အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Sunday, September 16, 2012

တရားတော်များ

ဆရာတော် ဦးဥာဏိဿရ

သီချင်းစာအုပ်များ

အမည်များနှိပ်၍ဒေါင်းနိုင်ပါသည်။

အင်္ဂလိပ်မြန်မာအဘိဓါန်


အင်္ဂလိပ် - မြန်မာ အဘိဓာန် Software

သူငယ်ချင်းတို့ အသုံးလိုရင်  ယူသွားကြပေါ့ 
အရမ်းကောင်းတဲ့ ဆော့ ဝဲလေးပါ
အင်္ဂလိပ်ကနေမြန်မာ=မြန်မာကနေ အင်္ဂလိပ် အပြန်လန်သုံးလို့ ရတဲ့ ဆော့ ဝဲလေးပါ
ဖေါင့် အနေနဲ့ ၃ခုပေးထားပါတယ်
zawgyi-one
myanmar3
ayar burmese
အဆင်ပြေမဲ့ ဖောင့် နဲ့ သုံးလို့ ရပါတယ်
ကြိုက်ရင် အောက်မှာဒေါင်းသွားပါ.........(ကွန်မန့် လေးတော့ ထားခဲ့ ပါ  ကျေးဇူးအထူးတင်ပါသည်။)

အဖြူရောင်အိမ်ငယ်လေး  ကိုနှိပ်၍ဒေါင်းပါ။

window7

window7ဝင်းဒိုးတင်နည်းစာအုပ်လေးပါ(မြန်မာ)
သူငယ်ချင်းတို့ လိုချင်ရင်အောက်မှာဒေါင်းသွားပါ
ကျေးဇူးပြု၍ ကွန်မန့် လေးပေးခဲပါရန်။





အဖြူရောင်အိမ်ငယ်လေး ကိုနှိပ်၍ဒေါင်းပါ

networkအသုံးပြုနည်း

ဆရာမျိုးသူရ ရေးထားတဲ့ networkအသုံးပြုနည်းစာအုပ်လေးပါ
လိုချင်ရင်အောက်မှာဒေါင်းသွားကြပါဗျို့ 




အဖြူရောင်အိမ်ငယ်လေး     ကိုနှိပ်၍ဒေါင်းပါ။

video အပိုင်းလေးများဆက်ရန်

ီဗွီဒီယို အပိုင်းလေးများဆက်တဲ့    ဆော့ ဝဲလေးပါ
   သူငယ်ချင်းတို့   အသုံးတည့် မယ်ဆို  အောက်မှာဒေါင်းယူသွားပါ

အဖြူရောင်အိမ်ငယ်လေး   ကိုနှိပ်၍ဒေါင်းပါ။အားလုံးအဆင်ပြေပါစေ။

vzo အလန်းလေး

သူငယ်ချင်းတို့ မင်္ဂလာပါခင်မျာ.......
      မြန်မာဘာသာနဲ့ ရေးထားတဲ့    vzo ဆော့ ဝဲ လေးတွေ့ လို့   တင်ပေးလိုက်ပါတယ်  အားလုံးအဆင်ပြေကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းပေးပါတယ်
လိုချင်ရင်တော့   အောက်မှာဒေါင်းယူသွားပါခင်မျာ။


အဖြူရောင်အိမ်ငယ်လေး    ကိုနှိပ်၍ဒေါင်းပါ။

usb stick ကိုအဆင့် တိုးမြင့် ခြင်း


1 GB USB Stick ကို 2 GB အဆင့်တိုး နည်း


 

1GB ပမာဏပဲပါလာတဲ့..Mp3,4,SD Card,Memory Stick,Memory Card တွေကို 2GB ပမာဏ ဖြစ်အောင် ပြောင်းလဲပေးတဲ့ Software လေးပါ။

သူ့ကို 1GB ရှိတဲ့ Card တွေမှာဘဲ 2GB အထိတိုးအောင် အသုံးပြု လို့ရမှာပါ။ Software အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Card ထဲမှာရှိတဲ့ Data တွေအကုန်လုံးကို အခြား နေရာတစ် ခုခုပေါ်သို့ကော်ပီကူးလိုက်ပါ။

့ ဒီ Software က Card တစ်ခုလုံးကို Format ရိုက်လိုက်မှာဖြစ်ပါတယ်။ ဖောမတ်ချပြီးရင် Card ကို စက်မှ ထုတ်ခိုင်းပါမယ်။ Card ကို ဖြုတ်ပြီး ပြန်ထည့်လိုက် ပါ။ ပြီးရင် 2GB ဖြစ်နေတာကို တွေ့ရပါမယ်ခင်ဗျာ။

1GB ပဲရှိတဲ့ Memory Stick တွေကိုပဲရမှာ





From...............

http://globalmcf.ning.com/ 


Tvuplayer2.5.3.1

အင်တာနက်ကနေ  tv  လိုင်းချိတ်တဲ့ ဆော့ ဝဲလေးပါ   သူငယ်ချင်းတို့ အတွက်မျှဝေလိုက်ပါတယ်


မြန်မာပြည်ကနေလွှင့်နေတဲ့ SKY NET TV  ကို တိုက်ရိုက်ကြည့်ဖို့အတွက် software  လေး တစ်ခုပါ..
mediafile  နဲ့ တင်ပေးလိုက်ပါတယ်...ဘာမှထွေထွေထူးထူးလုပ်နေစရာမလိုပါဘူး..software  ကို run  လိုက်တာနဲ့ sky net line  ကို ရှာပြီး ကြည့်နိုင်သလို တခြားနိုင်ငံတွေက လွှင့်တဲ့ T V  လိုင်းတွေကိုလည်းဖမ်းယူကြည့်နိုင်တဲ့ software  ကောင်းလေး တစ်ခုပါ..

Photobucket
Photobucket

window7အသုံးပြုနည်း


မျိုးသူရရေးသားထားတဲ့ windows7  အသုံးပြုနည်း စာအုပ်ပါ..အသုံးဝင်မယ်ထင်ပါတယ်..

Photobucket
Photobucket

ကွန်ပြူတာလေးစေသောwindow logs များရှင်းနည်း "လွင်မင်းဗိုလ်(နည်းပညာ)ဘလော့ "မှ


Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..






ဓါတ်ပုံများ ဖြတ်/ဆက်ခြင်း


Photo Effect - Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း



ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..
အရင်ဆုံး  Photoshop ရဲ့ File >> Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံကိုယူလိုက်ပါ..။ အောက်မှာတော့ ကျနော်က အဆင်ပြေမယ်ထင်တဲ့ ပုံနှစ်ပုံကို တခါတည်း ရွေးယူလိုက်ပါတယ်..






အပေါ်ပုံအတိုင်း ပုံတွေရောက်လာပြီိဆိုရင် ဖြတ်ရလွယ်တဲ့ 1 နေရာက Pen Tool (P) နဲ့ ဖြတ်ပါမယ်.. အောက်ပုံအတိုင်း နံပါတ်စဉ်လိုက် ကြည့်သွားလိုက်ပါ.. ဒီနေရာမှာ တခုမှာချင်တာက ပုံတွေကို ဖြတ်တော့မယ်ဆိုရင် မိမိတို့ ဖြတ်မယ့်ပုံကို ကီးဘုတ်က Ctrl+(+) နဲ့ ပုံကြီးဆွဲချဲ့ပြီးမှ ဖြတ်ပါ.. ပုံကြီးချဲ့ပြီး ဖြတ်တဲ့အတွက် ပုံရဲ့အနားစတွေ ညီနေမှာဖြစ်ပါတယ်.. အောက်ပုံမှာဆက်ကြည့်ပါ..



ဖြတ်ပြီးရင်တော့ ပုံနှစ်ပုံကို ယှဉ်ထားပါ.. ဖြတ်ထားတဲ့ပုံကို Move Tool နဲ့ တခြားပုံပေါ်သို့ ဒရော့ဆွဲ ထည့်လိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်ပါ..


အပေါ်ပုံအတိုင်း တခြားပုံပေါ်သို့ ရောက်သွားပြီဆိုရင်.. အောက်ပုံအတိုင်း  ဆက်လုပ်ပါ..





ကီးဘုတ်မှ Enter ခေါက်ပြီးရင် အောက်ပုံအတိုင်းမြင်ရပါပြီ.. ပြီးရင်တော့ ပုံနှစ်ခုဆက်တဲ့နေရာဖြစ်တဲ့ လည်ပင်းနေရာကို Eraser Tool ဖြင့် ညီအောင် ဖြည်းဖြည်းချင်း ပွတ်တိုက်၍ ဖျက်ပေးပါ.. 


အောက်ပုံအတိုင်း Eraser Tool ကလစ်ပြီးရင် သူနဲ့ သက်ဆိုင်တဲ့ တူးများကို လိုက်ချိန်ပေးပါ.. ဒီနေရာမှာ ကျနော်ပြတဲ့အတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး.. မိမိတို့ ပုံနဲ့ အဆင်ပြေမယ့်  Brush Size , နဲ့ Opacity  ကို အဆင်ပြေသလို ချိန်ယူပါ.. အဓိက,က ပုံကြည့်ကောင်းဖို့ လိုပါတယ်.. ကျနော်လုပ်ပြတဲ့ ပုံကလည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းလိမ့်မယ်.. ဒီနေရာမှာ အခြေခံ တတ်ဖို့ကိုသာ အဓိကထားတဲ့အတွက် ကျနော်လုပ်ပြတဲ့ပုံ ကြည့်မကောင်းခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်.. အောက်ပုံတွေအတိုင်း ဆက်ကြည့်ပါဗျာ..



အပေါ်ပုံအတိုင်းဆိုရင် ကြည့်လို့ အဆင်ပြေလောက်ပြီထင်ပါတယ်.. အောက်ပုံကတော့ ခေါင်းကို ရှေ့နည်းနည်းငိုက်ပေးလိုက်တ်ာပါ.. Ctrl+T နဲ့ ဘောင်ပေါ်လာရင် မောက်စ်ဖြင့် ထောင့်လေးတွေကို ထောက်ပြီး.. လှည့်ပေးနိုင်ပါတယ်.. စိတ်ကြိုက်ဖြစ်ရင် Enter ခေါက်ပါ..


 ပြီးရင်တော့ ပုံကို Ctrl+(-) နဲ့ Zoom ပြန်ချုံ့လိုက်တာပါ.. ဒီလောက်ဆိုရင် ကြည့်ရတာ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်..



အပေါ်ပုံအတိုင်း ပုံကိုသိမ်းလိုက်ရင် အောက်ပုံအတိုင်း ရလာပါပြီ...


ဒီလောက်ဆိုရင်တော့ ပုံတွေကို ဖြတ်ကပ် လုပ်တတ်လောက်ပါပြီ .. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...




မှတ်ချက်။       ။လွင်မင်းဗိုလ်(နည်းပညာ)ဘလော့ မှ

photoshopဖြင့် အဝတ်စားအရောင်ပြောင်းနည်း


Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း


ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။
အရင်ဆုံး မိမိတို့ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို File , Open ကနေသွားယူလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါ..။


ပုံကိုယူပြီးရင်တော့ Pen Tool (P) ဖြင့်ဖြတ်ပါမယ်..။ Pen Tool ကိုကလစ်လိုက်ရင် Pen Tool နဲ့ သက်ဆိုင်တဲ့ မီနူးဘားတန်းလေး အပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်..။ အဲဒီဘားတန်းမှာ အောက်ပုံမှာ ပြထားသလို 2,3 နေရာတွေကို အရင်ကလစ်ပေးပါ..။ ပြီးမှဖြတ်ပါ..။


ပုံကိုဖြတ်နေရင်းနဲ့ မိမိတို့မကြိုက်တဲ့ နေရာကိုရောက်သွားခဲ့ရင် ကီးဘုတ်မှ Ctrl+Alt+Z နဲ့(တွဲနှိပ်ပါ) နောက်ပြန်ဆုတ်လို့ ရပါတယ်..။ ဖြတ်တဲ့နေရာ မကြိုက်ရင် ၄င်းကီးနဲ့ နောက်ပြန်ဆုတ်ပြီး နေရာမှန်ကို ပြန်ဖြတ်လို့ရပါတယ်..။




အပေါ်ပုံအဆင့်ထိ ရောက်ပြီဆိုရင်တော့ အောက်ကပုံက အရောင်တွေရှိတဲ့နေရာကို အဆင့်ဆင့်ဖွင့်ပြ ထားပါတယ်..။ 1,2,3 နေရာတွေကို ကလစ်ပြီး ဝင်သွားလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါဗျာ..


အောက်ကပုံမှာ အရောင်ခြယ်တဲ့ ဘောက်စ်ပေါ်လာပါပြီ..။



တကယ်လို့ မိမိတို့ ပုံကို အဖြူအမဲ လိုချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်သွားလိုက်ပါ..။


ဒီအောက်ပုံရဲ့ အင်္ကျီကတော့ အဖြူအမဲနဲ့ ထွက်လာပါပြီ..


အားလုံးပဲအဆင်ပြေကြပါစေဗျာ..


မှတ်ချက်=လွင်မင်းဗိုလ် (နည်းပညာ)ဘလော့ မှ

photo shaine

မင်္ဂလာပါခင်မျာ.......ဓါတ်ပုံများကို  နောက်ခံပုံများနဲ့    လှလှပပလေးလုပ်ချင်ရင်တော့ 
photo shine Softwareလေးကိုအောက်မှာဒေါင်းသွားပါ
လုပ်ရတာအရမ်းလွယ်ပါတယ် သူငယ်ချင်းများနှစ်သက်မယ်လို့ ထင်ပါတယ်
မသိသေးသူတွေအတွက်ပါ    သိပြီးသားသူများကခွင့် လွှတ်ကြပါ။



Photoshine 4.0 ( Full Version ) -Software



အဖြူရောင်အိမ်ငယ်လေး    ကိုနှိပ်၍ဒေါင်းပါ။