အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Monday, September 24, 2012
အိပ်မက် တမ်းချင်း
ညီမလေးရယ်.............
မလှုတ်နှိုးလိုက်ပါနဲ့ ....
ငါဟာ..အိပ်မက်ထဲမှာပဲ..ရှင်သန်ခွင့် ရခဲ့ တာပါ..... အဲဒီနေက..အပြင်မှာ..မိုးတွေအရမ်းရွာတယ်လေ...
ငါ့ ရင်ဘတ်တွေ..နွေးထွေးဖို့ ..
အိပ်မက်ထဲကို..ခိုးဝင်ခဲ့ မိတယ်....... (ငါ့ ကိုခွင့် လွှတ်ပါနော်) တကယ်မဟုတ်မှန်းသိပေမဲ့ ....
ငါဟာ...အိပ်မက်ကိုအသက်သွင်းမိသူ.....
ညီမလေးရေ..မင်းသိမှာမဟုတ်ပါဘူး...
မနက်မိုးလင်းမှာတောင်...စိုးရိမ်နေခဲ့ ပြီလေ...
နင်ထွက်သွားမဲ့  မနက်ဖြန်အတွက်... ငါကြောက်လှပါတယ်ဟာ......
သေချာထုတ်ပိုးထားတဲ့ ...ငါ့ အိပ်မက်တွေ မပျောက်ဆုံးဖို့ ..
. အကြိမ်ကြိမ်ဆုတောင်းခဲ့ ပေမဲ့ ...
အမှောင်တွေ...ရေတိမ်နစ်တဲ့ ညမှာပဲ..
နတ်ဆိုးတစ်ကောင်ရဲ့ တောင်ပံခတ်သံအောက်မှာ...
ငါ့ အိပ်မက်တွေ...ပျောက်ဆုံးခဲ့ ရတယ်.....
ညီမလေးရယ်.... မင်းဘာလိုခိုးသွားခဲ့ ရတာလဲ....
ငါ့ ကိုပြန်ပေးပါ
အခုနေ...အပြင်မှာမိုးတွေအရမ်းရွာနေတယ်လေ.......
ရင်ဘတ်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးပြု၍ဝေဖန်အကြံပြုစာများရေးခဲ့ ပေးပါရန်
အဖြူရောင်အိမ်ငယ်လေးမှအထူးကျေးဇူးတင်ရှိပါသည်။