အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Sunday, September 21, 2014
မူကြိုဆရာမ ဆရာ ဦးဘုန်း(ဓာတု)
တစ်ခါတစ်ရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကို ကိုယ်မသိကြ။
ကိုယ့်နေရာကို ကိုယ်တန်ဖိုးမထားကြ။ကိုယ့်တာဝန်ကို ကိုယ်မသိကြ။
တောင်ငူမြို့သို့ စာပေဟောပြောပွဲ သွားရောက်ခဲ့ရသည်။အမေ့အိမ်ဟိုတယ်တွင် နေရာချထားပေးသည်။အိပ်ခန်းထဲတွင် ရှိသော စလောင်းတီဗွီမှ အင်တာဗျူးတစ်ခုလာနေသည်။၎င်းအင်တာဗျူးကို စိတ်ဝင်တစားနားထောင်မိခဲ့သည်။ သဘောကျသည်။
၎င်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှု အရုပ်များတွင် ကလေးငယ်များဆော့ကစားနေသည်ကို တွေ့နေရသည်။
”ဆရာမ တာဝန်ထမ်းတာကြာပြီလား”
”၃ နှစ်လောက် ရှိပြီ”
”ဘာတာဝန် ယူရသလဲ”
”ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ယူရတယ်”
”နည်းနည်းလေး ဒီထက်ပိုပြီး ရှင်းပြလို့ရမလား”
”ကလေးဆိုတာ ချစ်စရာကောင်းတယ်။အားကိုးစရာကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်ရှင့်။”
Sunday, August 24, 2014
Monday, April 29, 2013Myanmar Mobile App Market v0.1 for Android (Mobile Version)

ဖုန်းနဲ့ပတ်သက်သမျှ သတင်း ၊ ဗဟုသုတ ၊ ဆော့ဝဲ ၊ ဂိမ်း ၊ ringtone နဲ့ မိုဘိုင်းဖုန်းဆိုင်ရာ Tutorials လေ့လာစရာများကိုဖုန်းထဲကနေ အင်တာနက်ရှိရုံနဲ့ အချိန်နဲ့သမျှသိရှိနိုင်ပြီး မြန်မာဘာသာနဲ့ဖတ်ရှုနိုင်ဖို့ Myanmar Mobile App Market v0.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းနဲ့ပတ်သက်ရင် အစုံလင်ဆုံးနဲ့ လူကြည့်အများဆုံးမြန်မာနည်းပညာ website ဖြစ်တဲ့ Myanmar Mobile App (www.myanmarmobileapp.com) ကို Mobile Application အနေနဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒီ Android application မှာတော့
- ပြည်တွင်းပြည်ပမိုဘိုင်းသတင်းများ ကိုဖတ်ရှုနိင်ခြင်း ၊
- Google Play တွင် ပိုက်ဆံပေးဝယ်ယူရသော Android ဖုန်းဆော့ဝဲ ၊ ဂိမ်းများကို ဒီဆော့ဝဲလေးထဲကနေ freedownload ရယူနိုင်ခြင်း
- ဖုန်းနဲ့ပတ်သက်သည့် ဈေးနှုန်းများကိုသိရှိနိုင်ခြင်း
- ဖုန်း Handset အမျိုးမျိုးရဲ့ Review များကိုဖတ်ရှုနိုင်ခြင်း
-ဖုန်း ringtone များကို download ရယူနိုင်ခြင်း
- Android ဖုန်းနှင့်ပတ်သက်သော မိုဘိုင်း Tutorials များကိုဖတ်ရှုနိင်ခြင်း
စတဲ့ မိုဘိုင်းကဏ္ဍပေါင်းများစွာကို မြန်မာဘာသာနဲ့ဖတ်ရှုနိင်မှာဖြစ်ပါတယ်။
Myanmar Mobile App Market v0.1 ကိုအောက်က link ကနေရယူနိုင်ပါတယ်။
ဒေါင်းရန်
Wednesday, May 21, 2014
Monday, May 19, 2014
Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်း လေးဖြစ်ပါတယ်.
ဒီနေ့ Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။
တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ၀င်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။
Subscribe to:
Posts (Atom)


