အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Monday, October 27, 2014

Samsung Galaxy Y (GT-S5360) Root လုပ်နည်းနှင့် CWM တင်နည်း


လိုအပ်မယ်ဆိုရင် လေ့လာပြီး လုပ်ကြည့်ပါခင်ဗျ… Computer မလိုပါဘူး ဖုန်းထဲမှာတင် လုပ်သွားမှာပါ။ အရမ်းလည်း လွယ်ပါတယ်။



Root လုပ်နည်း
------------------
1- Download လုပ်ထားတဲ့ Root Zip File ကို SD Card ထဲ ထည့်ထားပါ။
2- ဖုန်းကိုပါဝါပိတ်​ပြီး Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပါ။
3- Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။
4- Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "update.zip" မှတဆင့် "samsung-root-and-busybox.zip ကို​ရွေး​ပြီး Install လုပ်​ပါ။
5- Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်ပါ။
ပုံမှန်အနေအထား ပြန်ရောက်ရင် Root လုပ်တာ အောင်မြင်ပါပြီ။

CWM တင်​နည်း
---------------------
1- Download လုပ်ထားတဲ့ CWM Zip File ကို SD Card ထဲထည့်​ထားပါ။
2- Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပါ။
3- Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။
4- Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "install zip from sd card" မှတဆင့် "GT-S5360_CWM.zip" ကို​ရွေး​ပြီး Install လုပ်​ပါ။
5- Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်ပါ။

ဖုန်းက ပုံမှအနေအထား ပြန်ရောက်လာရင် Samsung Galaxy Y GT-S5360 ကို CWM တင်​ခြင်း ပြီးဆုံးပါပြီ။

ကျွန်တော်ဒီနေ့မေးလာတဲ့သူငယ်ချင်းတွေအတွက်အချိန်နည်းနည်းရတာနဲ့ Samsung Galaxy Grand 2 SM-G7102 ကို Odin ကိုသုံးပြီးဘယ်လို Root ဖောတ်မလည်းဆိုတာပုံတွေနဲ့တစ်ဆင့်ခြင်းရှင်းပြထား ပါတယ်။အောက်မှာသေချာလိုက်ကြည့်ပါ...။


firmwareတင်ရန်


Samsung Galaxy Note 3 (GT-N900) အတွက် မြန်မာစာ Built in ပါတဲ့ THLregion Firmware

thumbnail

Galaxy S4 (GTI9500) အတွက် မြန်မာစာပါတဲ့ Official firmware 4.3 

Saturday, October 25, 2014

Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း


Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက်ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။

Friday, October 10, 2014

CyberLink PowerDirector Video Editting Effect များရယူနိုင်




မင်္ဂလာပါဗျာ CyberLink PowerDirector  ဟာ လူသုံးများပြီး အတော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ အခုလည်း CyberLink PowerDirector ကို အသုံးပြုနေတဲ့ သူငယ်ချင်းတွေ အတွက် Effect များ ရနိုင်တဲ့ မူရင်းဆိုဒ်ကို လမ်းညွှန်းပေးလိုက်ပါတယ်။ Effcet များကို ဒီလင့် ဝင်ရောက် ဒေါင်းယူနိုင်ပါတယ်။ မှတ်ချက်။       ။ အကောင့်ဝင်ပြီးမှာ ဒေါင်းယူနိုင်မယ် ဖြစ်ပါတယ်။ Facebook အကောင့်နဲ့လည်း Sign in ဝင်လို့ရပါတယ်။ Effcet များကို မဒေါင်းမီ  CyberLink PowerDirector  ဆော့ဝဲကို မိမိစက်မှာ Install ပြုလုပ်ထားရမယ် ဖြစ်ပါတယ်။ အကယ်၍  CyberLink PowerDirector  မရှိသေးပါက ဒီလင့် ဝင်ရောက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 
 

Advanced Uninstaller PRO:

ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ အသုံးပြုသူတိုင်း သိပြီးသားဖြစ်မှာပါ.. မိမိ ကွန်ပျူတာမှာ မလိုအပ်တဲ့ ဆော့ဝဲ တွေ ကို Unstall လုပ်ပေးတဲ့ ဆော့ဝဲလေးပါ ကျနော် အရင်က တင်ပေးဖူးပါတယ်..အခု version အသစ်လေး ထွက်လာလို့  ပြန်တင်ပေးလိုက်ပါတယ်... ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲ လေးပေါ့ဗျာ..


Software Features Advanced Uninstaller PRO:
- Extremely easy cleanup software remains in the Windows Registry
- Ability to optimize Windows
- New software Registery Cleaner, Deframnter and Optimizer
- Ability to change IE settings
- Has a very simple user interface


- And …

Size: 16.55 MB
 
http://adf.ly/sHoHJ
  

Thursday, October 9, 2014

ဗီဒီယို တည်းဖြတ် ဆော့ဝဲ Adobe Premiere Pro CS5.5 v...



Adobe ကထုတ်တဲ့ နာမည်ကြီး ဆော့ဝဲတခုဖြစ်တဲ့ ဗိဒီယို တည်းဖြတ်ဆော့ဝဲ Adobe
Premiere Pro CS5.5 v5.5.0 ကို တင်ပေးလိုက်ပါတယ်။
ဖိုင်ဆိုဒ်က (1.45 Gb) ဖြစ်လို့ RAR ဖိုင်(၅) ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။C-box က
တောင်းဆိုထားသူရော အခြားလိုချင်သူတွေပါ ဒေါင်းလုပ် အဆင်ပြေစေဘို့ ဖိုင်ခွဲပြီး
တင်ပေးလိုက်တာပါ။
RAR ဖိုင် (၅) ဖိုင်လုံးကို ဒေါင်းလုပ်ပြီး WinRAR နဲ့ Extract ပြန်လုပ်ပါ။
Adobe Premiere Pro CS5.5 v5.5.0.exe ဖိုင်တဖိုင်ထဲ ပြန်ရပါမယ်။
အဲဒီဖိုင်ကို run (or) extract လုပ်ပါ။
ရလာတဲ့ ဖိုင်တွေထဲက ဘယ်လို အင်စတောလုပ်ရမယ် ဆိုတာ Text ဖိုင်ကို ဖတ်ပြီး
အင်စတောလုပ်ယူပါ။
Part 1   Download
Part 2   Download
Part 3   Download
Part 4   Download
Part 5   Download
လက်တွေ့ လေ့ကျင်ခန်း ဗီဒီယိုတွေကိုတော့ Youtube က ဒီလင့်လေး မှာဝင်ကြည့်နိုင်ပါတယ်။



ဒီလင့်ခ်မှဖေါ်ပြပါသည်

Note 2(GT-N7100)ကိုမြန်မာစာပါဝင်တဲ့ Android 4.3 ထိုင်း Firmware တင်နည်း




1-Computer မှာ Samsung USB Driver မရှိသေးရင် Download လုပ်ပြီး Install လုပ်ပါ။

2- Odin_v3.09.zip ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Odin v3.09.zip

3- Firmware ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Firmware

4-ဖုန်းမှာ USB Debugging ကို On ထားပြီး Battery 80% ရှိရန် လိုအပ်ပါတယ်။

5- Download mode ဝင်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Home + Power Button သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Warning! ပေါ်လာရင် Volume Up တစ်ချက်နှိပ်ပါ။

6-Download Mode ရောက်ရင် Odin ကို Run ပြီး ဖုန်းကို Computer နဲ့ ချိတ်ဆက်ပါ။ ID:COM Box မှာ အရောင်သမ်းလာရင် ဆက်လုပ်မယ်နော်။

7-Odin ထဲမှာ AP Button ကလွဲပြီး ကျန်တာဘာမှ မနှိပ်ပါနဲ့။ AP ဆိုတာ အရင်က PDA ပါပဲ။ Odin Version မြင့်လာတာကြောင့် မတူတော့ပါ။ အဲဒီ AP ကို နှိပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားတဲ့ .tar.md5 file ကို ထည့်ပါ။

8-အားလုံး စစ်ဆေးပြီး မှန်တယ်ဆိုရင် Start Button ကို နှိပ်ပါ။

9-Install ပြီးလို့ ID:COM Box မှာ PASS!! ပြရင် ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အနေအထား ပြန်ရောက်လာရင် ကြည့်လိုက်ပါ။ Note 2 က Android 4.3 Firmware နဲ့ လန်းနေပါလိမ့်မယ်။ မြန်မာစာ မှန်ပါတယ်။


Firmware details
Model: GT-N7100
Country: Thai
Version: Android 4.3 Jelly Bean
MODEM: THL-N7100XXUEML