အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Saturday, September 15, 2012

သတင်း


မအေးယုအောင် အမှု ရဲ မဖော်ထုတ်နိုင်သေး

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
အိမ်အကူအလုပ်သမ တဦးအား မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်မှုဖြင့် တရားစွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ရှာဖွေနိုင်ခြင်း မရှိသေးသဖြင့် ယင်းအမှုကို မဖော်ထုတ်နိုင်သေးကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ က ပြောသည်။
တရားလို အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က အိမ်အကူအဖြစ်လုပ်ကိုင်စဉ် အိမ်ရှင်က ၎င်းအား နှိပ်စက်မှုများနှင့် ပတ် သက် ၍ ပဲခူးမြို့ အမှတ်(၃) ရဲစခန်းတွင် မေလ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။ ထိုအမှုမှာ တလကျော် ကြာပြီဖြစ်သော် လည်း တရားခံမှာ တိမ်းရှောင်နေသဖြင့် အမှုဖော်ထုတ်ရန် ခက်ခဲနေကြောင်း အမှတ်(၃) ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီသို့ ပြော ပြသည်။
“တရားခံက ထွက်ပြေးနေတယ်။ နေတတ်တဲ့နေရာတွေ လိုက်ဖမ်းတော့ အဲဒီနေရာတွေမှာ သူမရှိဘူး။ ကျနော်တို့လည်း လိုက်ဖမ်း နေတာပဲ။ တရားခံက တိမ်းရှောင်နေ၊ ပုန်းနေတဲ့အခါကြတော့ မမိသေးဘဲ ဖြစ်နေတာ”ဟု ဦးသိန်းဦးက ဆိုသည်။
ဒေါ်ဖြူဝင်းသက်အမှုဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းကို ပဲခူးတရားရုံးက တောင်တွင်းကြီးမြို့နယ်သို့ ရွှေ့ပြောင်း တာဝန် ပေးအပ်ခဲ့ပြီးနောက် ပဲခူးရဲတပ်ဖွဲ့အနေဖြင့် တောင်းတွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ အကူညီဖြင့် ထိုနေရာကို သွားရောက် စစ်ဆေး ခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဦးသိန်းဦးက ဆက်ပြောသည်။
ရဲကတရားခံဟု သတ်မှတ်ထားသော ဒေါ်ဖြူဝင်းသက် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ တာဝန်နှင့် တောင်းတွင်းကြီးမြို့ကို ရောက်ရှိနေသော ဦးအောင်ဖုန်းဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် တောင်တွင်းကြီးမြို့တွင် ရွှေ့ပြောင်း တာဝန် ထမ်းဆောင်နေခြင်းဖြစ်သော်လည်း ဒေါ်ဖြူဝင်းသက်နှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ တလကျော်ခဲ့ပြီဖြစ်ကြောင်းနှင့် နေရပ်ကိုလည်း စုံစမ်း၍ မရကြောင်း ပြောသည်။
“ကျနော့်အမျိုးသမီး အိမ်ကထွက်သွားတာ တလလောက်ကြာပြီဗျ။ ကျနော်နဲ့ စကားများပြီး ရန်ဖြစ်သွားတာ ဆိုတော့လေ။ ကျနော် လည်း ရှာနေတာပဲ၊ အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်”ဟု ဦးအောင်ဖုန်းဝင်း က ပြောဆိုသည်။
ပုန်းရှောင်နေသူ ဒေါ်ဖြူဝင်းသက်ကို ပဲခူးရဲနှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်းတို့ ရှာမတွေ့နိုင်ဘဲဖြစ်နေသော်လည်း တရားခံဘက် က ဆွေမျိုးများက တရားလိုဘက်မှ အမှုကျေအေးပေးစေရန် ပဲခူးတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဥက္ကဌ မင်္ဂလာရာမ ကျောင်းတိုက် ဆရာတော် ဦးနန္ဒဝံသ ထံ လာရောက်လျှောက်ထားမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော် ဦးနန္ဒဝံသ ကလည်း မအေးယုအောင်၏ အမှုဖြစ်စဉ်ကို လိုက်ပါဆောင်ရွက်ပေးနေသော လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကို ဆက်သွယ်ရန်ကြိုးစားနေကြောင်း ဆရာတော် ဦးနန္ဒဝံသ က မိန့်ကြားသည်။
“ဒေါ်ဖြူဝင်းသက်နဲ့တော့ တိုက်ရိုက် မတွေ့ရသေးဘူး။ သူ့ဆွေမျိုးတွေဆီကနေတဆင့် လာလျှောက်ထားတာပါ။ ဘုန်းကြီး တို့က လည်း လုပ်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဦးအေးမြင့်ကိုတော့ ဟိုတနေ့က လမ်းမှာတွေ့လို့ ဒီကိစ္စ ပြောဖို့ ကျောင်း လာခဲ့ဦးလို့ ခေါ်ထားတယ်။ ခုထိမလာဘူး။ ဘုန်းကြီးတို့ဘက်ကတော့ သူတို့ဘက်က တောင်းဆိုတာလုပ်ပေးရမှာပေါ့”ဟု ဆရာတော် ဦးနန္ဒဝံသ က ဧရာဝတီသို့ မိန့်သည်။
အမှုဖြစ်စဉ်ကို တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဟောင်း ဦးအေးမြင့်က တရားခံဘက်မှ သြဇာရှိ ဆရာတော်များ၏ အထောက်အကူကိုယူကာ ဆက်သွယ်မှုများပြုလုပ်လာသော်လည်း တရားဥပဒေအရ အမှုမှန်ဖြစ်ပေါ်ရေးကိုသာ ဦးစားပေး ဆောင်ရွက် သွားမည်ဟု ဆိုသည်။
“တရားခံနဲ့ပတ်သက်တဲ့ နောက်က ဆွေမျိုးတွေက ဘုန်းကြီးတွေကိုကပ် အဲဒီကနေတဆင့် ကျနော့်ဆီကိုရောက်ရော၊ တရားလို ဘက်က ကျေနပ်ပေးဖို့ပေါ့။ ထိုက်ထိုက်တန်တန် နစ်နာကြေးပေးပါ့မယ်တို့ လုပ်နေတယ်။ ကာယကံရှင်ဆီကို တိုက်ရိုက် မသွားရဲတော့ ကျနော့်ဆီ ရောက်တယ်။ ကျနော်က ငြင်းလိုက်ပါတယ်”ဟု ဦးအေးမြင့် က ပြောသည်။
တရားလိုဘက်မှ ရဲစခန်းတွင် အမှုဖွင့်စဉ် ထွက်ဆိုချက်များအရ ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က အိမ် အကူ မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာ များ ရရှိထားသကဲ့သို့ ဝမ်းဗိုက်တွင်လည်း ဓားနှင့် ခုတ်ထားပြီး ဦးခေါင်းတွင် ပုလင်းနှင့် ရိုက်ထားကြောင်း ထွက်ဆို ထားသည်ဟု သိရသည်။
လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ မိဘထံ ပြန်မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်အထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် အမှု ထိန်ချန်ရန် ကြိုးစားခဲ့သော အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း လမ်းပြကြယ် အကူအညီဖြင့် ဆက်တိုက် တရားစွဲဆိုသွားမည်ဟု တရားလိုဘက်က ပြောသည်။
ထို့အတူ ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း ဦးအေးမြင့် ကလည်း ပြောသည်။
တရားလိုဖြစ်သူ မအေးယုအောင်သည် ယခုအခါ မိခင်ဖြစ်သူနှင့်အတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် နေထိုင်လျက်ရှိသည်။ သို့သော် အိမ်ရှင်ဒေါ်ဖြူဝင်းသက် က မအေးယုအောင်အား ပုလင်းဖြင့်ရိုက်ထားခဲ့သည့် ဦးခေါင်းဒဏ်ရာမှာ မကြာခဏ နာကျင်ပြီး စိတ်ပုံမှန်အနေအထားတွင် မရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူ က ပြောသည်။
“ဒီဒဏ်ရာကတော့ ရဲစခန်းရောက်မှ ရဲကမေးတော့ သူဟင်းချက်တာပေါ့လို့ဆိုပြီး ဒေါ်ဖြူဝင်းသက်က ပုလင်းနဲ့ ရိုက်ထားတာတဲ့။ ဒီဒဏ်ရာကြောင့်ပဲ တခါတလေ ကြောင်နေတတ်တယ်။ စိတ်ကပုံမှန် မဟုတ်ဘူး။ သိပြီးသားတွေ၊ ပြောပြီးသားတွေလည်း ချက်ချင်း မေ့လိုမေ့နဲ့”ဟု ဒေါ်ကြူကြူက ပြောဆိုသည်။

သတင်းတိုထွာ


မီးလောင် ၄,၈၂၂၊ သေဆုံး ၇၇၊ ဒဏ်ရာရ ၁၁၁၊ ဒုက္ခသည် ၇၀,၀၀၀

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ဦးလှသိန်း
ရခိုင်ပြည်နယ် ဥပဒေချုပ်
(ရခိုင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ၏ အရေးယူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း)

စစ်တွေ (မဇ္ဈိမ) ။         ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း အား မဇ္ဈိမသတင်းဌာနက ဇူလိုင် ၂၃ ရက်နေ့တွင် စစ်တွေမြို့၊ ပြည်နယ်ဥပဒေရုံးရှိ ၎င်း၏ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံ
မေးမြန်းခွင့် ရရှိခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဥပဒေချုပ်က မေလကုန်ပိုင်းမှစ၍ ပဋိပက္ခဖြစ်စဉ် တခုလုံးအတွင်း မီးလောင်၊ သေကြေ ပျက်စီး ဆုံးရှုံးမှုများ၊ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားရှိမှုများ၊ ညမထွက်ရ အမိန့် ပြန်လည် ရုတ်သိမ်းရေးနှင့် မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ဆောက်လုပ်နေရာချထားမှု စသည့် အခြေအနေများကို မဇ္ဈိမအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ရခိုင်ပဋိပက္ခ စဖြစ်တဲ့နေ့က စပြီး ဒီနေ့အထိ မီးလောင်၊ သေကြေ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေကို သိပါရစေ။
uhlathein
ဦးလှသိန်း။   ။ စစ်တွေမှာ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၃,၆၃၆ လုံး၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦး။ ကျောက်တော်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၇၁ လုံး၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရ ၃ ဦး။ ပေါက်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၂၁ လုံး၊ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၁၆ ဦး။ ရသေ့တောင်မှာ မီးလောင်ပျက်စီး အိမ်ခြေ
ပေါင်း ၃၆၇ လုံး၊ သေဆုံးသူ ၁၄ ဦး ၊ဒဏ်ရာရသူ ၂၉ ဦး။ မောင်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၄၇၄ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ သေဆုံးသူ ၂ဝ ဦး၊ ဒဏ်ရာရသူ ၆ ဦး။ ရမ်းဗြဲမှာတော့ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၅ လုံး၊ သေဆုံးသူ ၁ ဦး။

ဆိုတော့ ရခိုင်တပြည်နယ်လုံးမှာ မီးလောင်ပျက်စီးမှုပေါင်း ၄,၈၂၂ လုံး၊ သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရ ၁၁၁ ဦး ရှိပါတယ်။ ဒီစာရင်းတွေဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ နှစ်မျိုးစလုံး အကျူံးဝင်ပါတယ်။ မီးလောင်ပျက်စီး ဆိုရာမှာ မီးလောင်သွားတာရော၊ မီးမလောင်ဘဲ အဖျက်ခံရလို့ ပျက်စီးသွားတာရော တပေါင်းတည်း ဆိုလိုတာပါ။

ဒီကာလအတွင်းမှာ အရေးယူခံထားရတဲ့ အရေအတွက်ကို သိလိုပါတယ်။

ဦးလှသိန်း။   ။ ပဋိပက္ခ ဖြစ်စဉ်က စပြီးတော့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်တဲ့ နောက်ပိုင်း ကနေ့ထိ ဖမ်းဆီး အရေးယူခဲ့မှု စာရင်းအရ စစ်တွေမှာ ၁၃၆ ဦး၊ ရသေ့တောင်မှာ ၁၈၁ ဦး၊ ကျောက်တော်မှာ ၁၈ ဦး၊ မင်းပြားမှာ ၄ ဦး၊ မောင်တောမှာ ၄၉၃ ဦး၊ဘူးသီးတောင်မှာ ၃၅ ဦး၊ သံတွဲမှာ ၄ ဦး၊ ကျောက်ဖြူမှာ ၁ ဦး။ သဘောကတော့ ပဋိပက္ခ ထဲမှာ ပြစ်မှုကျုးလွန်ခဲ့ပြီးတော့ ညမထွက်ရ အမိန့်ကို ဖေါက်ဖျက်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူထားပြီးတော့ ရခိုင်ရော ဘင်္ဂါလီပါ စုစုပေါင်း ၈၇၂ ဦး ရှိတယ်။

သူတို့တွေကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမှာပါလဲ။

ဦးလှသိန်း။   ။ ဒီလူတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈၈ အရ ဥပဒေနဲ့  အညီအရေးယူ ဆောင်ရွက်သွားမှာ ပါ။ အမှန်တကယ် ပြစ်မှု ကျူးလွန်ခဲ့ရင်တော့ ပြစ်ဒဏ်အားဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ပါတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း ဒီလူတွေကို ည ၈ နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရတာ များပါတယ်။

ညမထွက်ရအမိန့်ကို ပြင်ဆင်၊ ရုတ်သိမ်းမယ့် အစီအစဉ် မရှိသေးဘူးလား။

ဦးလှသိန်း။   ။ ညမထွက်ရအမိန့်ကြောင့် အားလုံးမှာ အခက်အခဲဖြစ်ရတယ်။ ဈေးရောင်းဖို့ ဈေးသည်ဆိုတာ မနက် ၅ နာရီ ထကြရတယ်။ ၅ နာရီခွဲလောက်ဆိုရင် ဈေးသွားခင်းကျင်းရတယ်။ ၆ နာရီ ၇ နာရီ ဈေးဖွင့်ဆိုတာနဲ့ တခါတည်း အားလုံး ရောင်းလို့ အဆင်ပြေပြီ။ အခုက ၆ နာရီမှ ထွက်လို့ရမယ်။ တောင်ကုတ်ကို ထွက်ဖို့ မလိခတို့၊ ရွှေပြည်တန်တို့ ၆ နာရီဆို ထပြီး၊ မမီ မီအောင်လုပ် နေကြရတယ်။ ခရီးသည် အားလုံးလည်း ဒုက္ခရောက်ကြတယ်။ ဈေးရောင်းဖို့
ခေါင်းရွက် ဗျက်ထိုးကအစ ဒုက္ခရောက်တယ်။ တည်ငြိမ်မှုရှိလာရင် သတ်မှတ်ချိန်ကို လျော့အောင် လုပ်ချင်တယ်။ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပြင်ဆင်သတ်မှတ်ရေး အစည်းအဝေး ရှိပါတယ်။ အဲဒီ အစည်းအဝေးပြီးရင် ကျနော်တို့ ထုတ်ပြန်ပေးမှာပါ။

ပြည်ပနိုင်ငံသားတချို့ မြန်မာရေပိုင်နက်ထဲ တရားမဝင် ရောက်လာတာ ဖမ်းဆီးထားတယ်လို့ ကြားသိရပါတယ်။ သူတို့တွေကို ဘယ်လို အရေးယူထားပါသလဲ။

ဦးလှသိန်း။   ။ မှန်ပါတယ်။ ဒီရက်ပိုင်း ဇူလိုင် ၂ဝ နေ့က ရခိုင်ပြည်နယ်၊ မေယုကျွန်း အနောက်တောင်ဖက် မြန်မာ
ရေပိုင်နက်မှာ မြန်မာ့ရေတပ်မတော်က စက်လှေတစီး ဖမ်းဆီးခဲ့ပါတယ်။ စက်လှေပေါ်မှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ၉၁ ဦး စီးနင်းလိုက်ပါလာပြီး ပိုင်ရှင် ထိုင်းနိုင်ငံသား ၁ ဦးနဲ့ စက်လှေလုပ်သား မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၈ ဦး ပါဝင်ပါတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကနေ မလေးရှား နိုင်ငံအသွား မြန်မာရေပိုင်နက် အတွင်းကို ဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ သိရတယ်။

ဒီလိုပဲ ကုန်ခဲ့တဲ့လကလည်း ဘင်္ဂလားဒေ့ခ်ျကနေ မလေးကို သွားတဲ့ စက်လှေတစီးကို ဂွမြို့နယ်မှာ ဖမ်းမိလို့ စက်လှေမှာ ပါလာတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၈၈ ဦးကို ထိန်းသိမ်းခဲ့ရပါသေးတယ်။ သူတို့တွေ အားလုံးကို ၁၉၄၇ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ ပုဒ်မ ၁၃(၁) အရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တရားမဝင် ရောက်ရှိလာသူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ် ပါသလား။

ဦးလှသိန်း။   ။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖမ်းမိတဲ့အခါ ဥပဒေအရ အမိန့်ချပြီးလို့ရှိရင်
ပြည်နှင်ဒဏ် ပေးပြီးတဲ့အခါဖြစ်စေ၊ သတ်မှတ်ပြစ်ဒဏ်ကို ခံယူပြီးတဲ့အခါဖြစ်စေ၊ လဝက ကနေတဆင့် သူနဲ့ သက်ဆိုင် ရာနိုင်ငံ သံရုံးကို လွှဲပေးရပါတယ်။ ဒီနေရာမှာ နှစ်မျိုးရှိတယ်။ ဥပဒေအရ ပြစ်ဒဏ်ချပြီးတာနဲ့ သူတို့သံရုံးကို လွှဲပေးရ တယ်။ သက်ဆိုင်ရာ နိုင်ငံ ပြန်ရောက်တဲ့အခါ ဒီက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ကျခံစေတယ်။ နောက်တမျိုးက ဒီနိုင်ငံရဲ့ဥပဒေနှင့်အညီ ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၅ နှစ်ကို ဒီမှာ ကျခံစေပြီးမှ သံရုံးက တဆင့် သက်ဆိုင်ရာ နိုင်ငံကို
ပြန်ပို့တာလည်း ရှိတယ်။

ရခိုင်ပြည် အရေးအခင်း စတင်ဖြစ်ပွားချိန်က စပြီး ဒီကနေ့အထိ မီးဘေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိလို့ ရှောင်တိမ်း
နေထိုင်သူ ဒုက္ခသည်ပေါင်း ဘယ်လောက် ရှိနေပြီလဲ။ စောင့်ရှောက်မှုတွေကို ဘယ်လို ဆောင်ရွက် ပေးထားပါသလဲ။


ဦးလှသိန်း။   ။ စတင် ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက စစ်တွေမှာ ရခိုင်ဒုက္ခသည် စခန်းပေါင်း ၅ဝ ကျော် ရှိခဲ့တော့ ဒုက္ခသည် ရှစ်ထောင်လောက် (ရခိုင်တိုင်းရင်းသား) ရှိခဲ့တယ်။ ဒါက အိမ်မီးလောင်ခံရ၊ ဖျက်ဆီးခံရတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်။ အိမ်တွေ မီးလောင် ဖျက်ဆီးခံရခြင်း မရှိသော်လည်း စိတ်လုံခြုံရေး မရှိတဲ့အတွက် ဒုက္ခသည် ငါးထောင်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံမှုရှိတယ်ဆိုတော့ အိမ်မီးလောင်ခံရလို့ နေစရာမရှိတဲ့ ဒုက္ခသည်နဲ့ စိတ်လုံခြုံမှုမရှိတဲ့အတွက် ပြောင်းလာတဲ့ဒုက္ခသည်တွေ ပေါင်းလိုက်ရင် ခန့်မှန်းခြေ ရပြီနော်။

နောက် ဘင်္ဂါလီ မူဆလင် ဒုက္ခသည်တွေ အနေနဲ့ကတော့ မောင်တောမှာ ၁,၃၂၉ ဦး ရှိတယ်။ စစ်တွေမှာတော့ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်ပေါင်းက ငါးသောင်း သုံးထောင် ရှိတယ်။ ဒီအထဲမှာ စစ်တွေမြို့ထဲကို စားနပ်ရိက္ခာအတွက် သွားရောက်ဝယ်ယူဖို့ အခက်အခဲရှိတဲ့ ဘင်္ဂါလီကျေးရွာများမှ လာသူတွေလည်း ပါဝင်တယ်။ ဆိုတော့ မီးလောင်မှု
ကြောင့် ဒုက္ခသည် ဖြစ်တဲ့ ဘင်္ဂါလီမူဆလင်က သုံးသောင်းလောက် ရှိမယ်။ အချို့ဘင်္ဂါလီတွေက မြို့ထဲ မလာရတော့ စားစရာ မရှိ။ မရှိတော့ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ညှိပြီးတော့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့)နဲ့ ပေါင်းပြီး ပေးရတယ်။ ဒီလိုပဲ မောင်တောဘက်မှာလည်း တချို့ သက်ရွ့ာ၊ မြိုရွာတွေက ဘင်္ဂါလီရွာတွေကို ဖြတ်ပြီးတော့ မောင်းတောလည်း လာမရလေတော့ သူတို့ကိုလည်း ပေးနေရတယ်။

ဒုက္ခသည်စခန်းတွေ ဆောက်လုပ်မှုအနေအထားကိုလည်း သိပါရစေခင်ဗျာ။

ဦးလှသိန်း။   ။ ရခိုင်တိုင်းရင်သားဒုက္ခသည်နဲ့ ဘင်္ဂါလီဒုက္ခသည် နှစ်မျိုးလုံးအတွက် ပြည်နယ်အစိုးရက စစ်တွေမှာ ဒုက္ခသည်တန်းလျားပေါင်း ၁၇ဝ ဆောက် လုပ်ပေးနေတယ်။ တန်းလျားတခုစီရဲ့ အတိုင်းအတာက ၄၅ ပေ x ၂၃ ပေ x ၈ ပေ။ ရောတိုင်၊ မြေစိုက်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုး။ တန်ဖိုးအားဖြင့် ၃၃ သိန်း သုံးသောင်း။ ရခိုင်ဒုက္ခသည်များ အတွက် တဲအလုံး ၇ဝ ဖြစ်ပြီးတော့၊ မူဆလင် ဒုက္ခသည်များအတွက် တဲအလုံး ၁ဝဝ ဆောက်လုပ်နေပါတယ်။

အဆောက်အဦးများနဲ့ သက်ဆိုင်တဲ့ ကုလ၊ INGOs အဖွဲ့များကတော့ ဘင်္ဂါလီ မူဆလင်များအတွက် လိုအပ်တဲ့ တန်းလျား ၆ဝဝ ကို သီးသန့် ဆောက်လုပ်ပေးဖို့  ရှိတယ်။ သူတို့ရဲ့ တန်းလျားတခုမှာ မိသားစု ၁ဝ စု (ခန့်မှန်းခြေ လူ ၆ဝ) နေထိုင်နိုင်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်သာ ပါရှိပြီး သောက်သုံးရေ ပါရှိပါမယ်။

နောက်ပြီးတော့ ဆောက်လုပ်တဲ့ စနစ်ကိုလည်း ပြောပါဦးမယ်။ တဲက တန်းလျားမှာ အလယ်ခွဲဆောက်တယ်။ အလယ် မခွဲတဲ့ အခါကျတော့ အလယ်မှာ လမ်းလုပ်လို့ရှိရင် မိသားစုနှစ်စု မျက်နှာချင်းဆိုင် နေဖို့ကလည်း ခက်တယ်။ အဲဒါကြောင့် အလယ်ကို ခွဲဆောက်လုပ်ရတာပါ။ သူက ဟိုဘက်လှည့်၊ ကိုယ်က ဒီဘက်လှည့်ဆိုရင်၊ မျက်နှာချင်းဆိုင် ဆိုလိုရှိရင် မိသားစုတွေ နေရေးထိုင်ရေး ခက်မယ်။ အခုလို အလယ်ခွဲ၊ ကျောခွဲ ဆောက်တဲ့အခါမှာ လောလောဆယ်က မူဆလင်ဒုက္ခသည်တွေအတွက် ယာယီရွက်ဖျင်တဲ ၁,၂ဝဝ ထိုးပေးတယ်။ တန်းလျား အလုံး ၉ဝ ခန့် ဆောက်လုပ်ပေး ပြီးနေပြီ။ စစ်တွေ ရခိုင် ဒုက္ခသည်တွေ အတွက် နေပူခံရပ်ကွက် ဒုံးတိုက်ကွင်းမှာ တန်းလျား ၂၅ လုံး၊ မင်းဂံရပ်ကွက်မှာ ၈ လုံး၊ ဓညဝတီရပ်ကွက်မှာ ၈ လုံး ဆောက်လုပ်နေပါတယ်။ အတော်များများ ပြီးစီးနေပြီ။

မောင်တောဒေသမှာဆိုရင် တိုင်းရင်းသား ဒုက္ခသည်တွေ မီးလောင်ခံရတဲ့ အိမ်တွေ အတွက် နိုင်ငံတော်အစိုးရက ၂၄ ပေ x ၁၈ ပေ x ၁၂ ပေ၊ အုတ်ဖိနပ်၊ သစ်မာတိုင်၊ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး။ တန်ဖိုး ၂၈ သိန်း ၄ သောင်းတန် အိမ်တွေ ဖြစ်တယ်။ မောင်တော ဒေသမှာတော့ ခုနကပါတဲ့ စာရင်း အတိုင်း အိမ်ခြေ ၄၇၂ လုံး ဆောက်ပေးရမှာ
ဖြစ်ပါတယ်။

သတင်းအတိုထွာ


ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် စစ်တွေသို့ ရောက်ရှိ

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။

ဒေါက်တာမျိုးမြင့် ခေါင်းဆောင်သည့် ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦး လိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုသည်။

ကော်မရှင်သည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ တောင်ကုတ်၊ ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိ ဆောင်ရွက်သွားမည်
ဖြစ်သည်။
rakhinmissiongroup
RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လေးဦးတို့ စက်တင်ဘာ ၉ရက်နေ့တွင် စစ်တွေ သို့ ဆက်လက် ရောက်ရှိကာ လက်ရှိ အဖွဲ့နှင့် ပူးပေါင်းဆောက်ရွက်သွားမည်
ဖြစ်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်များမှာ လာရောက်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းတာဝန်အပ်နှင်းထားပြီး၊ ငြိမ်းချမ်းရေးအတွက် ရေတိုရေရှည် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ကိုးကွယ်သည့် ဘာသာ မတူညီသော လူမျိုးစုများအကြား ယှဉ်တွဲနေထိုင်ရေးနှင့် ဆောင်ရွက်သင့်သည်များကို ရက် ၃၀ အတွင်း သမ္မတထံသို့ ပြန်လည်တင်ပြရမည် ဖြစ်သည်။

သတင်းအတိုထွာ


တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။        ။ တူရကီနိုင်ငံသံအမတ်ကြီး Mr. HE . Murat Yavuz Ates ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးသည် ကြာသပတေးနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အားများဖြင့် ကူညီရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တူရကီ သံအမတ်က
ပြောသွားခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ယာယီကယ်ဆယ်ရေးတဲများ အကူအညီပေးရန်
ဆွေးနွေးခဲ့သည်။

Mr. HE . Murat Yavuz Ates နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင်း စစ်တွေမြို့နယ် မင်းဂံရပ်ကွက်သို့ သွားရောက်ခဲ့ပြီး ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ် ၈၀ နှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းအပြင် စစ်တွေမြို့နယ် သက္ကေပြင်ရွာရှိ ဒုက္ခသည်များအတွက်လည်း ဆန်အိတ် ၂၂၂၈ အိတ်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

တူရကီ သံအမတ်နှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည်။

တူရကီ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr Ahmet Davutoglu ဦးဆောင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့သည်လည်း သြဂုတ်လ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘောဒူဘ (ရိုဟင်ဂျာ ဒုက္ခသည်စခန်း)နှင့် မူဆလင်များ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်အပြင် ဆုတောင်းပြည့်ကျောင်းရှိ ရခိုင်မီးဘေးဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သေးသည်။

ယခုလ ၈ ရက်နေ့ကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Joe Yun၊ သံအမတ်ကြီး Mr DerekJ Mitchell ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Mr.Hans ten Feld တို့ ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ သံတမန်အဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများ အခြေအနေကို သွားရောက်လေ့လာ ခဲ့သည်။

မောင်တော မြို့နယ် မောရဝတီကျေးရွာတွင် အခိုင်အမာအိမ် ခြောက်လုံး၊ ရွက်ဖျင်တဲ ၁၂၂ လုံး ဆောက်လုပ်ထားပြီး အလယ်သံကျော် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၄၆၃ ယောက်၊ ရွှေရင်အေး ကျေးရွာတွင် အခိုင်အမာအိမ် ၃၈ လုံး ယာယီ ရွက်ဖျင်တဲ ၇၉ လုံး ဆောက်လုပ်ထားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အင်္ဂါနေ့ က ဖေါ်ပြထားသည်။

ယင်းအပြင် မောင်တောမြို့ ၄ မိုင်စခန်းနှင့် ပရဟိတ ကယ်ဆယ်ရေးစခန်းတို့တွင်လည်း အိမ်ထောင်စု ၇၆ စုနှင့် လူဦးရေ ၂၆၆ ဦးတို့ နေထိုင်လျက်ရှိသည်ဟု သတင်းစာက ဖေါ်ပြထားသည်။

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခအတွင်း ၇၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။

သတင်းအတိုထွာ


ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး၏ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး အစည်းအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊ ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။

OIC ခေါင်းဆောင်များ ပြင်ဆင်ရေးဆွဲထားသည့် နောက်ဆုံး ကြေညာချက်နှင့် ဆုံးဖြတ်ချက် မူကြမ်း လေးခုကို မက္ကာမြို့၌ အင်္ဂါနေ့ညနေတွင် ကျင်းပမည့် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

OIC ကိုယ်စားလှယ်အဖြစ် ရခိုင်ဒေသသို့ ကိုယ်တိုင်သွားရောက် လေ့လာကာ အကူအညီများ ပေးအပ်ခဲ့သည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ကလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက
မြန်မာနိုင်ငံအတွင်း ဆွေးနွေးခဲ့မှုများနှင့် အကူအညီပေးခဲ့သည်များကို OIC အဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ကလည်း ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကာ ပဋိပက္ခများ အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံသားဖြစ်မှု ဥပဒေအားလည်း
ပြန်လည်သုံးသပ်ရန် မြန်မာအစိုးရအား တိုက်တွန်းပြောဆိုသွားခဲ့သည်။

တနင်္လာနေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာ နိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ
ပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)အား ပယ်ဖျက်သင့်
ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြ က တင်သွင်းရာ အခြား ကိုယ်စားလှယ် တဦးက
ထောက်ခံပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာသတင်း


ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ
အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်
ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ
အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ
ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

မြန်မာသတင်း

သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်PDFPrint
WEDNESDAY, 12 SEPTEMBER 2012 13:50
AddThis Social Bookmark Button
5243
ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်အား တွေ့မြင်ရစဉ်
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါ သည်။
စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်ဖွင့်လှစ်ထားပြီး ချောက်၊ ရေနံချောင်းနှင့် မန္တလေးမြို့များ၌ ငါးဆိုင်ဖွင့်လှစ်ထားသည်။
“ဆိုင်တွေ ထပ်မဖွင့်နိုင်တဲ့ အဓိကအချက်ကတော့ ပြည်တွင်းက မော်တော်ကားတွေအတွက် သုံးနေ တဲ့သဘာဝဓာတ်ငွေ့က အထွက်နှုန်းကျလာလို့ နိုက်ထရိုဂျင်ပါတဲ့ သဘာဝဓာတ်ငွေ့ကိုသန့်စင်ပြီးအသုံးပြု နေရလို့ပါ။ ရွှေသဘာဝဓာတ်ငွေ့က ရမယ့်ဓာတ်ငွေ့ကတော့ နိုက်ထရိုဂျင်မပါဝင်လို့  တိုက်ရိုက် အသုံးပြုနိုင် ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြော ကြားပါသည်။
စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ပေးအပ်ထားသည့် မော်တော်ယာဉ် အစီးရေ ၂၇၄၇၂စီးအတွက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၆ ဆိုင်ဖြင့် လစဉ် ကုဗပေ သန်း ၆၀၀ ခန့် ဖြန့်ဖြူး ရောင်းချပေးနေပြီး ညောင်တုန်း၊ အဖျောက်၊ ရေနံချောင်း၊ ချောက်၊ သာကြီးတောင်နှင့် လက်ပံတိုရေနံမြေ များမှ အဓိကထုတ်ယူနေသည်။
အဆိုပါ ရေနံမြေများမှ ထုတ်ယူနေသည့် သဘာဝဓာတ်ငွေ့များ မှာ ထုတ်ယူမှုကာလကြာမြင့်လာ သည်နှင့်အမျှ အထွက်နှုန်းလျော့ ကျမှုများ ရှိနေကြောင်း၊ ညောင် တုန်းရေနံမြေနှင့် အဖျောက် ရေနံ မြေမှာ အထွက်နှုန်း ဆိုးရွားစွာ ကျဆင်းလာနေပြီး ညောင်တုန်းရေနံ မြေမှာ ယခင်တစ်ရက်လျှင် သ ဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀ ခန့်ထွက်ရှိသော်လည်း လက်ရှိ၌ တစ်ရက်လျှင် ကုဗပေသန်း ၆၀ မှ ၈၀ အကြားသာ ထွက်ရှိပြီး အဖျောက် ရေနံမြေမှာ ယခင်တစ်ရက်လျှင် ကုဗပေသန်း ၁၁၀ ခန့်ထွက် ရှိသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ကုဗပေ ရှစ်သန်းမှ ၁၀ သန်းဝန်းကျင်သာ ထွက်ရှိကြောင်း သိရှိရပါသည်။
မော်တော်ယာဉ်များတွင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်း အား၂၀၀၈  ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့ပြီး ထိုသို့ရပ်ဆိုင်းခဲ့သဖြင့် တရားမ၀င် စီအန်ဂျီ ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ စွမ်းအင်ဝန်ကြီး ဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်မြန်မာနိုင်ငံမှရရှိမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် ၂၀၁၃ ခုနှစ် တွင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်း ကို ပြန်လည်ခွင့်ပြုမည် ဖြစ်သည်။