေးစိပ်ရေးထားတဲ့ စာအုပ်လေးပါ လိုချင်ရင်ဒေါင်းသွားဗျို့ ။


ဒီမှာ ဒေါင်းပါ။

Sunday, October 7, 2012

tryping game

အားလုံးပဲမင်္ဂလာပါ။  သူငယ်ချင်းတယောက်ကတောင်းထားလို့  ကီဘုတ်အမြန်ရိုက်နိုင်အောင်လေ့ ကျင့် ဂိမ်းလေးပါ။လိုချင်သူတွေရှိရင် ယူနိုင်အောင် ရှာတင်ပေးလိုက်ပါတယ်။



ဒီမှာ ဒေါင်းပါ။

ဂိမ်းဝါသနာရှင်များအတွက် 3d poolဂိမ်းအလန်းလေးပါ

ဒီမှာ ဒေါင်းပါ။

photoshop သမားများအတွက်ဆော့ ဝဲများ


photoshopဝါသနာရှင်များအတွက်  ဆော့ ဝဲလေးတခုတင်ပေးလိုက်ပါတယ်။

၁။photoshop

၂။photoshop


ကြိုက်တာယူသွားပါ။

Saturday, October 6, 2012

ဘလော့ ပြုလုပ်နည်း



အားလုံးပဲ မင်္ဂလာပါခင်မျာ။ ကျွန်တော့ လိုမျိုး ကိုယ်ပိုင်ဘလော့ ပြုလုပ်ချင်သူများအတွက် ကျွန်တော်နားလည်သလိုသင်ပြလိုက်ပါတယ်။မသိသေးသူများအတွက်ပါ။သိပြီးသူများခွင့် လွှတ်ကြပါ။
ကျွန်တော်ဆရာလုပ်တာမဟုတ်ပါဘူး  ဆရာလုပ်လောက်တဲ့ အရည်ချင်းလည်းကျွန်တော့် မှာမရှိပါဘူး
ကိုယ့် လောက်မတက်သေးသူကိုမျှဝေတဲ့ သဘောပါ။အားလုံးပဲအဆင်ပြေကြပါစေ။အောက်မှာ

ပုံနဲတကွရှင်းပြထားပါတယ်။

   www.blogger.com       (သို့ မဟုတ်)              ဒီနေရာ ကိုနှိပ်ပါ။

အောက်ပါအတိုင်းပေါ်လာပါလိမ့် မည်။



အောက်ပါအတိုင်းထက်ပေါ်လာပါလိမ့် မယ်
အောက်တွင်ထက်ကြည့် ပါ။



ပြီးရင်okနှိပ်လိုက်ပါ ။ဒါဆိုရင်ဘလော့ တခုရပါပြီ။နားမလည်တာရှိရင်(သို့ မဟုတ်)ဘလော့ နဲ့ ပတ်သက်လို့ 
လိုအပ်တာရှိရင် ပြောသွားနိုင်ပါတယ်။ကျွန်တော်သိသလောက် ပြောပြပါ့ မယ်ခင်မျာ။


Wednesday, October 3, 2012

သီချင်းစာအုပ်များ



သူငယ်ချင်းတို့ အတွက်  
မြန်မာသီချင်းစာအုပ်တွေ တော်တော်စုံပါတယ်လိုချင်ရင်
သွားလိုက်ပါ။

သီချင်းစာအုပ်များ  ကိုနှိပ်ပါ။

သူငယ်ချင်းတို့ အတွက် မိမိဓါတ်ပုံကို ဒီဇိုင်းလှလှလေးလုပ်ချင်ရင်

11jry-3pg
Azd3-2zh
Cks7-1gc
သူငယ်ချင်းတို့ အတွက် မိမိဓါတ်ပုံကို ဒီဇိုင်းလှလှလေးလုပ်ချင်ရင်
ဒီဇိုင်းမျိုးစုံပါတဲ့ နေရာလေးတခုလမ်းညွှန်လိုက်ပါတယ် ။

ဒီမှာဗျို့ 

Monday, October 1, 2012

မြန်မာရုပ်ရှင်

ကွန်နရှင်မကောင်းပါသဖြင့်   အက်(ပ်)ဒိတ်မတင်နိုင်သောကြောင့်   မြန်မာရုပ်ရှင်ဆိုဒ်များဖြင့်   လင့် ခ် ချိတ်ပေးလိုက်ပါတယ်။သွားရောက်ကြည့် ရှု့ ကြပါ။အားလုံးအဆင်ပြေကြပါစေ။

၁။            ရွှေအိုး
၂။            ဘားမစ်ကလပ်စီ(စ်)
၃။            ရွှေအိပ်မက်