အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။
Saturday, September 8, 2012
သူငယ်ချင်း
သူငယ်ချင်း.......
အတာသင်္ကြန်တောင်ရောက်တော့ မယ်...
ဒီလိုပိတောက်ပွင့် တဲ့ ရာသီမှာ..
ဒို့ နှစ်ယောက်စတင်ဆုံတွေ့ ပြီး...
ဖြူစင်တဲ့ ချစ်ချင်းတွေနဲ့ ...
သူငယ်ချင်းဆိုတဲ့ ..ခေါင်းစဉ်အောက်မှာ
အရာရာ ကြည်နုးလှပစေခဲ့ သလို...
သူငယ်ချင်းရေ...
တစ်ယောက်ရင်ထဲကို တစ်ယောက်ကမြင်အောင်ကြည့် ပြီး..
ခါးတီးတဲ့ နေ့ ရက်များစွာလဲ..
အတူတူဖြတ်သန်းခဲ့ ဘူးတယ်.
.ပျော်ရွှင်ခြင်းတလှည့် နဲ့ ..
.အေးမြတဲ့ မြစ်ရေပြင်လည်းစီးဆင်းခဲ့ ဘူးသလို...
. စိတ်ညစ်စရာတွေလဲ...အတူတူအားပေးဖြေဖျောက်ခဲ့ ဘူးတယ်..
ဒါဟာ.....သူငယ်ချင်းကောင်းပဲလေ........
သူငယ်ချင်းရေ.....
နင်ပြောဖူးတယ်နော်...
အတာသင်္ကြန်ဆိုတာ..ပိတောက်ရှိမှတင့် တယ်သလို.. .
ငါ့ ..ဘဝမှာနင်ရှိရင်..တခြားဘာမှမလိုအပ်တော့ ဘူးတဲ့ ။
ဒီလိုနဲ့ ပဲ..ငါ့ ဘဝကိုတည်ဆောက်ခဲ့ တာပါ.......
နောက်တော့ .. တသက်စာ ခိုင်မြဲမယ်လို့ ထင်ခဲ့ တဲ့  သံယောဇဉ်ဟာ...
ဒီလို .....ပိတောက်ပွင့် တဲ့ ရာသီတခုမှာပဲ...
သူငယ်ချင်းဆိုတာ..
ဘဝလက်တွဲဖေါ်မဖြစ်နိုင်ဘူးဆိုတဲ့ စကားတခွန်းနဲ့ ပြိုပျက်
ငါ့ ရင်ထဲက..နင်ရက်ရက်စက်စက်ခွဲထွက်သွားခဲ့ တယ်.....
အခု့ တော့ ..........
နင်..ရင်းနီးကျွမ်းဝင်ဘူးတဲ့  ငါနဲ့ ပိတောက်ဟာ..
နင့် အတွက်လွမ်းလောက်စရာမရှိတော့ ဘူးပေါ့ ....
ရပါတယ်သူငယ်ချင်းရယ်......
ငါကတော့ ..အရာရာကံကြမ္မာကလွဲရင်...
ဘယ်သူ့ မှ အပြစ်မတင်ရက်ပါဘူး...
သူငယ်ချင်းဆိုတဲ့ ..စည်းဝိုင်းထဲကနေ..
ဟောဒီကမ္ဘာလောကကြီးတနေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ ..
ငါ့ ဘဝကိုနေပျော်အောင်..ကြိုးစားပါ့ မယ်
ထိခိုက်ကျေမွသွားတဲ့ ..ငါ့ ရင်ဘတ်ကို.. အကောင်းတိုင်းပြန်ဖြစ်ဖို့ ...
ပိတောက်ကိုမေ့ ချင်ပေမဲ့ ....
သူငယ်ချင်းရယ်....
အပြစ်မဲ့ တဲ့ ပိတောက်ကို......သစ္စာမဖေါက်ချင်ပါဘူးလေ........ .................................... .................. ................................ ...............................။
ရင်ဘတ်
သူမ
အနက်ရှိုင်းကဗျာတစ်ပုဒ်တဲ့ လား
အကြိမ်ကြိမ်ဖတ်ရှုခဲ့ ပြီးပြီပဲ။
အဲဒီရင်ဘတ်ထဲမှာ
မမြင်နိုင်တဲ့ ကြောင်လက်သည်းဝှက်တွေပါတယ်
မလတ်ဆက်တော့ တဲ့ ရေခဲစိမ်နှလုံးသားတစ်စုံပါတယ်
အဓိပ္ပါယ်အဖေါ်ခက်တဲ့ပျားရည်ဆမ်းအပြုံးတုတွေပါတယ်
လမ်ကြောင်းလွှဲပြထားတဲ့  သတိပေးဆိုင်းပုဒ်အမှားတွေပါတယ်
အချစ်ကြီးသူအတွက် နဖါးကြိုးတစ်ချောင်းပါတယ်
အယုံလွယ်သူကိုရဲ့ ကျောကိုထိုးဖို့ ထက်ထက်ရှဓါးတစ်ချောင်းပါတယ်
လှည့် စားတက်တဲ့ နိုင်ငံခြားဖြစ် စကားလုံးလှလှလေးတွေပါတယ်
ချစ်သူရေ........
ဒီတစ်ကြိမ်နောက်ဆုံးလို့ ဆိုခဲ့ ရင်
ဒီတိုက်ပွဲမှာတင် ငါ့နှလုံးသားဟာ
တစ်ဘဝလုံးစာအတွက် ရှုံးနိမ့် ခဲ့ ရတာပါ။
ရင်ဘတ်
Friday, August 24, 2012
Wednesday, August 15, 2012
လေလွင့် ငှက်
ဆန္ဒနဲ့ ဘဝ........
ဘယ်တုန်းကမှမညီမျှခဲ့ သလို ........
ဘဝဟာ..အနှုတ်..လက္ခဏာတွေနဲ့ ....ဆက်လက်ပေါင်းသင်း..
ရုန်းရင်းကန်ရင်း......
အပေါင်းသင်းရောင်းရင်းတွေနဲ့ .....
ဘီယာတစ်ဂျား...လန်ဒန်စီးကရက်(စ်)တစ်ဘူးနဲ့ ..
ညနေခင်းတွေမှာ အပျော်ကျူးဖို့ နေနေတာတာ.. ...
ဌာနေဝေးနေတဲ့  ငှက်တစ်ကောင်အဖြစ်နဲ့ ..
နားခိုစရာ..သစ်ပင်ရှာမတွေ့ တဲ့ အခါ......
အတိုင်းဆမဲ့ ..ဟင်းလင်းပြင်ထဲ......
လေလွင့် ရင်းနဲ့ ပျံသန်း....
ခြေကုန်လက်ပမ်းကြမှ..အသိုက်မြုံကိုသတိရတယ်...... ...
ဒီအချိန်အမေကတော့ .......အိမ်တံခါးဝက...စောင့် မျှော်နေတုန်း.................................
ရင်ဘတ်
Wednesday, August 8, 2012
ဘဝ စာမျက်နာ
ကံကြမ္မာကို.........တွန်းမိတိုက်မိ
အခုတော့ လည်း.......
ရယ်ရွယ်ချက်တွေ....ဟိုတကွေ့ ဒီတကွေ .
အတွေ့ တွေ.............
အမြီးမောက်မတည့် တာတွေ........
စည်းဖေါက်ခဲ့ တာတွေ.........
ဘဝအပေါ် ဖါးဥစွဲသလိုများလွန်းလှပါပြီ............
အတွေးပေါင်းများစွာအတွက်......
ဂဒ်(စ်)ကုန်သွားလို့ လွှင့် ပြစ်ရတဲ့ မီးခြစ်တွေလည်းများလွန်းလှပါပြီ.......
အရာရာ...နောက်ကြရသူအတွက်......
ဟာမိုနီမမဆိုတက်လို့ ....
အလှည့် ကြစာရင်းပယ်ဖျက်ခံရတဲ့ အကြိမ်တွေများခဲ့ သလို......
မူးပြီးမှောက်ခဲ့ သော အကြိမ်များသည် လည်းကောင်း...........
ရူးပြီးဖေါက်ခဲ့ သော အကြိမ်များသည် လည်းကောင်း...........
သင်မကောင်း၍ ကျွန်ုပ်ဆိုးခဲ့ ရသော အကြိမ်များသည် လည်းကောင်း.......
များလွန်းလှပါပြီ.....
များလွန်းလှပါပြီ.....
တကယ်ကိုများလွန်းလှပါပြီ.......
ဒါဟာဘဝဆိုတာပါပဲလေ...............
ဘဝဆိုတာ...ဆေးပေါင်းခနေတဲ့  တန်ဆောင်မုန်းလပြည့် ညမဟုတ်....
ဆေးစားမှားခဲ့ တဲ့ ငါ့ ညတွေမှာတော့ ပင်စည်တွေကျည်းပေါင်းထခဲ့ ပြီ....
အခုတော့  မြေနိမ့် သူမှာလှံအစင်းပေါင်းများစွာ.......
လောကဓံရေ...............
အချိုးခံရတာချင်းအတူတူ......
မျှစ်လိုလွယ်လွယ်မဟုတ်ပဲ....
မှိုလိုရှာဖွေအချိုးခံရတဲ့ ဘဝမျိုးရချင်လိုက်တာ...
ကြီးကျယ်တဲ့ သူဖြစ်ချင်ရင် ကြီးကျယ်တဲ့ ရင်ဘတ်ရှိရမယ်တဲ့ ...
ငါလိုချင်တာ...ဒါပါပဲ.......။
ကမ္မာကြီးရေ.......
ခင်များရဲ့ ရင်ဘတ်ပေါ်မှာ ခြေစုံရပ်မှီပြီး...
ခတ်တည်တည်နဲ့ ...ပျော့ ညံ့ မိတဲ့ နေ့ တွေအတွက်...
နှမြောမိပါရဲ့ ဗျာ.............။
ရင်ဘတ်
Wednesday, April 25, 2012
အိပ်မက် ပဲ့ ကြွေ
လရောင်ကို...ခိုးနမ်းဖို့ ....ကြိုးစားရင်း
အိပ်မက်ကို အရည်ဖျော်သောက်မိသူ..........
ငါ့ အတွက်.....................
နင်ထားသွားမဲ့  မနက်ဖြန်တွေကိုရင်ဆိုင်ရတော့ မှာပါ...........
ဒဏ်ရာ ဒဏ်ချက်နဲ့  ဖွင့် လှစ်လိုက်ရတဲ့ ရင်ခွင်တံခါးထဲ
အခွင့်မရှိလည်း.....လာခွင့် ရှိသလို
ပြန်ထွက်သွားတဲ့ အခါမှာ.....
.နှုတ်မဆက်ပါနဲ့ ......
တိတ်တိတ်လေးထွက်သွားပေးပါ............................
အနာတရအိပ်မက်နဲ့ 
ဘာမှ လဲလယ်ခွင့် မရှိတော့ ဘူးဆိုရင်
နင်လေ....................
ငိုကြွေးဖူးသူရဲ့  ရင်ထဲကို
အမှတ်တမဲ့ လေးတောင် လှည့် မကြည့် ပါနဲ့ တော့ ...
အသိတရားတွေ ဆုပ်ကိုင်နိုင်ခွင့် မရှိအောင်
အသဲကွဲတယ်ဆိုတဲ့  စကားလုံးတွေကိုတော့  ငါမုန်းပါတယ်ဟာ........
နင်...ပြုံးပျော်ဖို့  ပေးဆပ်ခဲ့ တယ်လို့  တဖက်ကိုလှည့် တွေးရင်း....
ငါ့ ရဲ့ မျက်ရည်တွေကိုပဲ အလွဲသုံးစားလုပ်လိုက်ပါရစေ...............
အနမ်းတခုမှ စားသုံးခွင့် မရခင်.....
ကိုယ်တိုင်စိုက်ပျိုးခဲ့ တဲ့  အလွမ်းတွေ........
ကိုယ်တိုင်ပဲ ရိတ်သိမ်းပေးလိုက်ပါတယ်.....
အတိတ်ကို မေ့ ထားနိုင်တဲ့  နင်..........
ထာဝရ ပျော်ရွှင်ပါစေလေ................................................။
ရင်ဘတ်
အိပ်မက်ကို အရည်ဖျော်သောက်မိသူ..........
ငါ့ အတွက်.....................
နင်ထားသွားမဲ့  မနက်ဖြန်တွေကိုရင်ဆိုင်ရတော့ မှာပါ...........
ဒဏ်ရာ ဒဏ်ချက်နဲ့  ဖွင့် လှစ်လိုက်ရတဲ့ ရင်ခွင်တံခါးထဲ
အခွင့်မရှိလည်း.....လာခွင့် ရှိသလို
ပြန်ထွက်သွားတဲ့ အခါမှာ.....
.နှုတ်မဆက်ပါနဲ့ ......
တိတ်တိတ်လေးထွက်သွားပေးပါ............................
အနာတရအိပ်မက်နဲ့ 
ဘာမှ လဲလယ်ခွင့် မရှိတော့ ဘူးဆိုရင်
နင်လေ....................
ငိုကြွေးဖူးသူရဲ့  ရင်ထဲကို
အမှတ်တမဲ့ လေးတောင် လှည့် မကြည့် ပါနဲ့ တော့ ...
အသိတရားတွေ ဆုပ်ကိုင်နိုင်ခွင့် မရှိအောင်
အသဲကွဲတယ်ဆိုတဲ့  စကားလုံးတွေကိုတော့  ငါမုန်းပါတယ်ဟာ........
နင်...ပြုံးပျော်ဖို့  ပေးဆပ်ခဲ့ တယ်လို့  တဖက်ကိုလှည့် တွေးရင်း....
ငါ့ ရဲ့ မျက်ရည်တွေကိုပဲ အလွဲသုံးစားလုပ်လိုက်ပါရစေ...............
အနမ်းတခုမှ စားသုံးခွင့် မရခင်.....
ကိုယ်တိုင်စိုက်ပျိုးခဲ့ တဲ့  အလွမ်းတွေ........
ကိုယ်တိုင်ပဲ ရိတ်သိမ်းပေးလိုက်ပါတယ်.....
အတိတ်ကို မေ့ ထားနိုင်တဲ့  နင်..........
ထာဝရ ပျော်ရွှင်ပါစေလေ................................................။
ရင်ဘတ်
Sunday, March 18, 2012
၂၁ ရာစုကျောက်ခေတ်များ
ကျွန်ုပ်သည် အတွေးခေါ်ပညာရှင်တစ်ယောက်မဟုတ်ခဲ့ သလို စာပေရေးသားရာ၌ ကျွမ်းကျင်သော စာရေးဆရာတစ်ယောက်လဲ မဟုတ်ခဲ့ ပါ။ထို့ အတူ စာများများဖတ်၍ ဗဟုတုတ ကြွယ်ဝသော လူတစ်ယောက်လဲ မဟုတ်ခဲ့ ပါ။
ရိုးသားစွာ စိုးရိမ်စိတ်ဖြင့်သာ ကျွန်ုပ်ဧ။် ထင်မြင်ချက်ကို ရေးသား လိုက်ချင်းဖြစ်ပါသည်။ထိုထင်မြင်ချက်များသည် (လုံးဝ)မှန်ကန်မှု့  ရှိလိမ့် မည်ဟု မဆိုလို။မှားယွင်းကောင်းမှားယွင်းနိုင်ပါသည်။အကယ်၍ မှားယွင်းခဲ့ ပါက ကလေး အတွေးဖြင့် ရေးသည်ဟုမှတ်၍ ကျွန်ုပ်အား နားလည်ပေးကြပါကုန်။…ကျွန်ုပ်ပြောလိုသည်မှာ ဝတ်စားဆင်ယဉ်မှု့  နှင့် ပတ်သက်၍ ဖြစ်သည်။
ခေတ်ကာလဧ။် ရေစီးချောင်းသည် အရှိန် မြင့် မားလျှင်မြန်စွာ တိုးတက်ပြောင်းလည်းလာခဲ့ သည် ။ထိုသို့  ပြောင်းလဲလာသည်နှင့် အမျှ ယဉ်ကျေးမှု့ များတဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုတော့  ကျွန်ုပ် အလွန်မင်း စိုးရိမ်ပါသည်။ကျွန်ုပ်တို့ မြန်မာနိုင်ငံ(သို့ မဟုတ်)မြန်မာလူမျိုး တို့ ဧ။် အနာဂါတ်သည် မည်သို့ ရှိမည်နည်း။
တိုးတက်ပြောင်းလဲခြင်းနှင့်  ပတ်သတ်၍ ငယ်စဉ်က ကြားသိခဲ့  ဘူးသော အကြောင်းအရာလေးတခုအား ပြန်သတိရမိပါသည်။ရှေးအခါ ကလူရိုင်းများသည် အဝတ်စားဟူ၍ မရှိပဲ သစ်ရွက်များဖြင့် သာ အရှက် ကို လုံအောင်ဖုံးထားကြရသည်။တဖြည်းဖြည်း တိုးတက်လာကာ တိရိစ္ဆာန် များဧ။် သားရေများကို ဝတ်ဆင်လာခဲ့  ကြသည်။လူရိုင်းများ အဝတ်စား မဝတ်ခြင်းမှာ အဝတ်စားမရှိ၍ ဖြစ်သော်လည်း အခုခေတ် တွင် အဝတ်စားများ အလွန်ပေါပါသည်။သို့ သော် အဘယ့် ကြောင့် လူတို့  အဝတ်စားများတဖြည်းဖြည်းပျောက်ကွယ်သွားကြပါသနည်း……။
နောင်နှစ်များစွာတွင် လူတို့ သည်အဝတ်စားများ ဝတ်ကြပါအုံးမည် လားဟု ထိတ်လန့် စွာ တွေးမိပါသည်။ အထူးသဖြင့် မြန်မာ့ ယဉ်ကျေးမှု့  များပျောက်ကွယ်မှာကိုတော့  မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့်  ကျွန်ုပ်စိုးရိမ် မိပါသည်။
ကျွန်ုပ်သည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ နှစ်အတော် ကြာကြာ ရောက်ခဲ့  ရသော်လည်း ကျွန်ုပ်ဧ။် စိတ်ထဲတွင် မြန်မာ့ ယဉ်ကျေးမှု့ အား နှစ်သက်ဆဲ တန်ဖိုးထားမြတ်နိုးဆဲဖြစ်သည်။ လုပ်ငန်း ခွင်မှအပ ကျန်သည့်  အချိန်များတွင် ကျွန်ုပ်သည် မြန်မာဆန်ဆန် အဝတ် စားဖြင့် သာ နေထိုင်ခဲ့ ပါသည်။ တနေ့ ကျွန်ုပ်သည် ဈေးထဲသို့  လျှောက် လည်ရင်း ဆေးဆိုင်တစ်ဆိုင်တွင် မြန်မာစကားပြောသော ဆံပင်နီနီ စကတ်တိုတို(အတိုအားဘေးမှ ခွဲထား သေးသည်) နှင့် ကောင်မလေး တစ်ယောက်ကိုတွေ့ ရသည် ။ထိုကောင်မလေးသည် ကျွန်ုပ်အား မြန်မာ မှန်းသိ၍ မြန်မာစကားဖြင့်  “ဘာယူမလဲ”ဟုမေးပါသည်။ ကျွန်ုပ် အံသြ စွာဖြင့်  “နင်မြန်မာစကားပြောတက်တယ်နော်” ဟု ပြောသောအခါ ထိုကောင်မလေးက “မြန်မာပဲ မြန်မာစကားတက်မှာပေါ့ တဲ့ ”ကျွန်ုပ် ဘယ်လို့ မှ မထင်ထားပါ။ သူဝတ်စားထားပုံသည် မြန်မာယဉ်ကျေးမှု့ နဲ့  ဘာမှ မဆိုင်သောကြောင့်  “နင်က မြန်မာသာပြောသာ မြန်မာ မဆန် လိုက်တာဟာ” ဟုကျွန်ုပ်ပြန်ပြောသောအခါ သူမက ကျွန်ုပ်ကို သနားစရာ သတ္တဝါ တစ်ကောင်လိုကြည့် ပြီး “အကိုက အတော်ကို ခေတ်နောက်ကြနေပြီတဲ့  ထိုင်းရောက်နေတဲ့ ကျမ မဆိုထားနဲ့ အခုခေတ် မြန်မာပြည်မှာရှိတဲ့  မိန်းကလေး တချို့  ကြည့် လိုက်အုံး”တဲ့ ။
ကျွန်ုပ် အတော်တွေဝေသွားပါသည်။ သူတို့ ပင် အတွေးချော်နေ သလော။ကျွန်ုပ်ပင် ခေတ်နောက်ကြနေသလော။ သေရှာတာကတော့  သူတို့ သာခေတ်နောက်ကြနေခြင်းဖြစ်သည်။အဘယ့် ကြောင့် ဆိုသော် သူတို့ သည် ရှေး လူရိုင်းခေတ်ကို ပြန်သွားနေသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာအလယ်တွင် ယဉ်ကျေးသောတိုင်းပြည်အဖြစ် ထင်ရှားခဲ့ ဘူးသည်ဟုဆိုဧ။် ။
ထို အစဉ်လာသည် ကျွန်ုပ်တို့ ခေတ်ရောက်မှ ပျောက်ဆုံးသွားမည်ဆိုလျှင် အင်မတန်မှ ဝမ်းနည်းဖွယ်ကောင်းပါသည်။
ရှေးလူကြီးများနှင့် ကိုယ့် မိဘများဧ။် မျက်နှာကို အိုးမည်းသုတ်ရာရောက်ပါလိမ့် မည်။ထို့ ကြောင့်  လုံးဝမပျောက်ဆုံးခင်
အချိန်မှီ ထိန်းသိမ်းဖို့ လိုအပ်လှပါသည်။
ကိုယ်အမူရာ ယဉ်ကျေးခြင်းနှင့်  နှုတ်အမူရာယဉ်ကျေးခြင်းအနက် ကိုယ်အမူရာယဉ်ကျေးမှု့ တွင် ဝတ်စားဆင်ယဉ်မှု သည်လည်း အဓိက ကျပေလိမ့် မည်။မြန်မာ့ ယဉ်ကျေးမှု့ နဲ့ ဆန့် ကျင်သောနိုင်ငံများဧ။် ဝတ်စားဆင်ယင်မှု့ အားအတုမခိုး
သင့် ပါ။အထူးသဖြင့်  မြန်မာမိန်းကလေးများပို၍ ဂရု စိုက်သင့် ပါသည်။
ဖြစ်နိုင်လျှင် မြန်မာ့ ယဉ်ကျေးမှု့ အားကမ္ဘာက သိစေချင်ပါသည်။သို့ သော် ကျွန်ုပ်တွင် အစွမ်းစမရှိပါ။ သက်နိုင် သလောက်သာ ကြိုးစားရန်ရှိပါသည်။ တနေ့ တွင်တော့  ကျွန်ုပ်အတွက် အခွင့် ထူးတခုရရှိခဲ့ ပါသည်။ကျွန်ုပ် အထက်
လူကြီးဧ။် ဖိတ်ကြားချက်အရ လူမျိုးစုံ မိတ်ဆုံ စားပွဲလေးတခုအား တက်ရောက်ခွင့် ရခဲ့ ပါသည်။ထိုပွဲတွင် ကျွန်ုပ်(မြန်မာ) နှင့် ထိုင်းအမျိုးသား (၃)ဦး၊အမျိုးသမီး(၂)ဦး၊လာအို အမျိုးသား(၁)ဦး၊ကမ်ဘောရီးယားအမျိုးသား(၂)ဦးအမျိုးသမီ(၁)ဦး၊ မလေးရှားအမျိုးသမီး(၂)ဦး၊ဖိလစ်ပိုင်အမျိုးသား(၁)ဦးနှင့် အထူးဧည့် သည်တော်အဖြစ်အမေရိကန် အမျိုးသမီး(၂)ဦးတို့  တက်ရောက်ကြပါသည်။ထိုပွဲတွင် ကျွန်ုပ်သည် မြန်မာဆန်ဆန်(ယောပုဆိုးအညိုရောင်နှင့် အင်္ကျီအဖြူကော်လာကတုံး) ဝတ်ဆင်၍ တက်ရောက်ခဲ့ ပါသည်။
အားလုံးအလယ်တွင်ထူးရှားနေသောကျွန်ုပ်အားကြည့် ၍ အမေရိကန်မလေးတစ်ဦးက လက်မထောင်ပြကာ မြန်မာပြည် ပုဂံမြို့ သို့ ရောက်ဖူးကြောင်းနှင့် မြန်မာ့ ယဉ်ကျေးမှု့ နှင့် ဝတ်စားဆင်ယဉ်မှု့ အားနှစ်သက်ကြောင်းပြောပါ
သည်။ထို့ နောက် သူမဧ။်ခရီးဆောင်ကွန်ပြူတာထုတ်၍ မြန်မာဝတ်စုံဖြင့်ရိုတ်ထားသော သူမဧ။်ဓါတ်ပုံများထုတ်ပြပါသည်။ အလွန်ပင်လိုက်ဖက်၍ကြည့် ကောင်းပါသည်။မြန်မဝတ်စုံအားအချိုးကျနစွာ ဝတ်တက်ခြင်းမရှိသော အမေရိကန်မလေးပင် ဤမျှ ကြည့် ကောင်းလျှင် ကျွန်ုပ်တို့ မြန်မာ မိန်းကလေးများပြောဖွယ်ရာရှိမည်မထင်ပါ။
မြန်မာ့ယဉ်ကျေးမှု့ အားကြွားချင်နေသော ကျွန်ုပ်အဖို့  အခွင့် ရေးရသည်နှင့် သူမဧ။် ကွန်ပြူတာခွင့် တောင်းကာ အင်တာနက်လိုင်းပေါ်မှ မြန်မာ့ ရိုးရာဓလေ့ များပါသော တောသီချင်းများအား ကျွန်ုပ်ဖွင့် ပြပါသည်။သို့ သော် ထိုမျှ ကြွား ယုံဖြင့် ကျွန်ုပ်အားမရနိုင်သေးပါ။ထို့ ကြောင့် မြန်မာနိုင်ငံဧ။် အဓိက ယဉ်ကျေးမှု့ ဖြစ်သော မြန်မာသင်္ကြန်အား ပြလိုက် မိပါသည်။အမေရိကန်မလေးသည် သဘောကြကြည့် နေရင်း တနေရာအရောက်တွင် “ဟွန့် ”ကနဲအော်ကာ သူမဧ။် မျက်နှာတခုလုံးရဲတက်လာကာ အတော်ပင်ရှက်သွားပုံရပါသည်။ကျွန်ုပ်ကြည့် လိုက်တော့ “ဟာ” ကိုယ့် မျက်လုံးကို မယုံရဲ။ဤနေရာမှာပင် ကျွန်ုပ် သတိမေ့ မြောလိုက်ချင်ပါသည်။ကိုယ့် ကိုကိုယ် မြန်မာဟုပြောရမှာအတော် ကြောက်သွား ခဲ့ ပါသည်။အနီးနားတွင်အဆိပ်ခွက်ရှိပါက အဆိပ်သောက်၍ သေပြစ်ချင်ပါသည်။အဘယ့် ကြောင့် ဆိုသော် မြန်မာမိန်း ကလေးတချို့  လူလယ်ခေါင် ရေကစားမဏ္ဍပ်ရှေ့ တွင် အဝတ်စားပေါင်တိုနဲ့  အင်္ကျီလည်ဟိုက်ဖြင့် အကုန်လုံးထုတ်ပြကာ ပေါက်ကရ ဇာတ်ခင်းနေသောကြောင့် ဖြစ်သည်။မြန်မာတွေမှ ဟုတ်ပါရဲ့ လား။
အသက်နဲ့ လူလုပ်တာမဟုတ် အရှက်နဲ့ လူလုပ်တာဟု ကြွေးကြော်ခဲ့ သောစကားများသည် ခုတော့  ဘယ်ရောက် ကုန်သနည်း။ ကျွန်ုပ်တို့ သည် ကိုယ့် တိုင်းပြည်ဂုဏ်မြင့် အောင် မလုပ်နိုင်သည့် တိုင် တိုင်းပြည်ဂုဏ်ကြဆင်းအောင်တော့ မပြုလုပ်သင့် ပါ။ကျွန်ုပ်သည် ဤနေရာမှ အမြန်ဆုံးထွက်ခွာခဲ့ ရသည်။အပြန်တွင်တော့  ကျွန်ုပ်အတွက် တွေးစရာများရှိ လာခဲ့ ပါသည်။
ခေတ်မှီခြင်း၊ခေတ်နောက်ကျခြင်းနှင့် မြန်မာ့ ယဉ်ကျေးမှု့ (သို့ မဟုတ်)မြန်မာဆန်ဆန်ဝတ်စားဆင်ယဉ်ခြင်း
ကျွန်ုပ်တို့ မြန်မာနိုင်ငံမှလူတချို့ သည် (လူတိုင်းကိုမဆိုလိုပါ) အနောက်တိုင်းဆန်စွာ ဝတ်ဆင်နေထိုင်မှ ခေတ်မှီသည်ဟု ထင်နေကြသည်။ ထိုသို့ ဆိုပါမူ ကျွန်ုပ်တို ဧ။် ချစ်ခင်လေးစားရသော အမျိုးသားခေါင်းဆောင် အမေစု (ဒေါ်အောင်ဆန်းစုကြည်)သည် အမြဲတစေ မြန်မာဆန်ဆန် အဝတ်စားများကိုသာ ဝတ်ဆင်လေ့ ရှိသည်ကို တွေ့ ရပါသည် သို့ သော် အမေစု (ဒေါ်အောင်ဆန်းစုကြည်)သည် ခေတ်မှီသော အမျိုးသမီးတစ်ဦးဆိုသည်ကိုတော့ မည်သူမျှ ငြင်းနိုင် လိမ့် မည်မဟုတ်ပါ။
Subscribe to:
Posts (Atom)

.jpeg)
.jpeg)
.jpg)