အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Sunday, September 16, 2012

ကွန်ပြူတာလေးစေသောwindow logs များရှင်းနည်း "လွင်မင်းဗိုလ်(နည်းပညာ)ဘလော့ "မှ


Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..






3 comments:

  1. ဆရာပြထားတဲ့အတိုင်း windows logs ရှင်းတာ Clear ဆိုတာမပေါ်ဘူး အဲ့ဒါဘယ်လိုလုပ်ရမလဲ ကူညီပါအုံး

    ReplyDelete
  2. ပုံမှာပြတဲ့ အတိုင်း သေရှာလုပ်ကြည့် ပါနော် ကျွန်တော်လုပ်တာတော့ ရတယ်ခင်မျာ

    ReplyDelete
  3. ရပါတယ်ကျေးဇူးလဲတင်ပါတယ်

    ReplyDelete

ကျေးဇူးပြု၍ဝေဖန်အကြံပြုစာများရေးခဲ့ ပေးပါရန်
အဖြူရောင်အိမ်ငယ်လေးမှအထူးကျေးဇူးတင်ရှိပါသည်။