အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Saturday, October 25, 2014

Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း


Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက်ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။