အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Monday, October 7, 2013

Android ဖုန်း အတွက် Appများ


Android ဖုန်း အတွက် Go keyboard
ဖုန်းတွေကို unlock ပြန်လုပ်ပြီးသုံးခြင်းတဲ့သူများအတွက် Andriod Spy v1.0
PC/Laptop တွေကို Andriod ဖုန်းလို အသုံးပြုမယ်
Android ဖုန်းရဲ့ ပုံမှန်မြင်ကွင်းကို iphone style ပြောင်းသုံးကြည့်ရအောင်..
အသုံးပြုသော Internet Data ပမာဏအားမှတ်ထားပေးမည့် Data Usage for Android


Onagaiအင်္ဂလိပ်-မြန်မာAndriodအဘိဓာန်
WFအင်္ဂလိပ်-မြန်မာAndriodအဘိဓာန်
MyanmarDriodDictအင်္ဂလိပ်-မြန်မာAndriodအဘိဓာန်
Planet အင်္ဂလိပ်-မြန်မာAndriodအဘိဓာန်
HTCDriver3.0.exe
SAMSUNG_USB_Driver_for_Mobile_Phones.exe
Sony Ericsson Android များအတွက် Driverပါ။
Andriod ဖုန်းတွေမှာ သီချင်းတွေကို beat သံကောင်းကောင်းဖြင့် နားဆင်နိုင်ရန်
ဒီဂျေနဲ့ သီချင်းနားထောင်ချင်သူတွေအတွက်ADJ Pro For Android
upload တင်တဲ့ Box ဆိုဒ်မှာဖုန်းကနေ 50GB ထိရအောင်ယူမယ
Android မှာ iOS ဒီဇိုင်းမျိုးသုံးချင်သူများအတွက် Launcher
သင့် Android ရဲ့ Dial နဲ့ Contacts ကို ဒီဇိုင်းပြောင်းသုံးမယ်


နေ့စဉ်သတင်း၊အားကစား၊သုတရသ၊ဗေဒင်၊ကာတွန်း တွေကို အွန်လိုင်း/အော့ဖ်လိုင်း ဖတ်ရှုနိုင်မယ့် Kazunma News Center ဗားရှင်း 6 အသစ်ထွက်ပြီ





နေ့စဉ် ပြည်တွင်းပြည်ပသတင်းတွေ၊အားကစားသတင်းတွေ၊  သုတရသစာပေတွေ၊ဆောင်းပါးတွေ ။ ဗေဒင် ။ကာတွန်း စတာတွေကို မိမိဖုန်းပေါ်သို့ အရောက်ပို့ပေးမယ့် Kazunma News Center ရဲ့ ဗားရှင်း နံပါတ်  6  ထွက်လာလို့တင်ပေးလိုက်ပါတယ်... ဒီတစ်ခါမှာ admin လုပ်သူက software ကို interface ပြောင်းပေးထားပါတယ်..နောက်ပိုင်းအသုံးပြုလာကြတဲ့ appyet3 ပုံစံယူထားပါတယ်.... သတင်းဌာန တွေကလည်း ပိုမိုစုံလင်လာပါတယ်...အင်တာနက်ခနဖွင်းပေးရုံနဲ့... နောက်အင်တာနက်မလိုတော့ဘဲသတင်းတွေကို ဖတ်ရှုနိုင်မယ့် apk ကောင်းလေးပါ... ဒီကောင်ကို အသုံးပြုသူတွေ .. တော်တော်လေး များလာတာ သတိထားမိပါတယ်.... တခုကောင်းတာက ဒီ apk လေးမှာ ကြော်ငြာတွေ မထည့်ခြင့်းပါ.... ကဲ... ပြုလုပ်သူကိုလည်း credit ပေးပါတယ်ဗျာ.. ကျွန်တော်တို့ဒေါင်းလုပ် ယူကြအောင်ပါ...အောက်မှာ ပါဝင်တဲ့ဆိုဒ်တွေကြည့်ပါဦး...

Sunday, October 6, 2013

Video Editing နဲ့ Effects crazy ဖြစ်သူများအတွက်

ကျွန်တော်လဲ Video editing နဲ့ Effects တွေ Animation တွေလုပ်တာ ၀ါသနာပါပါတယ်။ ဒါပေမဲ့လဲ အချိန် မပေးနိုင်တာရယ် ကိုယ်ကိုတိုင်လျှောက်လိုက်ရိုက်ဖို့ အချိန်မပေးသေးတာနဲ့ ဘာမှတော့ စပြီး မလုပ်ဖြစ်သေး ဘူး။ ဒါပေမဲ့ အချိန်ရရင်ရသလိုတော့ လျှောက်ပြီးလေ့လာလေ့ရှိတယ် ဒါနဲ့ ဟိုတနေ့က Video Editing သမားတစ်ယောက်နဲ့ တွေ့ပြီးတော့ Source site တခုရလိုက်တယ် ဒီ Site ကတော့ ကျွန်တော်အတွက်  တော်တော်အကျိုးရှိပြီး အကြိုက်တွေ့သွားစေတဲ့ Site လေးဖြစ်ပြီး သေသေချာချာ VideoTutorials   တွေအပြင် Template တွေကိုပါ Download  လုပ်လို့ရတဲ့ Site လေးဖြစ်လို့ Video Editing နဲ့Effects Animation ၀ါသနာပါတဲ့ လူတွေအတွက် အကျိုးရှိမယ်ထင်လို့ ပြန်ဝေမျှလိုက်ပါတယ်။ ဒီ Site က လက်ရှိ Hollywood မှာလဲ အလုပ်လုပ်နေတဲ့လူရဲ့  Site မို်လို့သူရဲ့ Effects တွေတကယ်ကို professional ဆန်ပြီး လေ့လာရတာလဲ လွယ်ကူပါတယ်။ ကယ်ပြောနေကြာတယ် ဗျာ ကိုယ်ကိုတိုင်ဘဲ ကြည့်ပြီး ဆုံးဖြတ်လိုက်ပါတော့။......http://www.sbsangpi.com ဒီဆိုက်လေး ကိုစံပီးထံမှ ယူလာတာလေးပေါ့..။ သူညွန်ပြတဲ့ဆိုက်လေးသို့ သွားရန် ကဲဗျာ ဒီဆိုက်လေးပါဘဲ..http://www.videocopilot.net/ မဆိုးပါဘူး လေ့လာကြတာပေါ့..

funny photo maker ဓါတ်ပုံလေးတွေကို အလှပြင်တဲ့ဆော့ဝဲ


ဓါတ်ပုံလေးတွေကို ဖောက်စွတ်လုပ်တဲ့ ဆော့ဝဲလေးပါ။ လွယ်ကူလည်း လွယ်ကူသလို လှလည်းလှပါတယ်။
အပျင်းပြေ ကိုယ့်ပုံလေးတွေကို ပိုစတာလိုတွေ လျောက်လုပ်လို့ရပါတယ်။ စာတော့ရေးမရဘူး။ အတော်
လေးတော့ ကောင်းပါတယ်။ ဒီဇိုင်းလန်းလန်းလေးတွေပါ ကိုယ့်ပုံလေးတစ်ပုံလောက် ပြစ်ထည့်ပြီး ကိုယ်သ
ဘောကျတဲ့ ဒီဇိုင်းလေးတွေနဲ့ ထည့်စမ်းလို့ရတယ်။ သဘောကျရင်တော့ ဓါတ်ပုံထုတ်ရုံဘဲ။ သိပြီးသားတွေ
ပါ။ အပျင်းပြေ ကလိချင်ရင်တော့ ယူသွားကြပေါ့ဗျာ။

     ဤလင့်ခ်မှ ကူးယူဖေါ်ပြပါသည်

USB Thief Modified USB စတစ်နှင့် အကောင့်ခိုးနည်းတဲ့ဗျာ စမ်းသပ်လိုရင်

အကောင့်တွေဘာတွေ ဟက်တာစိတ်ဝင်စားရင်တော့ ဒီကောင်လေး ကလိစမ်းကြည့်ကြပေတော့ဗျာ ရွာပြန်တုန်း သရောင်းက SKY NET ရုပ်သံလိုင်းထည့်ပေးတဲ့ ကိုစောအောင်ဆီက ယူခဲ့တာလေးပါ လိပ်စာကြည့်လိုက်တော့ ကိုဝင်းကမ္ဘာကျော်ထံမှ ဒေါင်းထားတာလေးတွေ့ရတယ်ဗျာ။ ဟုတ်တာမဟုတ်တာ အပထားမသိသေးတဲ့သူ မရှိသေးတဲ့သူအတွက်တော့ ကောင်းတယ် ကျုပ်တောင် ဒီဆော့ဝဲကို လန့်တယ်ဗျာ တစ်ကယ်ပါ။ ဒီကောင်လေးကို USB စတစ်လေးထဲထည့်ပြီးတော့ သူများကွန်ပျူတာမှာ လေးငါး (4/5) မိနစ်လောက် ထိုးလိုက်တယ်ဆိုရင်ဘဲ Note Pad နှင့်တစ်ခါတည်း အကောင့်တွေလိပ်စာတွေ Password
တွေရာ အားလုံးကို မှတ်ထားပေးတယ်ဆိုဘဲကွာ ကျုပ်တော့မစမ်းသပ်ရသေးပါဘူး စမ်းချင်ရင်တော့ အင်တာနက်ဆိုင်သွားကြပေတော့ဗျာ။ လူသုံးများတော့ အကောင့်တွေလည်း များမှာပေါ့ ဒီတော့သူများ အကောင့်တွေကို ခက်ခက်ခဲခဲခိုးစရာမလိုတော့ဘူးပေါ့။ သူများအကောင့်တွေကို မတော်မတရားတော့ မလုပ်ကြပါနဲ့ဗျာ သူတို့တွေလည်း နှမြောကြမှာပေါ့ ကျုပ်လည်း နှမြောတာဘဲလေ။ ဒါက မဟုတ်ဘူး ဟုတ်တယ်ဆိုတာကို သိရအောင်စမ်းသပ်ဖို့ပြောတဲ့ သဘောပါ။


VZO Chat လို့ခေါ်တဲ့ အင်တာနက်ဗွီဒီယိုကော ဖုန်းလေး....

Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။ တကယ်တော့ VZO Chat ဆော့ဝဲ ဆိုတာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။ ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာ Developer များ ထွက်ရှိပေးလို့ လာပါပြီ ။ VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည်   ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။ www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။ သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံ အလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/ VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။

Notepad လို့ခေါ်တဲ့ Text Document မှာ မြန်မာလို အမြဲမြင်နိုင်အောင် ရေးနည်း

ကဲဒီနည်းလေးလည်း လွယ်မရောင်နဲ့ ခက်ပါတယ် သိသူများအတွက်တော့ လွယ်တာပေါ့ဗျာ.။ မသိဘူးဆိုရင်
သူများကို လိုက်မေးရတာ နဲနဲအောက်ကျသလိုဖြစ်တယ်ဗျ။ အဲဒီတော့ ကျုပ်ရေးလို့ သိသွားတယ်ဆိုရင်ဖြင့်
ဘယ်သူပြောလို့ ဆိုတာ မသိတော့ဘူးလေ။ အင်တာနက်မှာ ဖတ်တာဆိုတော့ ဘယ်သိပါ့မလဲနော်.။ စကား
လုံးလေးတွေက ရေးရတာသိပ်အံမကျဘူးဗျာ.။ ကဲဒါတွေထားပါ.။ အဓိကကတော့ သူ့မှာရေးနည်းက အားလုံး
သိတယ်.။