

ဒီမှာဒေါင်းပါ
ဤလင့် ခ်မှ ဖေါ်ပြပါသည်






ဘာမှတော့ မဟုတ်တဲ့ Software လေးတစ်ခုပါပဲ . ဒါပေမယ့် ကျွန်တော့်အတွက်တော့ တော်တော်ကို လိုအပ်ပါတယ် . ဒေါင်းလုပ်ဆွဲနေတုန်း အိပ်ပျော်သွားပြီး . မနက်မှ နိုးလာတဲ့ အခါတိုင်း ဒီ Alarm ကို ရေးချင်စိတ်တွေ တဖွားဖွားပါပဲ .. ကျွန်တော့်လို လူမျိုးတွေ (Computer သုံးနေရင်း အိပ်ပျော်သွားတတ်တဲ့သူတွေ) အတွက်ပါ။ အသုံးပြု ပုံကလဲ မခဲယဉ်းပါဘူး .. ညာဘက်အခြမ်းမှာက ကြားချင်တဲ့ Alarm အသံကိုရွေးပါ . ဘယ်ဘက်မှာ တော့ အချိန်ရွေးပြီး Set Alarm ဆိုတာကို နှိပ်ထားလိုက်ရုံပါပဲ ... ပိတ်ချင်ရင်တော့ Remove Alarm ပေါ့ ....
ကျွန်တော့် Blog ကို .. .. အရင်တုန်းက ... .. ကြည့်တဲ့ User ရဲ့ Level ကို ကျွန်တော် မသိမသာလေးခွဲထားပါတယ် .. ဘယ်လိုမျိုးလဲ ဆိုတော့ .. ကွန်ပြူတာ အကြောင်း / ဖုန်းအကြောင်းကို နားလည်ကျွမ်းကျင် နေတဲ့သူတွေ မှသာ နားလည်နိုင်တဲ့ Post တွေပဲရေးသားထားလို့ ပါ. . ဒါပေမယ့် အခုနောက်ပိုင်းကနေစပြီးတော့ Technician Level တင်မကပဲ User Level တွေပါ နားလည်နိုင်တဲ့ Post တွေကိုတင်ပေးသွားမှာပါ .... အိုကေ .. Android ဖုန်းတစ်လုံးကို Official Version မြှင့်တော့မယ်ဆိုရင် သတိထားရမှာက Root မလုပ်ထားဖို့ ပါပဲ .. အိုကေ Version မြှင့်တော့မယ်ဆိုရင် wifi ရှိတဲ့နေရာ (သို့ ) Mobile Data ကို On ထားရပါမယ် ။ ပြီးရင် Setting->About Phone->Software(Software Update)->Check Update ဆိုပြီးနှိပ်လိုက်ရင် အိုကေ နဲနဲလုပ်ပေးပြီးရင်တော့ Download လုပ်မလားဆိုတာကိုမေးပါလိမ့်မယ် .. Download လုပ်ပြီး Auto Install သူ့ ဟာသူလုပ်ပြီးသွားရင်တော့ Reboot ကျပြီ သင့်ဖုန်းရဲ့ Version ဟာ Company က Support ပေးသလောက်မြင့်သွားပါလိမ့်မယ် ... 

