အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Saturday, November 23, 2013

အရမ်းလန်းတဲ့ Crazy Home Launcher.apk



ကဲဘော်ဘော်တို့ရေ မလန်းဘူးလား အပေါ်မှာမြင်တဲ့အတိုင်းပဲ ကိုယ့်ဖုန်းထဲက application တွေကို စိတ်ကြိုက် မြန်မာစာလေးတွေနဲ့ ရေးပြီးပြောင်းထားလို့ရတယ်ဗျာ . . . လန်းတယ်မလား ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ လိုချင်ရင် အာမနာတမ်းဒေါင်းသွားဗျာ . . .




အဲ ဒါနဲ့ ပြောင်းနည်းလေးပါ တစ်ခါတည်းပြောလိုက်မယ်နော် တော်ကြာမပြောင်းတတ်ရင် ဒုက္ခ ဟဲဟဲ . . .
အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ အင်စတောလုပ်လိုက်ပါ...ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ အဲဒီမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး တစ်ချို့ကလည်း Launcher တွေအများကြီးတင်ထားမယ်လေ. အဲဒီတော့ ကျွန်တော်တို့က Crazy Home Launcher လေးကိုရွေးဖွင့်လိုက် ပြီးရင် application ထဲကိုဝင်လိုက်ပါ။ 
  1. Menu Key (မျဉ်းသုံးကြောင်းပုံစံ)လေးကိုနှိပ်ပါ။
  2. Crazy Menu ကိုရွေး
  3. Appearance ကိုရွေး
  4. Icon Configurator ကိုရွေး
ဒါဆိုရင်တော့ application list နဲ့အတူ အောက်မှာ Save and Done လေးပေါ်နေပါမယ် . . .
စပြောင်းမယ်ဗျာ... ဘော်ဒါတို့ ပြောင်းချင်တဲ့ application ပေါ်ကို နှိပ်လိုက် ဒီလိုလေးပေါ်လာမယ်
  1. Change Icon
  2. Edit Text
  3. Hide Icon
ကျွန်တော်တို့က စာပြောင်းမယ်ဆိုတော့ နံပါတ်မှာ(၂)ကိုရွေးလိုက် . . . အိုကေသွားပြီးဗျာ ပြောင်းချင်တဲ့စာသားသာပြောင်းပေတော့ ဟူး.......မောလိုက်တာဗျာ
အဆင်ပြေရင် အော်သွားဦးနော် . . .

နည်းပညာတက္ကသိုလ်(မကွေး)

မှတ်ချက်။ ။ Home Screen ပေါ်မှာတင်ပြောင်းလို့ရတာမဟုတ်ဘဲ ကြိုက်တဲ့နေရာမှာပြောင်းနိုင်သည်။


                                       ဤလင့်ခ်မှမျှဝေပါသည်

No comments:

Post a Comment

ကျေးဇူးပြု၍ဝေဖန်အကြံပြုစာများရေးခဲ့ ပေးပါရန်
အဖြူရောင်အိမ်ငယ်လေးမှအထူးကျေးဇူးတင်ရှိပါသည်။