အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Thursday, January 23, 2014
pattern lock မေ့ ပြီးပြန်ဖွင့် မရသူများအတွက်
ဒီ ပို့ (စ်)ကိုဖတ်ပြီး ကျွမ်းကျင်သူများအတွက် ရယ်စရာဖြစ်နေပေမဲ့  တကယ်မသိသေးသူအတွက်တော့  အသုံးတည့် မယ်ထင်ပါတယ်။
samsung / sony/oppo အစရှိသည့် ဖုန်းနဲ့ ပါတ်သက်ပြီး နီးစပ်ရာသူငယ်ချင်းတွေ က အမျိုးမျိုး အကူညီတောင်းကြတယ်။တကယ်တော့  ကျွန်တော်လည်းဘာမှမတက်ပါ ။အဲဒီဖုန်းတွေလည်း ကျွန်တော်တစ်ခါမှ မကိုင်ဘူးပါ။သို့ သော်လည်း  ကျွန်တော် ရန်းသန်းကလိရင်းအဆင်ပြေတာလေးတွေရှိတော့  အကူညီတောင်းကြခြင်းဖြစ်သည်။အကယ်၍အဆင်မပြေမှု့ လေးတွေဖြစ်သော်လည်း ကျွန်တော်သည်
အခကြေးငွေမယူပဲ(ကွမ်းတစ်ရာ ဆေးလိပ်တစ်လိပ်တောင်မယူပါ)ကူညီတာဖြစ်သောကြောင့် 
သူငယ်ချင်းများက နားလည်ပေးကြပါသည်။
အခုလည်း pattern lock မေ့ ပြီးပြန်ဖွင့် မရလို့ ဆိုပြီး သူငယ်ချင်းတစ်ယောက်က အကူညီတောင်းတယ်
 ဆိုင်မှာ သွားပြတော့  500(ထိုင်းငွေ) ပေးရမယ်လို့ ပြောတယ်။တခြားနားလည်တဲ့ သူတွေ(မြန်မာ)သွားပြတော့ 300 (ထိုင်းငွေ) တောင်းတယ်။အဲဒါနဲ့ သူငယ်ချင်းက ကျွန်တော့် ကို လာပြတယ်။ ကျွန်တော်လည်းလုပ်မတက်ဘူး။ ဒါနဲ့  လုပ်ပုံလုပ်နည်းကို google မှာလိုက်ရှာတော့ မြန်မာ ဝက်(ပ်)ဆိုက်တွေ အများကြီးတွေ့ ပါတယ်။ ရေးထားတာလည်းအရမ်းပြည့် စုံကောင်းကြပါတယ်။ ဒါပေမဲ့ 
(ကျွန်တော့် ရဲ့ ညံ့ ဖျဉ်းမှု့ ကြောင့် ) ကျွန်တော်နားမလည်ပါ။ အဲဒါနဲ့  youtube က video file ကို လိုက်ရှာ
ပြီးလုပ်မှ အဆင်ပြေသွားပါတယ်။  အကယ်၍ ဤသို့ အရေးကြုံပါက အသုံးပြုနိုင်ရန် လင့် ခ်ပေးလိုက်ပါ
တယ် ။            
                             ဤနေရာကို နှိပ်ပါ
တော်ရာတန်ရာ
နိုင်ငံရေးဆိုတာ နားလည်လောက်အောင်ထိ  ကျွန်တော်အတွေးခေါ်လိုက်မမှီပါဘူး
facebook စာမျက်နှာတွေနဲ့   သတင်းစာမျက်နှာ တချို့ တွေမှာတော့  နိုင်ငံရေးအကြောင်းတွေ
ပလူပျံအောင်းရေးထားတာတွေ တွေ့ ရပါတယ်။  အဲဒီထဲမှာ ဟိုလူက ဒီလူမကောင်းပြော ဒီလူက
ဟိုလူ မကောင်းပြော နဲ့  ဒါတွေကိုဖတ်မိတော့ ကလေးအတွေးနဲ့  ကျွန်တော်တခုတွေးမိတယ်
(နိုင်ငံရေးဆိုတာ ဟိုဘက်ဒီဘက် မကောင်းလှည့် ပြောနေတာများလားလို့  )
  လိုချင်တာတောင်းဆို မိမိစိတ်ကြိုက်မတွေ့ တာအခါ  အဲဒီလူဟာ မကောင်းဖြစ်လိုက် စိတ်ကြိုက်တွေ့ 
တဲ့ လူက ကောင်းတယ်လို့ ပြောကြပြန်ရော။
ကျွန်တော်မှာလည်းလိုအပ်ချက်တွေ အများကြီး  ကျွန်တော်လည်းသူမျာတွေလို တောင်းဆိုကြည့် 
ဖို့ စိတ်ကူးမိတယ်  ဒါပေမဲ့   ကိုယ်ကရော သူများလိုအပ်ချက်ကို ဘယ်နှစ်ခါများလုပ်ပေးဖူးလည်း
ငယ်ငယ်က အဖြစ်ပျက်လေးတစ်ခုကို သတိရမိတယ် (ဆိုင်မဆိုင်တော့ မသိပါ)
ကျွန်တော်အသက် ၆ နှစ်အရွယ်က  ကျွန်တော်အဖိုးဝတ်တဲ့  တိုက်ထွပ် လို့ ခေါ်တဲ့  (ဝက်ဝံတံဆိပ်)
ပုဆိုးကို ကျွန်တော်ဝတ်ချင်တယ်။ပုဆိုးက အကြီးကြီးနဲ့  လျှော်ကျိကျိ။အဲဒါကို ကျွန်တော်က သဘောကြတာ။
ဒါပေမဲ့  အမေက ပေးမဝတ်ဘူး  ဘောင်းဘီတိုပဲပေးဝတ်တယ်။ကျွန်တော် ငိုတော့ အမေကပြောတယ်။
"သား.....အဲဒီပုဆိုးက အခုသားနဲ့ မတန်သေးဘူး...သားကြီးလာမှ ဝတ်ရမယ်..."တဲ့  တကယ်တော့  ကိုယ်လိုချင်တဲ့ အရာကို ကိုယ်နဲ့ သင့် တော်တဲ့ အချိန်ထိ စိတ်ရှည်ရှည်စောင့် ဖို့ လိုပါတယ်။
အတင်းဝတ်ချင်နေလို့ မရနိုင်ပါ ။
                                     ရင်ဘတ်(ကလေးအတွေး)