အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Saturday, September 15, 2012

အောင်လနှင့်တွေဆုံခြင်း

ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီ ဆိုကတည်းက စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး’ အောင်လနှင့် တွေ့ဆုံခြင်းPDFPrint
WEDNESDAY, 25 JULY 2012 15:39
AddThis Social Bookmark Button
e5173
ဂီတလောကမှာ အောင်မြင်မှု တစ်နေရာနဲ့ ပရိသတ်အခိုင်အမာ ရထားပြီးသား အနုပညာရှင် တစ်ဦးဖြစ်တဲ့ တေးသံရှင် အောင်လက ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလူမင်းရိုက်ကူးပြီး ၂၀၁၁ ခုနှစ် မတ်လပိုင်းတုန်းက ‘ရန်ကုန်မြို့ထဲ လမ်းလျှောက်ခြင်း’ ဆိုတဲ့ စီးရီးထွက်ရှိခဲ့တဲ့ နန်းဆုဦးနဲ့အတူ အဓိက ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ‘ဘောင်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေပါတယ်။ ဂီတသမားတွေက သရုပ်ဆောင်အလုပ်ကိုတွဲလုပ်ကြသလို သရုပ်ဆောင်တွေကလည်း ဂီတအနုပညာအလုပ်တွေကို လုပ်လေ့ရှိပြီး အနုပညာ နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အောင်လရဲ့ နောက်ထပ် အနုပညာခြေလှမ်းတစ်ခုနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့  .  .  .
မေး ။ အခုလို ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်သွားတဲ့ အကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ ။ ဒီဇာတ်ကားရဲ့ပရိုဂျူဆာ ဖြစ်တဲ့ မင်းသမီးအမေက ကျွန်တော်တို့ နဲ့ ဟိုးအရင်ကတည်း ခင်ခဲ့ကြတာ။ မင်းသမီးကလည်း ငယ်ငယ်တည်းက ကျွန်တော်တို့ လက်ပေါ်ကြီးခဲ့တာဆိုတော့ သူတို့က တစ်ကားလောက် ရိုက်ပေးပါဆိုတဲ့အခါ ငြင်းလို့မရလို့ ရိုက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ဇာတ်ကလည်း ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကား ဖြစ်နေတာကြောင့်ပါ။
မေး ။ သရုပ်ဆောင်တစ်ယောက် လုပ်ရတော့မယ် ဆိုတဲ့အချိန်မှာ အောင်လဘက်က ပြင်ဆင်ခဲ့ရတာမျိုးတွေ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အများကြီးတော့ပြင်ဆင်ရပါ တယ်။ အထူးသဖြင့်ကတော့ အန်ကယ်လေး(ဦးလူမင်း)နဲ့ ရိုက်မယ်ဆိုတော့ ပိုပြီးတော့ပိုပြီးပြင်ဆင်ရတယ်။ အန်ကယ်လေးကလည်း အများကြီး သင်ပေးတယ်။ ဇာတ်ကားမရိုက်ခင် ကတည်းက ဇာတ်လမ်းကို ပြောပြပြီး ကိုယ့်ကာရိုက်တာပုံစံမျိုး လေ့ကျင့်ခဲ့ ရတယ်။
မေး ။ ပထမဆုံး သရုပ်ဆောင်ရမယ့် ဒီဇာတ်ကားမှာ အောင်လအတွက် ဘာတွေက အခက် အခဲဖြစ်စေလဲ။
ဖြေ ။ ဒီဇာတ်က လူငယ်ဇာတ်လေး ဆိုတော့ ကျွန်တော့်အတွက် အရမ်းကြီးခက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် စကားပြောရတာတော့ ကျွန်တော့်အတွက် တော်တော်ခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စာရွက်ကြည့်ပြီး ပြောရတဲ့စကားမျိုး မှားတာတွေရှိတော့လေ။  နောက်ပြီး အခု ရိုက်နေတဲ့ရက်တိုင်းမှာလည်း ကျွန်တော့် အတွက်တော့ ခက်ခဲနေတာချည်း ပါပဲ။ အခက်ခဲဆုံးဖြစ်မှာကတော့ နောက်ဆုံးအခန်းပဲ ထင်တယ်။ အဲဒီ မှာက အန်ကယ်လေး(လူမင်း)နဲ့ စကားတွေ အပြိုင်ပြောရမှာဆိုတော့လေ။
မေး ။ ဂီတနဲ့ သရုပ်ဆောင် အဲဒီအနုပညာ နှစ်ခုအပေါ်မှာ အောင်လအနေနဲ့ ဘယ်လိုခံစားမိလဲ။
ဖြေ ။ ဂီတအလုပ်က ကိုယ့်ကိုယ် ကိုယ်ပိုင်တယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီဂီတနဲ့ စာသားတွေထဲမှာ စီးမျောပြီး ဖန်တီးရတာမျိုးလေ။ ရုပ်ရှင်မှာကျတော့ ဇာတ်ရုပ်တစ်ခုကို ကိုယ်က အငှားခံစားပြီး အဲဒီထဲကိုဝင်သွားရတာ မျိုးဆိုတော့ ကိုယ့်ကိုကိုယ်မပိုင်ဘူးလို့ ခံစားရတယ်။ ပုံစံကတော့ တော်တော်ကွဲတယ်။
မေး ။ ဒီကားကလည်း ဂီတနဲ့ပတ်သတ်တဲ့ ကားလေးဆိုတော့ အောင်လသီချင်းတွေ ပါမှာလား။
ဖြေ ။ ကျွန်တော့်ရဲ့ ဒုတိယခွေထဲက သီချင်းတွေ တော်တော်များများသုံးမှာပါ။ အရင်ပရိသတ်သိပြီးသား သီချင်းတွေထဲက တစ်ပုဒ်လောက်ပဲ ပါမှာပါ။
မေး ။ အခုလိုသရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သတ်ပြီး ဂီတအသိုင်းအ၀ိုင်းက သူငယ်ချင်းတွေနဲ့ မိသားစု ဘယ်လိုအားပေးလဲ။ ရှေ့ဆက်ပြီးတော့ရော သရုပ်ဆောင်ဘက်မှာ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိနေပြီလား။
ဖြေ ။ အမေကတော့ အားပေးတယ်။ အခုရိုက်ကွင်းကိုလည်း သူလိုက်လာပေးတယ်။ S.I.R က သူငယ်ချင်းတွေကတော့ ပြတ်သားတယ်။ ‘မင်းလုပ်နိုင်ရင်လုပ်ပေါ့’တဲ့။ ကျွန်တော့်အနေနဲ့ကတော့ အခုလောလောဆယ်မှာ ဒီကားရိုက်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကတော့ ဘာမှ မသေချာသေးပါဘူး။
မေး ။ ဒီဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်တာမျိုးရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အမှတ်တရကတော့ကျွန်တော့် အခန်းတွေ မပါသေးပေမယ့် လေ့လာလို့ရအောင်  ရိုက်ကွင်းကိုလာကြည့်တဲ့ နေ့မှာပဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချပြီး သူများအစား စိတ်တွေပူနေခဲ့ရတယ်။ မဖြစ်တော့ဘူး ထင်တယ်ဆိုပြီး ပရိုဂျူဆာ အန်တီကိုငြင်းပေမယ့် မရခဲ့ဘူး။ ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီဆိုကတည်း စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး။ ရုပ်ရှင် ကြည့်ရင်လည်း ငါလုပ်လို့ဖြစ်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ စိတ်နဲ့ကြည့်လို့မရခဲ့ဘူး။ ဂီတနဲ့ ပတ်သက်တာတွေလည်း ဘာမှမလုပ်ဖြစ်ခဲ့သလို လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ လည်း စိတ်ဓာတ်တွေ ကျခဲ့ရတယ်။
မေး ။ ဒါဆိုဒီကားအတွက် ဘယ်လိုအားတင်းပြီး ရိုက်ကူးခဲ့တာလဲ။
ဖြေ ။ အဓိကတော့ ကျွန်တော့် ကောင်မလေးက အများဆုံး အားပေးခဲ့တာပါ။ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့အားပေးစကားနဲ့အတူ အမှတ်တရလေး ဖြစ်ချင်တာကြောင့် စိတ်အားတင်းပြီး ရိုက်ဖြစ်ခဲ့တာပါ။ေ

ဝိုင်းစုခိုင်သိန်းနှင့် အင်တာဗျူး


‘အနုပညာ အလုပ်လုပ်တဲ့အခါ ခံစားချက်က အရေးကြီးပါတယ်’ ၊ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်းPDFPrint
THURSDAY, 14 JUNE 2012 10:59
AddThis Social Bookmark Button

e5112
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင်ပိုင်းတွင် သာမကအဆိုပိုင်းတွင်ပါ ပရိသတ်လက်ခံထားသူ ၀ိုင်းစုခိုင်သိန်းပင်ဖြစ်သည်။ ပရိသတ်ရှေ့မှောက် ရောက်ရှိလာသည့် ဇာတ်ကားများတွင် ပီပြင်သည့် ဇာတ်ကောင်စရိုက်များနှင့် ဖမ်းစားနိုင်ခဲ့သူ ၀ိုင်းစုခိုင်သိန်းက ထွက်ရှိထားသည့် တစ်ကိုယ်တော် တေးစီးရီးများဖြစ်သည့် ‘မက်လောက်စရာ’ နှင့် ‘မျက်လှည့်’ နှစ်ခွေလုံးတွင် ပရိသတ် အားပေးမှုအပြည့်အ၀ ရရှိထားသူဖြစ်သည်။ ဂီတနှင့် သရုပ်ဆောင်နယ်ပယ် နှစ်ခုကြား လှုပ်ရှားနေသူ ၀ိုင်းစုခိုင်သိန်းက မကြာခင် ရုံတင်ပြသတော့မည့် ဒါရိုက်တာမီးပွား ရိုက်ကူးသော ‘ဆယ့်နှစ်ကြိုးကဝေ’ လူငယ် အချစ်ဂီတဇာတ်လမ်းတွင် ဇာတ်ကောင်စရိုက်အတိုင်း ပီပြင်စွာ ပုံဖော်ထားသည်ကို တွေ့မြင်ရသည်။ ၀ိုင်းစုခိုင်သိန်း၏ ရှေ့ဆက်သွားမည့် အနုပညာခရီးလမ်း၊ ဂီတနှင့် ရုပ်ရှင်နယ်ပယ်နှစ်ခုကြားမှ လှုပ်ရှားဆောင်ရွက်နေမှုများ၊ အလွမ်းသီချင်းအများစုဖြင့် ပရိသတ်အားပေးခံရပုံတို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ ဆယ့်နှစ်ကြိုးကဝေဇာတ်ကားမှာ ဇာတ်ကောင်စရိုက် အတိုင်းပီပြင်အောင် လုပ်ထားတာ တွေ့ရတယ်။ အဲဒီကားရိုက်တဲ့ အတွေ့အကြုံလေး အရင်ပြောပြပေးပါလား။
ဖြေ ။ ချစ်ခြင်းတရားရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ အဓိပ္ပာယ်လေးကို ပုံ ဖော်ရတာပေါ့လေ။ ဒီကားမှာဝိုင်းစု က မိန်းမသားချင်းဆိုတဲ့ မခံချင်စိတ်နဲ့ကိုယ်နဲ့ မဆိုင်တဲ့ပြဿနာတစ်ရပ် မှာ ၀င်ပါရတယ်။ အဲဒီကောင်လေးကို ပဲကိုယ်က တကယ်ချစ်မိသွားပေမယ့် မချစ်ဟန်ဆောင်ရတယ်။ ဒီကောင်လေးက ကိုယ့်ကိုအရွဲ့တိုက်ပြီး ရည်းစားတွေ အများကြီးထားတော့လည်း ကိုယ်ပဲဝမ်းနည်းရတဲ့ ခံစားမှုမျိုးတွေ ပေါ်လွင်အောင် သရုပ်ဆောင်ရတာပါ။
မေး ။ဝိုင်းစုပြန်ကြည့်တဲ့ အချိန်မှာရော ဒီဇာတ်ကားလေးအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ ။ ဒီဇာတ်ကားလေးက လူငယ်တွေ အပြင်မှာဖြစ်နေတဲ့ ဇာတ်ကောင် စရိုက်တွေကို ထင်ဟပ်ပြီး ရိုက်ထားတဲ့ ကားလေးပေါ့။ ၀ိုင်းစုတို့လည်း ကိုယ်လုပ်ခွင့်ရတဲ့ ဇာတ်ကောင်စရိုက်လေးပေါ်မှာ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ခဲ့တယ်။ အခုပြန်ကြည့်တော့လည်း ကြိုက်ပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်လို့မျှော်လင့်ပါတယ်။
မေး ။ ဘယ်ဇာတ်ကား အမျိုးအစားကို ကြိုက်တယ်ဆိုတာမျိုးထက် ဘယ်ဇာတ်ကားကောင်း တယ်ဆိုတာမျိုး ရွေးကြည့်တဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုကြတယ်။ အဲဒီအပေါ်မှာရော ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ ။အရင်တုန်းကတော့ ဟာသကားတွေကြိုက်ကြတယ်၊ ဒရာမာကားတွေ ကြိုက်ကြတယ် စသဖြင့်သူ့ Trend နဲ့သူကြိုက်ကြတာမျိုး ရှိတယ်။ အခု က ဟာသကားတိုင်းကိုလည်း ပရိသတ်က ကြိုက်ကြတာမျိုး မဟုတ်သလို ဘယ်ဇာတ်ကား အမျိုးအစားကိုတော့ဖြင့် ကြိုက်တယ် ဆိုတာမျိုးမရှိဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကလည်း ကောင်းမယ်၊ သရုပ်ဆောင်တွေ လည်းကြိုးစားမယ်၊ ဒါရိုက် တာရဲ့ရိုက်ကူးတင်ပြပုံက ကောင်းမယ်ဆိုရင် အဲဒီကားကို ကြိုက်ကြတယ်။
မေး ။ အဆိုပိုင်းမှာလည်း ၀ိုင်းစုကိုပရိသတ်တွေ က လက်ခံထားပြီးသားဆိုတော့ သရုပ်ဆောင်ပိုင်း နဲ့ အဆိုပိုင်းကို ဘယ်လိုခွဲခြားသွားမလဲ။
ဖြေ ။ သီချင်းဆိုတာကတော့ ၀ိုင်းစုငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။ တကယ်တမ်း အနုပညာအလုပ်တွေ လုပ်ဖြစ်တော့ သရုပ်ဆောင်ပိုင်းကို စပြီး လုပ်ဖြစ်ခဲ့တယ်။ ကိုယ်စပြီး လုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုကိုလည်း ဆက်လုပ်ချင်သလို ကိုယ့်စိတ်ထဲနှလုံးသားထဲက ၀ါသနာပါတဲ့ သီချင်းဆိုတဲ့ အပိုင်းကိုလည်း ဆက်လုပ်နေချင်သေးတယ်။ ဒီတော့ ဇာတ်ကားရိုက်တွေကိုလည်း တတ်နိုင် သလောက် အချိန်ပေးဖြစ်သလို သီချင်းပိုင်းကိုလည်း အချိန်ပေးဖြစ်ပါတယ်။
မေး ။ အလွမ်းသီချင်းတွေ ဆိုလိုက်တိုင်း ခံစားချက်ပီပြင်သလို အဲဒီသီချင်းတွေနဲ့ ပိုပြီး အသိများစေတယ်နော်။ သီချင်းဆိုတဲ့အခါ ကိုယ်ပိုင်ခံစားချက်က ဘယ်လောက်အရေးကြီးတယ်လို့ ထင်လဲ။
ဖြေ ။ အနုပညာ အလုပ်လုပ်တဲ့အခါ ခံစားချက်က အရမ်းအရေးကြီးပါတယ်။ ဇာတ်ကားရိုက်တဲ့အခါ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက်အတိုင်း ပူးဝင်ခံစားပြီး သရုပ်ဆောင်ရတာပါပဲ။ သီချင်းတစ်ပုဒ်ဆိုတဲ့အခါမှာလည်း အဲဒီသီချင်းလေးရဲ့ ပုံစံအတိုင်းကို ခံစားပြီး သရုပ်ဆောင်ရတာပါ။ဝိုင်းစုကို အဆို တော်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့တာကလည်း ‘အပြစ်မမြင်’ ကစလို့ အလွမ်းသီချင်းလေးတွေပဲ များတယ်။ ၀ိုင်းစုနဲ့ကံစပ်တယ်လို့ပဲဆိုရမှာပေါ့။
မေး ။ မျက်လှည့် စီးရီးရဲ့ဗီစီဒီကရော။
ဖြေ ။ ဗီစီဒီရိုက်တဲ့ အပိုင်းလေးကို အရမ်းမလောဘဲ အချိန်ယူပြီးရိုက်မယ်လို့ စိတ်ကူးထားတယ်။
မေး ။ ၀ိုင်းစုလျှောက်ခဲ့တဲ့ အနုပညာ ခရီးလမ်းကို ပြန်လှည့်ကြည့်မယ်ဆိုရင် ကျေနပ်မလား။
ဖြေ ။ အတိုင်းအတာ တစ်ခုအထိတော့ ကျေနပ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ဆိုရင်လည်း ၀ိုင်းစု တတ်နိုင်သလောက်ကလေး လုပ်တယ်။ အဲဒီအပေါ်မှာ အထိုက်အလျောက် အသိအမှတ်ပြုမှု ပြန်ရတယ်ပေါ့။ ဂီတပိုင်းမှာဆိုလည်း ထုတ်ဖော်တင်ပြခွင့်ရတယ်။ တုံ့ပြန်အားပေးမှုလည်း ပြန်ရတယ်။ အဲဒီအတွက် ကျေနပ်ပါတယ်။ ဒီလောက်နဲ့ ရောင့်ရဲသွားပြီလားဆိုရင်တော့ မဟုတ်သေးဘူး ပေါ့။ အများကြီး ကြိုးစားဦးမှာပါ။
မေး ။ ၀ိုင်းစုရဲ့ အချစ်ရေးလတ်တလော အခြေအနေကရော။
ဖြေ ။ ၀ိုင်းစုအခု စိတ်ချမ်းသာရပါတယ်။ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ၀ါသနာပါတဲ့ အနုပညာ အလုပ်တွေ လုပ်ခွင့်ရနေတယ် လို့ ဆိုရမှာပါ။ 

လေးဖြူနှင့် အင်တာဗျူး

ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ် April 5, 2009 in အင်တာဗျူး | Leave a comment Friday, 03 April 2009 18:55 ဧရာဝတီ အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ) မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။ ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။ ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။ ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ – ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။ ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။ ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ – ဧရာဝတီ) ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။ ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။ မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။ ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။ မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။ ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။ မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။ ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။

မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။ “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ) မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။ ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

Friday, September 14, 2012

မိုးယုစံ


မေးခွန်း တွေ မကြာ ခဏ ဆိုသလို မေးဖြစ် တဲ့ အနုပညာ ရှင် ထဲမှာ မိုးယုစံ လည်း အပါအဝင်ပါ။ ခုလည်း မိုးယုစံ နဲ့တွေ့တော့ မေးခွန်း တွေကို ခဏခဏ အဖြေ ပေးဖြစ် နေသူရဲ့ဖီလင်ကို မေးကြည့်ဖြစ်တော့
“ မိုးယုလည်း မေးခွန်းတွေ ခဏခဏ အဖြေပေး ဖြစ်နေတာ ပေါ့နော်။ စာနယ် ဇင်းတွေ ကလည်း ကိုယ့်ကိုချစ်လို့၊ ခင်လို့လာမေးကြတာ ပဲလေ။ မိုးယုကတော့ လာမေးသမျှကို အဆင်ပြေအောင်ဖြေတာပါပဲ။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မိုးယုက အစကတည်းက စကားနည်းတော့ မင်းသမီး ဖြစ်လာ တော့လည်း စကားကိုသွက် သွက်လက်လက်လှလှ ပပ သိပ်မပြောတတ်ပါဘူး။ အခုနည်းနည်းပြောတတ် လာပြီလို့ပြောရမှာပဲ။
ဒါကလည်း အလုပ် က သင်ပေး သွားတာပါ။ ကိုယ်က စကားနည်းတော့ သိပ်သွက်သွက် လက်လက်ကြီး မပြောတတ်သေးပါဘူး။ ကိုယ့်ကို လာမေး နေကျ ဂျာနယ်၊ မဂ္ဂဇင်းကအစ်ကို၊အစ်မတွေဆို ကိုယ့်အကြောင်း သိနေပြီလေ။ မိုးယုစကားသိပ်မပြော တတ်လို့ လိုအပ်ချက်ရှိခဲ့ရင်လည်း သူတို့က ထိန်းရေး ပေးတာမျိုး ရှိတာပေါ့နော်။ လူသစ်တွေလာမေးလာခဲ့ရင် လည်း မိုးယုက ဖြေတတ်သလို၊ တတ်နိုင်သလောက် အဆင်ပြေအောင် ဖြေပေး လိုက်ပါတယ်။
မေးခွန်းတွေကို ရှောင်တာမျိုး၊ မဖြေချင်တာမျိုး၊ အချိန်မပေးနိုင်တာမျိုး မရှိပါဘူး။ တစ်ခါတလေမှာတော့ အဖွမေးတာမျိုးနဲ့ ဆုံတာမျိုးလည်းရှိပါတယ်။ အဲဒီအခါ ကျရင် ကိုယ်ဖြေတတ်သလို၊ အရိုးခံအတိုင်းပဲ ဖြေလိုက်ပါတယ်။
အဲဒီ အခါကျရင် စာဖတ်သူတွေလည်းသိမှာပါ။ အရိုးခံအတိုင်းပဲဖြေပါလားလို့သိကြမှာပါ။ မိုးယုကတော့ ဘယ်အရာ မဆို ရိုးရိုးပဲကျင့်ပါတယ်။ ရိုးရိုးပဲပြောပါတယ်။ ရိုးရိုးပဲဖြတ်သန်းပါတယ်။ ရိုးတာလေးက ကောင်းပါတယ်။ မဟုတ်ဘူးလား”လို့ ရိုးရှင်းစွာ အဖြေပေးလာခဲ့ပါတယ်။
Nov 16, '10 10:12 PM
สำหรับ ทุกคน

မင်္ဂလာပါ မိုးယုရေ .. ခိုင်လေးကတော့ MYMC Online Radio က Amedeo ပါ။ ပထမဆုံး မိုးယုရဲ့နာမည်အရင်းနဲ့ မွေးနေ့လေးကို ပရိတ်သတ်ကြီး သိအောင်ပြောပြပေးပါရှင်။
ဟုတ် .. မိုးယုနာမည်က ဒါ.. မိုးယုနာမည်အရင်းပါပဲ “မိုးယုစံ” ဆိုတာ။ မွေးနေ့သက္ကရာဇ်က ၁၁ ရက် ၇ လ ၁၉၉၁ ပါ။ 

ဟုတ်ကဲ့။ နောက်ပြီးတော့ အခု မိုးယု ဒီအနုပညာလောကထဲကို စတင်ဝင်ရောက်လာပုံလေးကိုလည်း ပရိတ်သတ်ကြီးသိအောင် ပြောပြပေးပါဦး။
အနုပညာလောကထဲတော့ Miss ပြိုင်ပွဲတွေ.. ပြိုင်ပွဲတွေပြိုင်ပြီးတော့ ဝင်လာတာပါ။ ပြိုင်ပွဲပြိုင်ပြီးတော့ ကြော်ငြာရိုက်တယ်။ ပြီးမှ ကားရိုက်ပြီးတော့ဝင်လာတာပါ။ 

ဟုတ်.. မိုးယုက ငယ်ငယ်လေးထဲက ဒီအနုပညာအလုပ်ကို စိတ်ဝင်စားတာလား၊ နောက်ပြီးတော့ ငယ်ငယ်နဲ့ ဒီအနုပညာလောကထဲကို ရောက်လာတာဆိုတော့ ဆယ်ကျော်သက်ဘဝကိုရော စိတ်ကြိုက်ဖြတ်သန်းခဲ့ရရဲ့လား။
ငယ်ငယ်လေးတည်းက ဝါသနာပါတာပါ။ ငယ်ငယ်လေးထဲက လုပ်ချင်ခဲ့တာပါ။ အင်း.. ဒါပေမယ့်ပိုသိလာတာကတော့ ၉တန်း ၁၀တန်းလောက်မှ ဒီအလုပ်လုပ်ချင်တယ်ဆိုတာ ပိုသိလာတယ်။ ၁၀တန်းပြီးတော့လည်း မမျှော်လင့်ဘဲ လုပ်ဖြစ်သွားတယ်။ ပြိုင်ပွဲတွေပြိုင်ပြီး မမျှော်လင့်ဘဲ ဝင်ဖြစ်သွားတယ်။ ဒီအနုပညာလောကထဲရောက်လာတယ်။ အဲဒီအတွက်.. အင်း.. ကျေနပ်တယ်။ နောက်ပြီးတော့ ဆယ်ကျော်သက်ဘဝကို .. (ရယ်လျက်) ဆယ်ကျော်သက်ဘဝကို ဘယ်လိုမှန်းတောင် မိုးယုမသိပါဘူး။ မိုးယုအတွက်က လူငယ်ဆိုပေမယ့် လူငယ်လို တစ်ခါမှမနေခဲ့ရပါဘူး။ 

ဟုတ်ကဲ့။ နောက်.. အဲဒါဆိုရင် အနုပညာအလုပ်တွေနဲ့ရှုပ်နေတာဆိုတော့ ပညာရေးဘက်မှာရော ဘာတွေတက်နေလဲ။ 
ပညာရေးဘက်မှာတော့ ဒုတိယနှစ် အဝေးသင် မြန်မာစာတက်နေတယ် အစ်မ။ 

ဟုတ်ကဲ့။ အခုဆိုရင် မိုးယုက ရုပ်ရှင်လည်း တော်တော်များများရိုက်ပြီးပြီပေါ့နော်။ အဲ့ဒီထဲက အမှတ်တရဖြစ်စေတဲ့ ဇာတ်ဝင်ခန်းအဖြစ်အပျက်တစ်ခုရှိခဲ့ရင် ပရိတ်သတ်ကြီးသိအောင် ပြောပြပေးပါဦး။ 
အမှတ်တရအနေနဲ့တော့ ဒီ.. စင်္ကာပူမှာ အခုလာရိုက်တဲ့ကားလေးက အမှတ်တရပါပဲ။ ဘာလို့ဆိုတော့ ပြည်ပထွက်ရိုက်တာလည်း ပထမဦးဆုံးပဲလေ။ နောက်ပြီးတော့ ဒီလို.... ဒီကားမှာဆိုရင် အဓိကသရုပ်ဆောင်အနေနဲ့ ကိုနေတိုးနဲ့ မိုးယု နှစ်ယောက်တွဲဖြစ်သွားတယ်လေ။ အဲ့ဒီအတွက် ဒီကားလေးက အမှတ်တရအဖြစ်ဆုံးပါ။

ဟုတ်။ နောက်ပြီးတော့ မိုးယုက အခုသရုပ်ဆောင်ဘက်ရော၊ Model ဘက်ရောပေါ့နော် နောက်.. သီချင်းတွေလည်းဆိုလာပြီဆိုတော့  ဘယ်အပိုင်းကို ပိုပြီးအားသန်လဲ၊ လုပ်ရတာ ပိုပြီးစိတ်ပါလဲ။
အားလုံးက အနုပညာပဲဆိုတော့ အားလုံးဝါသနာပါတယ်။ အကုန်လုံးကိုတော့ .. တကယ်လို့ ရှိုးလျှောက်လည်း ရှိုးလျှောက်တဲ့အလျောက် အကောင်းဆုံးလုပ်ပါတယ်။ ဒီသရုပ်ဆောင်တဲ့အပိုင်းမှာဆိုလို့ရှိရင်လည်း သရုပ်ဆောင်တဲ့အပိုင်း ပီပြင်အောင် ကိုယ်လည်း အတတ်နိုင်ဆုံးသရုပ်ဆောင်တယ်။ သီချင်းပိုင်းကကျတော့ ဝါသနာပါလို့ဆိုဖြစ်တာပါ။ အသံကောင်းလို့တော့ မဟုတ်ပါဘူး။

မိုးယုအတွက် စံပြသရုပ်ဆောင် ဒါမှမဟုတ်လို့ရှိရင် လေးစားအတုယူရတဲ့ အနုပညာရှင်တွေရော ရှိလားမသိဘူး။
အင်း.. ကိုယ့်ထက်ဝါရင့်ရင် သရုပ်ဆောင်ရာမှာတော့ အနုပညာပိုင်းနဲ့ပတ်သက်ပြီးတော့ သရုပ်ဆောင်တဲ့အပိုင်းမှာ အကုန်ကောင်းကြတယ်လေ။ အဲ့ဒီအတွက် သူတို့ကိုတော့ နမူနာယူပါတယ်။ သူတို့ကိုအားကျမိတယ်။

ဟုတ်ကဲ့။ အခု မိုးယုက အနုပညာအလုပ်တွေလုပ်နေတာကို မိုးယုရဲ့မိသားစုကရော ဘယ်လောက်ထိ အားပေးပါလဲ။ 
ဒီ အနုပညာအလုပ်လုပ်တော့ အမေနဲ့အဖေပေါ့နော် အမေနဲ့အဖေကတော့ အရမ်းအားပေးတယ်။ အရင်တုန်းကထင်တာက အဲ့လောက်အားမပေးဘူးထင်ထားတာ။ ဒါပေမယ့် အမေနဲ့အဖေက ပိုပြီးတော့တောင် သမီးထက် ပိုပြီးဝါသနာပါတယ်လို့ထင်ရတယ်။

ပိုပြီးအားရှိတာပေါ့။ ဟုတ်ကဲ့ ... အခုမိုးယု အနုပညာလောကထဲကို စရောက်ချင်းတုန်းကပေါ့ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကိုရော ပြောပြပေးပါ။
အင်း.. အခက်အခဲအနေနဲ့တော့ သိပ်အကြုံကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနုပညာအလုပ်ဆိုတာ လူပေါင်းစုံ၊ စိတ်ပေါင်းစုံနဲ့ ဆက်ဆံရတဲ့အခါကျရင်တော့ တခါတလေတော့ အခက်အခဲလေးတွေရှိပါတယ်။ နောက်ပြီး မိုးယုအတွက်က မိုးယုဘာသာမိုးယု.. မိုးယုရဲ့ပင်ကိုစိတ်က အေးအေးနေတတ်တယ်။ အဲဒီအတွက် ဒီအလုပ်လုပ်တဲ့အခါကျရင် နည်းနည်း ဝင်ခါစက အခက်အခဲလေးတွေရှိတယ်။ 

ဟုတ်။ အခု စင်္ကာပူမှာ ရုပ်ရှင်လာရိုက်တာက ပထမဆုံးအကြိမ်ပေါ့နော်။ 
ဟုတ်ကဲ့။

ဟုတ်။ နောက်.. အဲဒါဆိုရင် ဒီ.. မိုးယုရဲ့ အတွေ့အကြုံခံစားချက်လေးကရော ဘယ်လိုများဖြစ်မလဲ။
အင်း.. ပြည်ပထွက်ရိုက်တာ ဒါ ပထမဦးဆုံး။ ပြည်တွင်းမှာတောင်မှ နယ်တွေဘာတွေ သိပ်မထွက်ဖြစ်ဘူးပေါ့နော်။ သိပ်ထွက်ပြီးတော့ သိပ်မရိုက်ဘူး။ မရိုက်ဖူးဘူး။ အခုလို ပြည်ပထွက်ရိုက်တဲ့ အခါကျတော့ ဟို.. အတွေ့အကြုံသစ်လည်းရတယ်၊ နောက်ပြီး ဒီကားလေးကိုကြည့်တဲ့ ပရိတ်သတ်အနေနဲ့လည်း အမြင်ဆန်းလေးတွေဖြစ်မယ်လို့ထင်တယ်။

ဟုတ်။ အခု.. သရုပ်ဆောင်နေတဲ့ဇာတ်လမ်းမှာပေါ့ မိုးယုက ဘယ်လိုဇာတ်ရုပ်မျိုးနဲ့သရုပ်ဆောင်ထားတာလဲ။ 
အင်း.. ဒီကားကတော့ အချစ်ကားလေးပါပဲ။ အချစ်ကားလေး။ ဒီမှာကျတော့ ဘယ်လိုလဲဆိုတော့ ဦးနှောက်.. ဦးနှောက်ကင်ဆာရှိတယ်။ ကင်ဆာရှိတယ်။ သေတော့မယ့်လူပေါ့နော်။ သေတော့မယ့်လူနှစ်ယောက်ရဲ့ ခံစားချက်မတူဘူး။ အဲ့နှစ်ယောက်တွေ့ပြီးတော့ အဲ့နှစ်ယောက်ရဲ့ခံစားချက်.. အချစ်ဆိုတဲ့ ခံစားချက်လေး ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပြီးတော့မှ သေခြင်းတရားကို ရင်ဆိုင်ရတဲ့ဟာမျိုးလေး။ ဒီမှာက ထူးထူးခြားခြားအနေနဲ့တော့ မျက်စိမမြင်တဲ့ပုံစံနဲ့ နောက်ပိုင်းသရုပ်ဆောင်ရတယ်။ ဇာတ်တဝက်မှာပေါ့။

ဟုတ်။ အခုလို အချိန်တိုတိုလေးအတွင်းမှာပေါ့ “မိုးယုစံ” ဆိုတဲ့နာမည်က အနုပညာလောကထဲမှာ တော်တော်နေရာရလာခဲ့တယ်ပေါ့။ အဲ့လိုနေရာရလာအောင် ဘယ်လောက်ထိ ကြိုးစားခဲ့ရတယ်ဆိုတာ ပြောပြပေးပါရှင်။
အဓိကကတော့ မိုးယု ကံပါလို့လည်းဖြစ်လာတာလေ။ ကံပါတယ် နောက်ပြီးတော့ ကံ၊ စန်းပါတယ်.. နောက်ပြီးတော့ ကြိုးစားမှုလည်း ပါမယ်ထင်ပါတယ်။

နောက်ပြီးတော့ အနုပညာသမားတစ်ယောက်ဆိုတော့ ကောလဟာလတွေနဲ့ အနည်းနဲ့အများတော့ကြုံရတာပေါ့။ အဲ့လိုမျိုးကြုံရတဲ့အခါမှာ မိုးယုဘယ်လိုဖြေရှင်းလဲ၊ ဘယ်လိုခံစားရလဲ။
ဘယ်လိုမှမဖြေရှင်းပါဘူး။ ဒါကလည်း ကိုယ့်ကိုယ်ကို ယုံတယ်လေ။ ကိုယ်လည်းဘာမှမလုပ်ဘူး။ အဲ့ဒီအတွက် ဘာမှကိုမဖြေရှင်းပါဘူး။ ခုနပြောသလိုပေါ့ အင်း.. လူတွေက စိတ်အမျိုးမျိုးနဲ့ဆိုတော့ ပြောချင်တာ ပြောနေကြတာပဲလေ။ တခါတလေ တစ်နေ့တည်းနဲ့ သတင်းပေါင်းစုံကြားနေရတာပဲ။ ဒါပေမယ့် ကိုယ်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ယုံတယ်။ ကိုယ့်နည်းတူ ကိုယ့်ကိုယုံကြည်တဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲ့ဒီအတွက် ဘာမှမဖြစ်ပါဘူး။

ဟုတ်။ ကြော်ငြာတွေ ဇာတ်လမ်းတွေထဲမှာ မိုးယုရဲ့ ဝတ်ပုံစားပုံဒီဇိုင်းက ရိုးရှင်းပြီးတော့ အရမ်းချစ်ဖို့ကောင်းတယ်လို့ အားလုံးကပြောကြတယ်ပေါ့နော်။ အဲ့တော့ ဒီအဝတ်အစားဒီဇိုင်းတွေကို Designerနဲ့ တိုင်ပင်ပြီးတော့ ဝတ်တာလား၊ ဒါမှမဟုတ်လို့ရှိရင် ကိုယ့်ဘာသာကိုယ်ပဲ စိတ်ကြိုက်ရွေးချယ်ပြီးတော့ဝတ်တာလား။
မိုးယုတို့ဆီမှာ Designerနဲ့ ချုပ်တာများတယ်။ မိုးယုက Designerနဲ့ ချုပ်တာများတယ်ပေါ့။ ဘာလို့ဆိုတော့ ကြော်ငြာဟာတွေဆိုလို့ရှိရင် ပိုင်ရှင်စိတ်ကြိုက် အရောင်ရွေးပေးရတယ်။ အဲ့အတွက် အပြင်ကအင်္ကျီတွေဝယ်ဖို့က အဆင်မပြေဘူး။ အဲ့အတွက် Designer အပ်တာများတယ်။ တချို့ကားရိုက်တာတွေကျတော့ အခန်းစဉ်.. scenes တွေကလည်းများတယ်လေ။ scenes တွေများတဲ့အခါကျရင်တော့ အပြင်ကအဝတ်အစားတွေဝယ်တယ်။ အဲ့ကျရင်တော့ အမေပဲစီစဉ်တာပါ။ အဓိကကတော့ မိုးယုတို့ဆီမှာ censor ရှိတယ်။ အဲ့ဒီအတွက် censor လွတ်ပြီးတော့ ကိုယ်နဲ့အဆင်ပြေမယ့်ဟာလေးပေါ့နော်။ ကိုယ်ဝတ်တဲ့ဟာက ဟို.. ဒီဘက်ကလူတွေအနေနဲ့ကြည့်ရင် date out ချင်လည်း out နေမယ်။ ဒါပေမယ့်လည်း ကိုယ်နဲ့လိုက်ဖက်ဖို့က အဓိကပဲလေ။ 

ဟုတ်ကဲ့။ အဲဒါဆိုရင် အခု မိုးယုက ဒီအချိန်မှာ အနုပညာရှင်တစ်ယောက် ဖြစ်မနေဘူးဆိုလို့ရှိရင်ပေါ့ .. အခု ဘာတွေလုပ်မယ်လို့ထင်လဲ။ 
အနုပညာရှင်ဖြစ်မနေဘူးဆိုရင် ကျောင်းပဲတက်ဖြစ်မှာပါ။ 

ဟုတ်။ အခု မိုးယုရောက်နေတဲ့နေရာပေါ့၊ မိုးယု ရနေတဲ့နာမည်တစ်လုံးကိုပေါ့ မိုးယုကျေနပ်ပြီလား။ နောက်ထပ်ရော ဘာတွေထပ်လုပ်ဖို့ မိုးယုစိတ်ကူးထားသေးလဲ။ 
အတိုင်းအတာတစ်ခုထိတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်လေးအတွင်းမှာ ချက်ချင်းကြီး ပရိတ်သတ်ကအားပေးခဲ့တဲ့အတွက် ပရိတ်သတ်အားပေးမှုကို ကျေနပ်ပါတယ်။ ဒါပေမယ့်လည်း ဒီ့ထက်မက ပရိတ်သတ်ချစ်ခင်တာ၊ ပရိတ်သတ်အားပေးတာမျိုး၊ ဒီ့ထက်မက အလုပ်တွေလည်းပိုလုပ်ချင်သေးတယ်။ အဲ့ဒီအတွက် ပရိတ်သတ်ကြီးရဲ့ အားပေးမှုက အရမ်းလိုအပ်ပါတယ်။ မိုးယုကို အားပေးပါလို့။ 

ဟုတ်ကဲ့။ နောက် အခု မိုးယုက အနုပညာအလုပ်တွေ ကျောင်းကိစ္စတွေနဲ့ရှုပ်နေတာဆိုတော့ ချစ်သူရောရှိပြီလား။
ချစ်သူက မရှိပါဘူး။ 

ဟုတ်။ အဲ့လိုဆိုရင် ဘယ်လိုမျိုးလူကိုရော အဲ့လို ရွေးချယ်မယ်လို့စိတ်ကူးထားလဲ၊ ဘဝလက်တွဲဖော်အဖြစ်ပေါ့။
အင်း.. စိတ်ကူးက အဝေးကြီးလိုသေးတော့ မသိဘူးအစ်မ (ရယ်လျက်)

ဟုတ်ကဲ့။ အခုက Internet တွေ၊ Email တွေ ခေတ်စားနေတာဆိုတော့ မိုးယုမှာရော ဆက်သွယ်လို့ရမယ့် Email ၊ Facebook ဒါမှမဟုတ်လို့ရှိရင် Personal Website တွေရောရှိလား။ ရှိရင်လည်း မိုးယုကိုချစ်တဲ့ပရိတ်သတ်ကြီးကို ပြောပြပေးပါဦး။ 
အဲဒါတွေမရှိပါဘူး။

ဟုတ်ပြီ။ အဲ့ဒါဆိုရင် အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေ Online ကနေပြီးတော့ ဆက်သွယ်ပေးနေတဲ့ Myanmar Youth Media Club (MYMC)လိုမျိုး Online Media တွေကိုရော မိုးယုအနေနဲ့ ဘယ်လိုမြင်လဲ စိတ်ထဲမှာ။
အင်း.. ဒီလို Media တွေကတော့ မိုးယုတို့အနုပညာသမားနဲ့ ပရိတ်သတ်တွေကြားထဲမှာ အရမ်းလိုအပ်ပါတယ်။ Media တွေမရှိလို့ရှိရင်လည်း ကိုယ်ဘယ်လောက်ပဲလုပ်လုပ် ဘာတွေပဲလုပ်နေလုပ်နေ ပရိတ်သတ်သိမှာမဟုတ်ဘူး။ မသိတဲ့အတွက် အားပေးလို့ရမှာလည်းမဟုတ်ဘူးလေ။ အားမပေးလို့ရှိရင် ကိုယ့်ရဲ့အနုပညာတင်ပြမှုတွေကို သိမှာလည်းမဟုတ်ဘူး၊ ကိုယ့်ရဲ့နာမည်ကလည်း တက်လာမှာမဟုတ်ဘူး။ အဲ့ဒီအတွက် ဒီ Mediaတွေက အရမ်းကိုလိုအပ်တယ်၊ အရမ်းကို အရေးကြီးတယ်ထင်ပါတယ်။ အခုဆို မိုးယုတို့ဆိုလို့ရှိရင် Internet ၊ Email တွေဘာတွေမရှိဘူး။ မရှိဘူးဆိုတာလည်း ပရိတ်သတ်ကြီးကို အဆက်အသွယ်ဖြတ်ထားတာမဟုတ်ပါဘူး။ မိုးယုက မသုံးဖြစ်တာ၊ မသုံးဘူးပေါ့နော်။ အဲ့ဒီအတွက် .. ဒါပေမယ့်လည်း မိုးယုကို ရန်ကုန်မှာဆက်သွယ်လို့ရပါတယ်။ 

ဟုတ်။ အဲ့ဒါဆိုရင်.. နောက်ဆုံးပေါ့နော်.. မိုးယုအနေနဲ့ မိုးယုကိုချစ်တဲ့ ပရိတ်သတ်ကြီးအတွက် ဘာများပြောချင်ပါလဲ။
အင်း.. မိုးယုကို အားပေးတယ်၊ မိုးယုကို ချစ်ခင်တဲ့ ပရိတ်သတ်ကြီးကို မိုးယုက အရမ်းကျေးဇူးတင်ပါတယ်လို့၊ ဒီထက်မက အားပေးပါလို့၊ စောစောကပြောသလိုပဲလေ အနုပညာသမားတွေက ပရိတ်သတ်အားပေးမှ အလုပ်တွေအများကြီးလုပ်ရမယ်၊ ဒီထက်မက နာမည်တွေအများကြီးရလာမယ်။ အဲ့ဒီအတွက် ပရိတ်သတ်က အရမ်းအရေးကြီးပါတယ်။

ဟုတ်။ အခုလိုမျိုး မေးခွန်းတွေ ဖြေကြားပေးတဲ့အတွက် မိုးယုကို MYMC ကိုယ်စား ခိုင်လေးက ကျေးဇူးတင်ပါတယ်။
ဟုတ်.. မိုးယုကလည်း အစ်မတို့ကို ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး မိုးယု စင်္ကာပူမှာလာရိုက်တုန်း ပရိတ်သတ်တွေနဲ့... ပရိတ်သတ်ကြီးကို မိုးယုရဲ့ အနုပညာတင်ဆက်မှုတွေ၊ မိုးယု ခံစားချက်တွေ ပြောခွင့်ရအောင်စီစဉ်ပေးတဲ့ အစ်မတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးကိုလည်း မိုးယု အမြဲတမ်းကျေးဇူးတင်နေပါတယ်။ 

ဟုတ်ကဲ့။ ကျေးဇူးပါပဲနော်။ 
ဟုတ်။

မေသက်ခိုင်နှင့် တွေ့ ဆုံခြင်း


Q.မေသက်ခိုင်ရဲ့ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ် အမည်ရင်းနဲ့ မွေးချင်း ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ သိပါရစေ။
A.လိပ်စာက ၁/၅၀၃ ဝေဇယန္တာ အိမ်ရာ၊ သင်္ဃန်းကျွန်း၊ မွေးနေ့က ၂၄-၉-၈၉၊ အမည်ရင်းကလည်း မေသက်ခိုင်ပါပဲ။ ခိုင်ခိုင်က တစ်ဦးတည်းသော သမီးပါ။
Q.မေသက်ခိုင်ရဲ့ အနုပညာ လောကထဲ ဝင်ရောက်လာပုံကိုလည်း သိချင်ပါတယ်။
A.တီဇာကြီး (မေသဉ္ဇာဦး)နဲ့ ကားရိုက်လိုက်ရင်းနဲ့ လူသိလာပြီး ကိုထွန်းထွန်း (Examplez)နဲ့ ဇာတ်ကား စရိုက်ရင်းနဲ့ အနုပညာ လောကထဲ ရောက်လာတာပါ။
Q.မေသက်ခိုင်ရဲ့ အကြိုက်ဆုံး မြန်မာ ရုပ်ရှင်မင်းသားနဲ့ မင်းသမီးကို သိချင်ပါတယ်။
A.အကုန်လုံးကို ကြိုက်ပါတယ်။
Q.မေသက်ခိုင်က သရုပ်ဆောင်မှု အပိုင်းကိုပဲ လုပ်မှာလား။ နောက်ဘာတွေ လုပ်ဖို့ အစီအစဉ်များ ရှိပါသလဲ။
A.ခုလောလောဆယ်တော့ သရုပ်ဆောင်ပဲ လုပ်နေပါတယ်။ နောက်ကျရင်တော့ စီးပွားရေး တစ်ခုလောက်လုပ်ဖို့ စဉ်းစားထားပါတယ်။
Q.မေသက်ခိုင် ကြည့်ခဲ့ဖူးတဲ့ အနှစ်သက်ဆုံး မြန်မာ ဇာတ်ကားတို့ကို သိပါရစေ။
A.အကြိုက်ဆုံးက မခိုင်ကြီး (ထွန်းအိန္ဒြာဗို) အကယ်ဒမီ ရခဲ့တဲ့ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” ဆိုတဲ့ ကားကို အရမ်းကြိုက်ပါတယ်။

အနုပညာသက်တမ်း လေးနှစ်ဝန်းကျင်ရှိပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ် အသိအမှတ်ပြုမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးနဲ့ ဒီတစ်ပတ်မှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူက အနုပညာခရီးကို သူ့ရဲ့အနုပညာပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှု၊ ကလေးဆန်တဲ့ မျက်နှာလေးနဲ့ နှစ်လိုဖွယ်သရုပ်ဆောင်ချက် တွေကို အရင်းတည်ပြီး သူ့ပရိသတ်ကို တည်ဆောက်ရယူခဲ့သူပါ။ ၂၀၁၁ ခုနှစ်မှာ သူပါဝင်တဲ့ ဇာတ်ကားအများစု ပရိသတ်ရှေ့ရောက်ရှိလာခဲ့ပြီး သူမရဲ့အနုပညာ စွမ်းရည်ကိုလည်း ပရိသတ်တွေ ပိုမိုသတိပြုမိလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးအပြင် မင်းသားအများစုနဲ့ တွဲဖက်ညီစွာ လှုပ်ရှားလာတာကိုလည်း တွေ့မြင်ရတာကြောင့် မေသက်ခိုင်ဆိုတဲ့ အနုပညာရှင်ရဲ့ အနုပညာခရီးနဲ့ ခံယူချက် သဘောထားတွေအပေါ် မေးမြန်းဖြစ်တာတွေ ကတော့ . . . .
မေး ။ လတ်တလော အနုပညာလှုပ်ရှားမှု ဘယ်လိုရှိနေလဲ။
ဖြေ ။ ကားရိုက်၊ ပြက္ခဒိန်နဲ့ နယ်ပွဲတွေမှာ သီချင်းသွားဆိုဖြစ်တယ်။ ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ တစ်လကို ဗီဒီယိုလေးကားလောက် ရိုက်ဖြစ်တယ်။ ထူးခြားတာကတော့ အရင်တုန်းက  ရိုက်ထားတဲ့ကားတွေက ဒီနှစ်ပိုင်းမှ  စုထွက်လာတယ်။
မေး ။ ဒီနှစ်ထဲမှာ ညီမကို ပရိသတ်တွေမမြင်ဖူးတဲ့ ဇာတ်ရုပ်လေးတွေနဲ့ တွေ့မြင်ရသလို မင်းသားအစုံနဲ့လည်း လက်တွဲလာတယ်နော်။
ဖြေ ။ ဟုတ်တယ်အစ်မ။ ဒီနှစ်ပိုင်း မှာရိုက်ဖြစ်တဲ့ ဇာတ်ကားတွေက ဇာတ်လမ်းလေးတွေ ကောင်းတယ်။ သမီး ကိုယ်တိုင်ကလည်း ဇာတ်လမ်းနဲ့ ကိုယ်ပါရမယ့် ဇာတ်ရုပ်လေးတွေကို သေချာရွေးဖြစ်တယ်။ ပြီးတော့ ကိုယ်  မရိုက်ဖူးသေးတဲ့ သရုပ်ဆောင်တွေ နဲ့လည်း ဦးစားပေးရိုက်ဖြစ်တယ်။
မေး ။ ကားရိုက်တွေ ပုံမှန်ရှိနေတော့ တစ်ကား နဲ့တစ်ကား ထပ်မသွားအောင် ပြင်ဆင်ဖြစ်လား။
ဖြေ ။ သမီးက အရမ်းဆန်းလို့မရဘူးလေ။ အဲဒီတော့ အ၀တ်အစားဘက်မှာ အရောင်စုံအောင် ၀တ်တယ်။ အထူးသဖြင့်တော့ ဆံပင်ပုံစံကို နည်းနည်းဆန်းအောင်လုပ် ရတယ်။ ပါရတဲ့ ကာရိုက်တာပေါ် မူတည်ပြီး လိုက် ဖက်အောင် ပြင်ဆင်ရတာပေါ့။
မေး ။ ဇာတ်ကားရိုက်ဖို့ လက်ခံတဲ့အခါ ဘယ်လို ပုံစံနဲ့ ရွေးချယ်လေ့ရှိလဲ။
ဖြေ ။ ရှုတင်ကအမြဲရှိနေတာဆိုတော့ ကိုယ်လုပ်ရတဲ့အလုပ်မှာ ပျော်နေဖို့က အရေးကြီးတဲ့အတွက် ပျော်ရွှင်စွာ နဲ့လုပ်ရမယ့် အလုပ်ကိုပဲရွေးတယ်။
မေး ။ ဒရာမာ အသားပေး ဇာတ်ကားဖြစ်တဲ့ အမုန်းမီးတောက် ရုပ်ရှင်ကားမှာ ညီမအနေနဲ့ အနုပညာမှတ်တိုင်အတွက် မျှော်လင့်ချက်ရှိလား။
ဖြေ ။ အဲဒီကားမှာ သမီးက တစ်မိသားစုလုံးက အလိုလိုက်ခံထားတဲ့ ဗိုလ်ကျ တတ်တဲ့ ရောဂါသည်ကောင်မလေး အဖြစ်ပါရတယ်။ အဲဒီလောက်ပါပဲ။ ဒီကား မှာသမီးရဲ့လုပ်ကွက်က မျှော်လင့်ချက် သိပ်ထားလို့ရတဲ့နေရာ မဟုတ်ပါဘူး။ အနုပညာပိုင်းမှာ အရမ်းတော်တဲ့ လူကြီးတွေပါတဲ့အပြင် လူကြီးတွေကို အသားပေးထားတဲ့ ဇာတ်ကားပါ။
မေး ။ နယ်မှာ မကြာခဏ သီချင်းသွားဆိုလေ့ရှိတော့ နောက်ပိုင်းမှာ ဂီတဘက်မှာပါ တွေ့ရမှာလား။
ဖြေ ။ သီချင်းဆိုတယ်ဆိုတာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ပဲ ဆိုတတ်တာပါ။ ဂီတဘက်မှာ မကျွမ်းကျင်ပါဘူး။ နယ်တွေမှာ သီချင်းသွားဆိုတယ် ဆိုတာက ပရိသတ်တွေနဲ့ ထိတွေ့မှု ရချင်တာရယ်၊ ကိုယ်မရောက်ဘူးသေးတဲ့ဒေသကို ရောက်ဖူးချင်တာရယ်ကြောင့်ပါ။ ဂီတကို တကယ်ကျွမ်းကျင်တဲ့ သူတွေရှေ့မှာ ဆိုပြရလောက်အောင် ပညာမရှိပါဘူး။
မေး ။ ကြော်ငြာတွေမှာ တွေ့မြင်ရမှုနည်းတယ်နော်။ ကြော်ငြာရိုက်ကူးရမှုဘယ်လိုရှိလဲ။
ဖြေ ။ သမီးက ကြော်ငြာမင်းသမီး မဟုတ်ပါဘူး။ ရိုက်ရတဲ့ ကြော်ငြာလေးမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြစ်တယ်။ ကြော်ငြာ နည်းပေမယ့် ပါရတဲ့ကြော်ငြာလေးတွေကို ပရိသတ်က သိကြတယ်။
မေး ။ အနုပညာရပ်ဝန်းမှာ ကိုယ့်ပရိသတ်အဖြစ် ရယူနိုင်ဖို့ ကြိုးစားရတဲ့အပိုင်းမှာ ဘယ်လိုရှိလဲ။
ဖြေ ။ ကိုယ့်လုပ်ရမယ့် အလုပ်ကိုပဲ စိတ်ဝင်စားတယ်။ သမီးအနေနဲ့ ရရှိတဲ့ ဇာတ်ရုပ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ပဲ ကြိုးစားပါတယ်။
မေး ။ ဇာတ်ကားရိုက်တဲ့အခါမှာ အ၀တ်အစားပိုင်းကို ဒီဇိုင်နာ သီးသန့်ထားလား။
ဖြေ ။ အ၀တ်အစားပိုင်းမှာ မထပ်အောင်လို့ ဒီဇိုင်နာထားပါတယ်။ အရင်တုန်းကတော့ မမေသက်လွင် တစ်ယောက်တည်းပေါ့။ အခုနောက်ပိုင်းမှာ တော့ မမေသက်လွင် တစ်ယောက်တည်း မနိုင်တဲ့အတွက် မသွင်စုထွေးတို့ မလတ်တို့ စသဖြင့်ပေါ့၊ ဒီဇိုင်နာ အများစုထံမှာ အပ်ဖြစ်တယ်။
မေး ။ အနုပညာနဲ့ ပတ်သက်ပြီး ညီမရဲ့မျှော်လင့်ချက်က ဘယ်လိုရှိလဲ။
ဖြေ ။ မျှော်လင့်ချက်ရယ်လို့တော့ မဟုတ်ပါဘူး။ လက်ရှိ အနေအထားအရ ပြောရရင် သမီးအခုအသက် ၂၁ နှစ်မှာ ပရိသတ်အထိုက်အလျောက် ရှိထားတယ်။ အခုလို ပရိသတ်ရရှိတယ် ဆိုတာကလည်း သမီးလုပ်နေတဲ့ အလုပ်ကြောင့်ပေါ့။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ်၊ ကိုယ့်ရပ်တည်မှု အပေါ် စိတ်ချမ်းသာပါတယ်။ ဒီထက် တိုးတက်ကောင်းမွန်ဖို့တော့ လူတိုင်း မက်မောကြပါတယ်။ အဲဒီအတွက် ရှေ့ဆက် ကြိုးစားမယ်။ သမီးကြိုးစား သလောက်လည်း ပရိသတ်ရချင်ပါတယ်။
မေး ။ ညီမရဲ့ အနုပညာခံယူချက် ဆိုရင်ရော။
ဖြေ ။ သမီးအနေနဲ့ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ခံယူချက်မျိုးမရှိပေမယ့် ကိုယ်လုပ်နိုင်တဲ့အပေါ်မှာ အကောင်းဆုံး လုပ်ပြချင်ပါတယ်။
မေး ။ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တွေ အနေနဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးတာ ရှိသလို ကောလာဟလတွေလည်း ရှိတတ်တော့ ညီမအနေနဲ့ အဲဒီအပေါ် ခံစားမှုဘယ်လိုရှိလဲ။
ဖြေ ။ သမီးက ၁၀တန်းအောင်စာရင်း ထွက်ပြီးတာနဲ့ ဒီလောကထဲ တန်းရောက်လာတာပါ။ လွတ်လပ်ချိန်ဆိုတာမျိုး မရှိဘဲနေခဲ့ရတာဆိုတော့ သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့အတွက် လွတ်လပ်မှု ဆုံးရှုံးသွားတာမျိုး မရှိပါဘူး။ ဒါ ကြောင့် အထူးတလည် ခံစားမှုမျိုးလည်း မရှိပါဘူး။
မေး ။ မေသက်ခိုင်က အနုပညာလောကမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည် လျှောက်လှမ်းနေသူလဲ။
ဖြေ ။ သမီးကအနုပညာနဲ့ ပတ်သက်ရင် နည်းနည်းတော့ မာနကြီးတယ်။ သမီး ဒီလောကထဲကို တီဇာကြီး(မေသဉ္ဇာဦး)ရဲ့ တူမဆိုပြီး စ၀င်လာတာ ဖြစ်ပေမယ့် သမီးကားရိုက်ရဖို့၊ အနုပညာအလုပ် လုပ်ခွင့်ရဖို့အတွက် ဘယ် ဒါရိုက်တာ၊ ဘယ်မင်းသား၊ ဘယ်ထုတ်လုပ်ရေးကိုမှ ကပ်ပေါင်းတာမျိုး မရှိခဲ့ဘူး။ ရှုတင်ရောက်လာရင် အားလုံးနဲ့တည့်အောင် နေတယ်။ ဘယ်သူ့ကိုမှမှီခိုပြီး တက်လာတာမျိုး မဟုတ်ဘဲ ကိုယ့်ကြိုးစားမှု ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး တက်လာသူဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ရင် မာနရှိပါတယ်။ သူများတွေနဲ့ရောပြီး ကိုယ့်ကိုအပြောခံရရင်တော့ သမီးမာနက ငြိမ်မနေဘူး။ သမီးငယ်ငယ်ကတည်းက အမေနဲ့သမီး နှစ်ယောက်တည်း နေလာခဲ့တာဖြစ်တဲ့အပြင် အမေက လည်း သူမရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ရပ်တည်ဖို့ လမ်းညွှန်ထားတယ်။ ဒါကြောင့် ခိုင်ခိုင်အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ အလုပ်နဲ့ ကိုယ်ရပ်တည်နေတဲ့ ကိုယ့်ဘ၀ကိုယ် လိပ်ပြာလုံတယ်။ ကိုယ့်ရပ်တည်မှုနဲ့ ပတ်သက်ပြီး ထိပါးလာရင်တော့ ဘယ်တော့မှ သည်းမခံတက်ဖူး။
12 JUL 2012  | 
BY FIRST MUSIC NEWS
“သမီးက ကိုယ့်ဘက်က ဒီအနုပညာ အလုပ်ကို လုံ့လဝီရိယ စိုက်ထုတ် ထားတဲ့သူ မဟုတ်တော့ ကိုယ့်ဘာသာ ကိုယ့်အမေနဲ့ ကိုယ်နိုင်တဲ့ စီးပွားရေး လေးပဲဖြစ်ဖြစ် လုပ်ထားချင်ပါတယ်။ ဒီလောကထဲမှာ အဒေါ်ရှိနေတယ်။ အဲဒီအတွက် သမီးခက်ခက် ခဲခဲကြီး ကြိုးစားပြီး ဝင်လာရတာမျိုးမရှိဘူး။ အဒေါ်ရှိတော့ ဒါရိုက်တာတွေက စမ်းရိုက် တယ်။ အဆင်ပြေတော့ ဆက်ရိုက်ကြတယ်လေ။
အရင်ကတည်းက သရုပ်ဆောင်တွေ အနေနဲ့ စီးပွားရေးတစ်ခုခု ဒါမှမဟုတ်ရင်လည်း တခြားလုပ်ငန်းတစ်ခုခု လုပ်ထားသင့် တယ်လို့မြင်တယ်။ ဒီအလုပ်ဆိုတာ မင်းသမီးအနေနဲ့ရိုက်မယ်ဆိုလည်း ပရိသတ်တွေ က ဘယ်နှနှစ်ဆက်ပြီး အားပေးမှာလဲ။ အသစ်ဆိုတာပေါ်လာဦးမှာပဲလေ။ ကိုယ်က အဒေါ်ခန်း၊ အမေခန်းတွေ ပြောင်းလာဦးမှာပဲ။ အဲဒီတော့ ဒီအလုပ်က တစ်နေရာတည်း ပဲ ရပ်တည်သွားလို့ မရဘူး။ ကိုယ့်မှာ ဘဝအာမခံချက်ရှိဖို့ တခြားစီးပွားရေးတစ်ခုခုကို ဆုပ်ကိုင်ထားမှ အဆင်ပြေမှာ။
သမီးလည်း စဉ်းစားထားတာပဲရှိသေးတယ်။ အသေ အချာတော့ ဘာလုပ်မယ်လို့ မစီစဉ်ရသေးပါဘူး။ သမီးရဲ့ အနုပညာ အလုပ်အတွက်လည်း အမေကလိုက်ပြီး ပံ့ပိုးပေးနေရတယ်။ သမီး ဒီအလုပ်က ခဏလေးနားဖြစ်မယ်ဆို ရင်တော့ ကျောင်းပြန်တက်ရမယ်။ သမီးကFirst Year နဲ့ ခဏနားထားရတာဆိုတော့ ကျောင်းပြန်တက်ချင်တယ်။ အပြင်စီးပွားရေးလည်း တစ်ခုခုလုပ်ချင်တယ်”လို့ ပြောလာတဲ့ မေသက်ခိုင်ကို အနုပညာသမားတွေက စီးပွားရေးလုပ်မယ်ဆို ဒီလောကနဲ့ ပတ်သက်တဲ့ အလုပ်လုပ်ကြတယ်နော်လို့ ပြောလာတဲ့အပေါ် မေးကြည့်တော့ -ဒါကတော့ အနုပညာလောက သားတွေက အနုပညာအပေါ်ချစ်တဲ့ စိတ်လည်းပါတာပေါ့။ ဒီလောကထဲမှာ ပရိုဂျူဆာပဲဖြစ်ဖြစ်၊ ကင်မရာတွေ ဝယ်ပြီးငှားစားတာပဲဖြစ်ဖြစ် ဒီလောကနဲ့ပတ်သက်တဲ့ အလုပ်တွေ ပြန်လုပ်ကြတာပေါ့။
သံယောဇဉ်လေးတွေနဲ့ ဒီလောကထဲက မထွက်ဘဲ လုပ်ကြတယ်လို့ ထင်ပါတယ်”လို့ ပြောလာ တဲ့ မေသက်ခိုင်ကို တစ်ကားပြီးသွားရင် ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်သုံးသပ်လား၊ နောက် နှစ်အတွက် ဘာတွေပြင်ဆင်ထားလဲလို့ မေးကြည့်တော့ “သမီးက တစ်နှစ်ပြီးမှတစ်နှစ် လုပ်တာ မရှိဘူး။ ဗီဒီယိုတစ်ကား ထွက်လာတယ်ဆိုရင် ပြန်ကြည့်ပြီးတော့ ဘာလိုတယ်ဆိုတာ သိပြီလေ။
 နောက်နှစ်မှ ပြန်သုံးသပ်စရာမလိုပါဘူး” လို့ ပြောသွားခဲ့တဲ့ မေသက်ခိုင်ကို မင်းသမီးတွေက ရွေးချယ်မှုမရှိပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာလေးတွေ အကြံÓ ဏ်လေးတွေကိုရော ဝါမရင့်ပါဘူး။ ဘယ်လိုရိုက်ချင်တယ်၊ ဟိုဟာရိုက်ချင်တယ်မျိုးမရှိဘူး။ ခေါ်ရိုက်တာကိုပဲ ကိုယ်တွေက ကြိုးစားပြီး သရုပ်ဆောင်လိုက်တာပဲရှိတယ်။ ကြော်ငြာပဲဖြစ်ဖြစ် ဗီဒီယိုရုပ်ရှင်ပဲဖြစ်ဖြစ် ပရိုဂျူဆာ၊ သူမက ပြောသွားခဲ့ပါတယ်။

အလှတရား၃

အလှတရား၂