အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Thursday, April 17, 2014

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက်




မှတ်သားလောက်ပါတယ် ၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိ သမျှ ရင်ထဲက ကျေးဇူးတင်ပါ ၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှ မတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာ တောင်းယူပါ ၃။ သူငယ်ချင်း အသစ်သည် ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ် နိုင်ပါ ၄။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင် ဖတ်ပါ ၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများ ကိုကောင်းအောင် အလျှင်ကူညီပေးပါ ၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကို အမြဲ များများ ပြောပေးပါ ၇။ သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက် စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ ၈။ ခွင့်လွှတ်စိတ်ရှိပါ ၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ ၁၀။ အမှားရှိလျှင် ဝင်ခံနိုင်ရမည် ၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထ ရန် မကြောက်ပါနှင့် ၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့ အတွက် လေးနက်မှုရှိလေလေ ၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေး အကြောင်း မငြင်းခုံပါနှင့် ၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့် ၁၅။ တောင်းပန်ရန် ဝင်မလေးပါနှင့် ၁၆။ မသိပါက မသိကြောင်း ဝန်ခံပါ ၁၇။ ကီလို ၁၀၀၀ ( မိုင်ထောင်ချီခရီး ) အား ချောမွေ့သည် ဟူ၍ မရှိနိုင်ပါ ၁၈။ မွေးကတည်းက မည်သူမျှ မပြေးတတ် သေးပါ ... ဒါကြောင့် ဖြေးဖြေးစလုပ်ပါ ၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့ အတွက်ပါ .... ( ဘဝကို ချစ်တဲ့သူ ) ၂၀။ ငွေကို မချစ်တဲ့သူဟာ ဘဝကို မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ ၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွား သူက ပညာရှိပါ ၂၂။ တသက်လုံး အလုပ်လုပ်ရက် မရှိပါ နားရက်တွေပါဘဲ ၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့ စိတ် လဲ ဖြစ်မယ် ၂၄။ နားမလည်သူအား နားလည်အောင် ရှင်းပြတတ်ပါစေ ၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာ နှစ်ခု ရှိတယ် ... ဒီလိုဘဲ ဘဝဟာ အနိုင် / အရှုံး - အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ် ၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနှင့် ၂၇။ သွားဟာ ဘာဖြစ်လို့ ကြိုးလဲ (မာလို့) လျှာက ကြိုးပါသလား ? ၂၈။ အပင်ငယ်တတ်ခါစကို မြန်မြန်ကြီးပါစေ ဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေ သွားမည် ၂၉။ မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ် သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီး သား ဖြစ်မယ် ၃၀။ ကြယ်သီးဟာ ပထမတစ်လုံး မှားသည် နှင့် အားလုံးမှားတော့တာပါပဲ ၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရက်ချိန်း တစ်ခု သတ်မှတ်ပါ ၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသော ရေ ဖြစ်ပါစေ ၃၃။ ကြယ်နှင့်လ ဟာ အရမ်းကို မြင့်လွန်း တယ် ... မှီနိုင်သလောက်ကို လှမ်းပါ ၃၄။ လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ ၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုး အရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိ တစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ် ဖက်နိုင်အောင် လုပ်ပါ ၃၆။ အရာရာ သတ်မှတ်ချက်ရှိပါစေ ..... ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤ နေရာမှာ ထားပါ စည်းကမ်းသည် လူ၏ တန်ဖိုး တန်ဖိုးရှိတဲ့ စကားစုတွေမို့ ပြန်လည်မျှဝေပေးတာပါ Powered by >> www.myanmarcutegirl.com

No comments:

Post a Comment

ကျေးဇူးပြု၍ဝေဖန်အကြံပြုစာများရေးခဲ့ ပေးပါရန်
အဖြူရောင်အိမ်ငယ်လေးမှအထူးကျေးဇူးတင်ရှိပါသည်။