အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Thursday, May 15, 2014

Android Application ရေးသားနည်း

Android Application ရေးသားနည်း အပိုင်း (၁)


    Android ဆိုရင်..လူတိုင်းစိတ်ဝင်စားကြပါတယ်။ IOS နဲ့ ယှဉ်လိုက်ရင်.. Android က...free ရတာများပါတယ်။ Open Source ဖြစ်တဲ့အတွက်..စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Android

application ရေးသားနည်းကို..အပြင်မှာဆိုရင်.. သိန်းချီပေးပြီး..သင်တန်းတွေတတ်နိုင်ပါတယ်။ ဒါပေမဲ့.. မတတ်နိုင်တဲ့သူတွေအတွက်.. သိသလောက်ကို..ဝေမျှလိုက်ပါတယ်။ ညီမလည်း..စာအုပ်တွေပဲဖတ်ပြီး..လေ့လာနေတဲ့သူတစ်ယောက်ပါ။ Android Application ရေးနည်းမပြောခင်..အရင်ဆုံး Android အကြောင်းကို..မိတ်ဆက်ပေးချင်ပါတယ်။
Android ဆိုတာဘာလဲ
    Android ဆိုတာ..ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများအတွက်... ဦးတည်ပြီး ဒီဇိုင်းထုတ်လုပ်ထားသော ၊ အများနားလည်လွယ်ပြီး..မည်သူမဆိုယူသုံးနိုင်သည့်.. Open Source Platform တစ်ခုပါ။ Android ကို Google မှပြည့်စုံသည့်အဆင့်ရောက်အောင်.. မွမ်းမံပြီး.. Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။ OHA ၏ရည်ရွယ်ချက်က.
. wireless device များကို..ပိုမိုဆန်းသစ်ရန်နှင့်.. အသုံးပြုသူများအား..ပိုမိုစုံလင်ပြီးဈေးသက်သာသည့်.. wireless device များဖန်တီးပေးရန်ဖြစ်ပါတယ်။ Android သည် Linux ပေါ်တွင်..အခြေခံထားပါသည်။ Linux ပေါ်တွင်အခြေခံရခြင်းမှာ.. ပေါ့ပါးခြင်း ၊ portability ၊ လုံခြုံခြင်း security နှင့် features စုံလင်မှုတို့ကြောင့်ပါ ။

Android Application ရေးသားနည်း (အပိုင်း ၂)

   Android

Application ရေးသားဖို့အတွက်.. Software ၃ မျိုးလိုပါတယ်။
1. Java SE SDK
2. Android SDK
3. Eclipse IDE

     Java SE SDK Installation
- ပထမဦးစွာ.. Java SE SDK က..မိမိကွန်ပျူတာထဲတွင်ရှိမရှိကို..စစ်ဆေးရပါမယ်။
- Run > cmd ဖွင့်ပြီး java လို့ရိုက်လိုက်ပါ။ ရှိရင်တော့.. Java ရဲ့ version အကြောင်းကျလာပါလိမ့်မယ်။
- " java is not recognized as an internal or external command " ဆိုရင်တော့မရှိလို့ပါ။
- Java SE SDK မရှိရင်.. ဒီနေရာမှာဒေါင်းပါ
- download ဆွဲလို့ရလာရင်..အဆင့်ဆင့် run ပါမယ်။ Next တို့ Finish တို့နှိပ်ရုံပါပဲ။
သိပ်မခက်လို့.. run ပုံ run နည်းကို..မရှင်းပြတော့ပါဘူး..။ ^_^



     Android SDK Intallation
     Android SDK သည် Android Platform ပေါ်တွင်... Application များရေးသားလိုသူ Developer များအတွက်..အလွန်အသုံးဝင်သော.. software ဖြစ်ပါတယ်။ Android SDK တွင် နမူနာ project များ ၊ Source Code များ ၊ Development Tool များ ၊ Emulator ခေါ် window ပေါ်တွင် Android ဖုန်းကဲ့သို့အသုံးပြုနိုင်သည့်..ဖုန်းပုံစံငယ် နှင့် Android Application များတည်ဆောက်ရန်အတွက်.. လိုအပ်သော Libraries များပါဝင်ပါတယ်။ Java SE SDK ကို install မလုပ်ထားပါက.. Android SDk ကို install လုပ်ချိန်တွင်.. Warning Message နှင့် Error Message များကို..တွေ့ရတတ်ပါတယ်။ Java SE SDK ကို install လုပ်ပြီးမှ.. Android SDK ကို install လုပ်ဖို့အကြံပေးချင်ပါတယ်။

- Android SDK ကို ဒီမှာဒေါင်းပါ
- ရလာရင် double click နှိပ်ပြီး run လိုက်ပါ။
- Welcome to the Android SDK Tools Setup Wizard လို့ပေါ်လာရင် Next ကိုနှိပ်ပါ။
- Choose User နေရာမှာ.. ကြိုက်တာပေးပါ။
- Choose Install Location နေရာမှာ C:\User\user\AppData\Local\Android\android-sdk လို့ပေးပြီး Next ကိုနှိပ်လိုက်ပါ။
- Install > Next > Finish ဆိုရင် Android SDK ကို.. install လုပ်ပြီးပါပြီ။