အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Sunday, September 21, 2014

ချိုချဉ် - ဦးဘုန်းဓါတု ( တာချီလိတ် စာပေဟောပြောပွဲ ) ၂၀၁၄

အရပ်ကောင်းမှ အလောင်းလှမယ် ဦးဘုန်း ( ဓါတု )

မထင်မရှားမွေးလာကြသူများ- ဦးဘုန်း (ဓါတု)

မူကြိုဆရာမ ဆရာ ဦးဘုန်း(ဓာတု)

တစ်ခါတစ်ရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကို ကိုယ်မသိကြ။
ကိုယ့်နေရာကို ကိုယ်တန်ဖိုးမထားကြ။ကိုယ့်တာဝန်ကို ကိုယ်မသိကြ။
တောင်ငူမြို့သို့ စာပေဟောပြောပွဲ သွားရောက်ခဲ့ရသည်။အမေ့အိမ်ဟိုတယ်တွင် နေရာချထားပေးသည်။အိပ်ခန်းထဲတွင် ရှိသော စလောင်းတီဗွီမှ အင်တာဗျူးတစ်ခုလာနေသည်။၎င်းအင်တာဗျူးကို စိတ်ဝင်တစားနားထောင်မိခဲ့သည်။ သဘောကျသည်။
၎င်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှု အရုပ်များတွင် ကလေးငယ်များဆော့ကစားနေသည်ကို တွေ့နေရသည်။
”ဆရာမ တာဝန်ထမ်းတာကြာပြီလား”
”၃ နှစ်လောက် ရှိပြီ”
”ဘာတာဝန် ယူရသလဲ”
”ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ယူရတယ်”
”နည်းနည်းလေး ဒီထက်ပိုပြီး ရှင်းပြလို့ရမလား”
”ကလေးဆိုတာ ချစ်စရာကောင်းတယ်။အားကိုးစရာကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်ရှင့်။”