အဖြူရောင်အိမ်ငယ်လေးမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲမင်္ဂလာပါခင်မျာ......ရောက်လာသူ အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေလို့  အဖြူရောင်အိမ်ငယ်လေးမှ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။ ကျွန်ုပ်သည် ရေကြည်ခပ်တိုက်သူသာဖြစ်၏။on lineခရီးသွားများ အဖြူရောင်အိမ်ငယ်လေးတွင် ခရီးတစ်ထောက်နားကာ လိုရာခရီးသို့  အလွယ်တကူ သွားရောက်နိုင်ရန် ရည်ရွယ်၍ ...ဤအိမ်ငယ်လေးအားတည်ဆောက် ထားပါသည်။ အားလုံးပဲ ဘဝအမောများ ပြေပျောက်ကြပါစေ။

Saturday, September 15, 2012

ပြည်တွင်းသတင်း

Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ် အများပြည်သူသို့ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာသုံးကတ်များ သုံးစွဲနိုင်ရန် ပြင်ဆင်နေPDFPrint
FRIDAY, 14 SEPTEMBER 2012 13:40
AddThis Social Bookmark Button
MPU ကတ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ရှင်းပြနေစဉ်
ATM(Automatic Teller Machine)ကတ်နှင့် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU (Myanmar Payment Union) ကတ်ကို မြန်မာဘဏ်များက စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း  နိုင်ငံတကာသုံးကတ်များကို ယခုဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲနိုင်ရန်ပြင်ဆင်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Myanmar Payment Union ရုံးနှင့် National Switch(Data Center) ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။
National Payment Switch လုပ်ငန်းလည်ပတ်ပုံကို ရှင်းပြနေစဉ်
''MPU ကတ်တွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ စတင်သုံးစွဲသွားမှာဖြစ်ပြီး ကျန်မြို့တွေကိုလည်း ဆက်လက်တိုးချဲ့ သုံးစွဲသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် MPU အနေနဲ့ နိုင်ငံတကာသုံးကတ်တွေ ဖြစ်တဲ့ Visa ၊ Master ၊ American Express ၊ CUP ၊ JCB စတာတွေကိုလည်း ပြည်တွင်းမှာ လက်ခံသုံးစွဲနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာကို သိရတဲ့အတွက် များစွာနှစ်ထောင်းအားရဖြစ်ရပါတယ်''ဟုဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခုထုတ်ဝေမည့် MPU ကတ်အမျိုးအစားမှာ ဘဏ်ရှိငွေစာရှင်းနှင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုပြီး Online မှ တိုက်ရိုက်ထုတ်ယူနိုင်သည့် Debit ကတ်အမျိုးအစား ဖြစ်သည်။  ထို့အတူ ဘဏ်တစ်ခုမှ ထုတ်ဝေထားသော MPU ကတ်သည် ယင်းဘဏ် ၏ ATMစက်များအပြင် အခြားဘဏ်များ၏  အေတီအမ်စက်များတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အရောင်းဆိုင်များရှိ POS (Point of Sale)စက်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး မည်သည့်  ATM စက်တွင်မဆို စာရင်း လက်ကျန်ကြည့်ခြင်း၊ ငွေသားထုတ်ယူခြင်းနှင့် စာရင်းရှင်းတမ်းအကျဉ်းကြည့်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်ဟု သိရပါသည်။
MPU ရုံးခန်းအတွင်းမြင်ကွင်း
''အခု MPU ပထမအဆင့် အနေနဲ့  Debit ကတ်အနေနဲ့ စတင်တာဖြစ်ပါတယ်။ Online ရော Offline ပါ သုံးစွဲလို့ရအောင် လုပ်ထားတယ်။ သုံးစွဲရတာ အဆင်ပြေမှုရှိရင် နောက်နှစ်တွေမှာ Credit ကတ်စနစ်ကိုပါ ၀န်ဆောင်မှုပေးဖို့ ရှိပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ MPU Debit ကတ်တွေကို နိုင်ငံတကာမှာပါ သုံးလို့ရအောင် ဆောင်ရွက်နေပါတယ်''ဟု MPUလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ထည့်သွင်းပြောကြားခဲ့ပါသည်။
MPU ရုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဖွင့်လှစ်ထားရှိပြီး MPU အဖွဲ့တွင် အစိုးရဘဏ်သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ဘဏ် ပါဝင်ပါသည်။ အဆိုပါ MPU လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘဏ်တစ်ဘဏ်လျှင် ကျပ်သန်းနှစ် ရာစီ ထည့်ဝင်ထားပြီး ရင်းနှီးမတည် ငွေကျပ်သန်း ၃၄၀၀ ရှိကြောင်း သိရပါသည်။
MPU ကတ်စတင်မည့်အချိန်တွင် ဘဏ်များမှ ယခင်ထုတ်ဝေပေးထားသော အေတီအမ်ကတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာဘဏ်များ၌ MPU ကတ်နှင့် ပြန်လည်လဲလှယ်ရန် လိုအပ်မည်ဖြစ်ပြီး ဘဏ်များက အခမဲ့ လဲလှယ်ပေး  သွားမည်ဖြစ်ကြောင်းနှင့် MPU ကတ်သုံးစွဲခကိုလည်း ကတ်အသုံးပြုသူထံမှ ကောက်ခံမည်မဟုတ်ဘဲ ကတ်လက်ခံအသုံးပြုမည့် ကုန်သည်အရောင်းဆိုင်များထံကသာ ၁ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိ မြန်မာဘဏ်များသည် ATM စက် ၁၂၇ခန့် တပ်ဆင်ထားပြီးဖြစ်ပြီး POS စနစ် အသုံးပြုနိုင်ရန်အတွက် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ လူသုံးကုန်နှင့် အီလက်ထရောနစ် ကုန်ပစ္စည်း အရောင်းဆိုင်များစသည်တို့နှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းအထိ အေတီအမ်ကတ်နှင့် Credit ကတ် အသုံးပြုခဲ့ဖူးပြီး၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့်  ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။
၁၁နှစ်ဝန်းကျင်အကြာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အေတီအမ်ကတ် အသုံးပြုခွင့် ပြန်လည်ပေးအပ်ခဲ့ပြီး ယခု ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ်စနစ် စတင်မည်ဖြစ်ပါသည်။
Myanmar Payment Union အဖွဲ့ဝင် ဘဏ်များစာရင်း
  1. မြန်မာ့စီးပွားရေးဘဏ်
  2. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
  3. မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
  4. မြန်မာနိုင်ငံသားများဘဏ်
  5. မြ၀တီဘဏ် *
  6. မြန်မာ့အရှေ့တိုင်းဘဏ် *
  7. ထွန်းဖောင်ဒေးရှင်းဘဏ်
  8. ကမ္ဘောဇဘဏ်
  9. မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
  10. အင်းဝဘဏ်
  11. သမ၀ါယမဘဏ် *
  12. အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် *
  13. ဧရာဝတီဘဏ် *
  14. မြန်မာ့ရှေ့ဆောင်ဘဏ် *
  15. ယူနိုက်တက်အမရဘဏ် *
  16. စည်ပင်သာယာရေးဘဏ်
  17. မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်
* ပြထားသောဘဏ်များသည် MPU ကတ်စနစ်စတင်ရန် အဆင်သင့်ဖြစ်နေသော ဘဏ်များဖြစ်ပါသည်။

ပြည်တွင်းသတင်း

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည်PDFPrint
FRIDAY, 14 SEPTEMBER 2012 16:22
AddThis Social Bookmark Button
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာလူမျိုး ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာ လူမျိုးများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဓိကထား၍ အထောက်အထားများ လုပ်ဆောင် ပေးသွားမည်ဟု သိရှိရသည်။
''ဒီလိုအထောက်အထား ထုတ်ပေးတာဟာ ကိုယ့်နိုင်ငံသားတွေ အလိမ်မခံရအောင်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ ခံစားခွင့်ရရှိအောင် အဓိကရည်ရွယ်ပါတယ်။ အထောက်အထားလုပ်မယ့်သူတွေကလည်း မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာ နေခဲ့တယ်၊ ဘယ်အချိန်အထိ နေခဲ့တယ်ဆိုတာကို အတိအကျ ပြောဖို့လိုပါတယ်''ဟု လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အထောက်အထားများ ထုတ်ပေးခြင်းကို ကူညီဆောင်ရွက်ပေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ၅၀%၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၅%၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၅% ဖြင့် အသီးသီး လုပ်ဆောင်သွားမည်ဖြစ်သည်။
အထောက်အထားများ ရရှိခြင်းဖြင့် မြန်မာဒုက္ခသည်များတွင် မိမိနေရပ်သို့ ပြန်လာလိုသူများအနေနှင့် တရားဝင်ပြန်လာခွင့်ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုလျင်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်မှာ တစ်နှစ်အတွင်း နေရပ်သို့ ပြန်ဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ NSC မှပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဒုက္ခသည်ထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံမှ ရှမ်းနှင့်ကရင်တိုင်းရင်းသားများဖြစ်ကြပြီး စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီး ဒုက္ခသည်များအတွက် နေစရာစခန်းများနှင့် အခြားအခြေခံ အဆောက်အဦများကို တစ်နှစ်အတွင်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း NSC မှ အထွေထွေအတွင်းရေးမှူး ၀ီချန်ပိုတီဖိုဆရီ၏ ပြောကြားချက်ကို ကိုးကား၍  ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
၎င်းသည်ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နေပြည်တော်သို့ သွားရောက်ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်  ဦးအောင်မင်းက မြန်မာအစိုးရသည် ပြန်လာမည့်ဒုက္ခသည်များအတွက် သင်တန်းများနှင့် အလုပ်အကိုင်များလည်းပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရက ပြန်လာဖွယ်ရှိနေသည့် ဒုက္ခသည်များကို အလုပ်အကိုင်များ ဖန်တီးပေးရန် ထိုင်းနိုင်ငံအနေနှင့် မြန်မာ့မြေပေါ်တွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အရပ်သား အစိုးရတက်လာအပြီးတွင် ထိုင်းနိုင်ငံက ၄င်းတို့နယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်ပြစ်လိုကြောင်း ကြေညာခဲ့သော်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ၄င်းတို့ကိုပေးထားသည့် အထောက်အပံ့များကို ဖြတ်တောက်ခြင်းကို အလျင်မလိုရန် တောင်းဆိုထားသည်။

ပြည်တွင်းသတင်း

VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်PDFPrint
FRIDAY, 14 SEPTEMBER 2012 17:12
AddThis Social Bookmark Button



Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
Visa Credit Card System ကို ပြည်တွင်းဘဏ် သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Visa Credit Card System ကို ပထမအဆင့် အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယအဆင့် အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံပွဲတွင် Visa Inc (Asia Pacific)LLC မှ Country Manager Mr. Somb- oon Krobteeranon နှင့် Visa Worldwide Pte Limited မှ Director Mr. Hiro Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေ ကတ်လုပ်ငန်း VISA Inc က ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ သြဂုတ်လ ၁၇ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ အပျော် ခရီးလာတာပဲဖြစ်ဖြစ် လာရောက်ကြမယ့်  နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အရေးတကြီးလိုအပ်ချက် က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု အရှေ့တောင်အာရှ နှင့် သြစတြေးလျ အာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က အဆိုပါထုတ် ပြန်ချက်တွင် ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union Network နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိ ရပါသည်။
VISA ကတ်၏ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြိုင်ဘက်ဖြစ်သော Master ကတ်ကလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် သမ၀ါယမဘဏ်နှင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေကြ ကြောင်း သိရပါသည်။ VISA Inc သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် ၀န်ဆောင်မှုပေးနေပါသည်။
Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
Visa Credit Card System ကို ပြည်တွင်းဘဏ် သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Visa Credit Card System ကို ပထမအဆင့် အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယအဆင့် အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသား ခရီးသွားများ အများအပြား သွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံပွဲတွင် Visa Inc (Asia Pacific)LLC မှ Country Manager Mr. Somb- oon Krobteeranon နှင့် Visa Worldwide Pte Limited မှ Director Mr. Hiro Taylor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
နာမည်ကျော် အီလက်ထရောနစ် ငွေပေးချေ ကတ်လုပ်ငန်း VISA Inc က ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ VISA ရုံးမှ သြဂုတ်လ ၁၇ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အရ မြန်မာနိုင်ငံကို စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ အပျော် ခရီးလာတာပဲဖြစ်ဖြစ် လာရောက်ကြမယ့်  နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အရေးတကြီးလိုအပ်ချက် က အခြေခံ အေတီအမ် ကွန်ရက်စနစ်နဲ့ Point of Sales Terminal တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအပိုင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်ဆုံး အာရုံစူးစိုက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု အရှေ့တောင်အာရှ နှင့် သြစတြေးလျ အာရှဒေသဆိုင်ရာ Visa Group Country Manager Mr. Peter Maher က အဆိုပါထုတ် ပြန်ချက်တွင် ပြောကြားပါသည်။
VISA ကတ် မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါက Myanmar Payment Union Network နှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သိ ရပါသည်။
VISA ကတ်၏ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြိုင်ဘက်ဖြစ်သော Master ကတ်ကလည်း မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် သမ၀ါယမဘဏ်နှင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ ဂျပန် JCB ကတ်နှင့် တရုတ် CUP ကတ်တို့ကလည်း ပြင်ဆင်နေကြ ကြောင်း သိရပါသည်။ VISA Inc သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် ၀န်ဆောင်မှုပေးနေပါသည်။

စိုင်းစိုင်းခမ်းလှိုင်


‘ကျွန်တော် လုပ်ချင်တဲ့ အနုပညာကို ကျွန်တော်တတ်သလောက် မှတ်သလောက် ရူးရူးမိုက်မိုက် လုပ်တာပါ ကျွန်တော်က ပရိသတ်အားကိုးနဲ့ မိုက်နေတာပါ’ သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်းPDFPrint
WEDNESDAY, 20 JUNE 2012 16:00
AddThis Social Bookmark Button
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပင် ဖြစ်သည်။ ပရိသတ်အားပေးမှု အများအပြား ရရှိထားသည့် အဆိုတော်တစ်ဦး အဖြစ်မှသည် သရုပ်ပီပြင်သည့် သရုပ်ဆောင်တစ်ဦးဖြစ်ရန် ကြိုးစားနေသူ စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်ပိုင်းအတွင်း ထွက်ရှိလာသည့် ဗီဒီယိုဇာတ်ကားများနှင့် သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပရိသတ် လက်ခံအားပေးလာခဲ့သူ ဖြစ်သည်။ လက်ရှိရုံတင် ပြသလျက်ရှိသော ရက်ပ်ပါရွှေရိုး ဇာတ်ကားတွင် ပရိသတ်လက်ခံ အားပေးနေရုံသာမက ‘ဆယ့်နှစ်ကြိုးကဝေ’ဇာတ်ကားတွင်လည်း ရုံပြည့်ရုံလျှံ အားပေးမှုများ ရရှိနေသူဖြစ်သည်။ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ဂီတနှင့် ရုပ်ရှင်အနုပညာနှစ်ခုကြား ကြိုးစားအားထုတ်မှု၊ ရှေ့ဆက်သွားလိုသည့် အနုပညာလမ်းကြောင်း၊ ရည်ရွယ်ရာပန်းတိုင်တို့ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ရာ . . 
e5121 
မေး ။ အခုပရိသတ် စိတ်ဝင်စားအားပေးမှု များနေတဲ့ ဆယ့်နှစ်ကြိုးကဝေ ဇာတ်ကားရိုက်ဖြစ်ပုံကနေပဲ စပြီးပြောပြပေးပါလား။
ဖြေ ။ ကျွန်တော်အဲဒီဝတ္ထုကို ညဘက်ကြီးမှာဖ တ်မိတယ်။ ဖတ်နေရင်းနဲ့ကိုပဲ ကျွန်တော် အရမ်းရိုက်ချင်လို့ သူငယ်ချင်းကိုတောင် ဖုန်းဆက်ပြောမိတဲ့ အထိပါပဲ။ ရိုက်ကူးခဲ့စဉ် တစ်လျှောက်လုံးမှာလည်း အဆင်ပြေပါတယ်။ အဲဒီကားရိုက်နေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ personal ကိစ္စတွေကြောင့် တော်တော်လေး စိတ်သောက ရောက်နေရတဲ့ အချိန်ပါ။ အခုအဲဒီကားပြန်ကြည့်မိတဲ့ အချိန်တိုင်းမှာ အဲဒီတုန်းကအချိန်လေးကို လွမ်းနေမိပါတယ်။
မေး ။ ပန်းပင်တစ်ပင်ကို ပျိုးရတဲ့အချိန်မှာရတဲ့ ပီတိနဲ့ပန်းပွင့်လေးတွေ့ရတဲ့ အချိန်မှာရတဲ့ ပီတိနှစ်ခု ကွဲပြားသလိုပဲ အခုချိန်မှာ စိုင်းစိုင်းရိုက်ချင်ခဲ့တဲ့ဇာတ်ကားကို ပရိသတ်အားပေးတဲ့ အပေါ်ပြန်ရတဲ့ ပီတိကရော ဘာကွာခြားလဲ။
ဖြေ ။ ကျွန်တော်က ကျွန်တော်လုပ်ချင်တဲ့ အနုပညာကို ကျွန်တော်တတ်သလောက် မှတ်သလောက် ရူးရူးမိုက်မိုက်လုပ်တာပါ။ ကျွန်တော်တစ်ယောက်တည်း လုပ်နေတယ်ဆိုရင်တော့ အချိန်ခဏလေးအတွင်း မှာ လဲသွားမှာပေါ့ဗျာ။ ကျွန်တော်ဒီလောက် အချိန်အကြာကြီး ဂီတမှာရော၊ ရုပ်ရှင်မှာပါလုပ်နိုင်တယ် ဆိုတာ ပရိသတ် အားပေးလို့ပါ။ ကျွန်တော်က ပရိသတ်အားကိုးနဲ့ မိုက်နေတဲ့ကောင်ပါ။
မေး ။ ဒီကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် အမှတ်တရ အစီအစဉ်လုပ်မယ့် အကြောင်းပြောပြပါဦး။
ဖြေ ။ ဆယ့်နှစ်ကြိုးကဝေပြမယ့် ရုပ်ရှင်ရုံတိုင်းမှာ suggestion box လေးချထားမယ်။ အဲဒီမှာ ကျွန်တော့်ကို ဝေဖန်အကြံပြုပေးကြပါ။ အကောင်းဆုံး ဝေဖန်ပေးနိုင်တဲ့သူ တချို့ကိုရွေးမယ်၊ အားလုံးကို ရောသမမွှေ ပြီးတော့ မဲနှိုက်မယ်။ အဲဒီထဲက ၁၅ ယောက် ကို ဖိတ်ပြီးတော့ ဒီကားအကြောင်း၊ အနုပညာ အကြောင်း ဆွေးနွေးလို့ရမယ့် ညစာစားပွဲလေး လုပ်ပါမယ်။
မေး- မင်္ဂလာပါဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းနဲ့ အခုဆယ့်နှစ်ကြိုးကဝေ ရုံတင်ချိန် စိုင်းစိုင်းက ဘာတွေကွာခြားသွားပြီလို့ သုံးသပ်မိလဲ။
ဖြေ ။ မင်္ဂလာပါဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တုန်းက ကျွန်တော်က လူငယ်လေးတစ်ယောက်ဗျ။ အခုချိန်မှာ တော့တော်တော်လေး အိုစာသွားတယ်လို့ ခံစားရတယ်။ အမူအရာလုပ်တဲ့ အပိုင်းမှာတော့ အခုချိန်မှာ ပိုပြီးနားလည် လာပါတယ်။ နှစ်ကားလုံးကတော့ ဆရာဦးမီးပွားက ကျွန်တော့်ကို အကောင်းဆုံး မောင်းထားတာပါ။
မေး ။ အဆိုတော်နဲ့ သရုပ်ဆောင်ပုံစံမကွဲဘူးလို့ မြင်ကြရာကနေ သရုပ်ဆောင်နဲ့ အဆိုတော်ခွဲခြား လုပ်နိုင်ပြီလို့ အသိအမှတ်ပြုလာကြတဲ့ အပေါ်မှာ ရော ဘာပြောချင်သေးလဲ။
ဖြေ ။ ကျွန်တော်ကလည်း အဲဒီလိုပဲ ဖြစ်ချင်ခဲ့တာပါ။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့အချိန်မှာတော့ အဆိုတော် စိုင်းစိုင်းပေါ့။ ဇာတ်ကားတွေမှာကျတော့လည်း ရုပ်ရှင်ထဲကကောင်ပေါ့။ အဲဒီလိုဖြစ်အောင်လည်း ကျွန်တော်ကြိုး စားမှာပါ။
မေး ။ သတ်မှတ်တဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့က ခက်ခဲသလို နေရာတစ်ခုကို ရောက်လာပြီဆို ရင်လည်း အဲဒီနေရာကိုထိန်းသိမ်းဖို့ ဆိုတာခက်ခဲတတ်တယ်လေ။ စိုင်းစိုင်းအနေနဲ့ရော ဘယ်လို လက်ခံထားလဲ။
ဖြေ ။ ကျွန်တော့်အနေနဲ့ကတော့ရှိပြီး သားအရာတွေကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ဆိုတာထက် အသစ်တွေဖန်တီးဖို့၊ အနာဂတ်ကို ကြိုးစားဖို့ပဲ ကျွန်တော်လုပ်ချင်ပါတယ်။
မေး ။ ပရိသတ်ကို ပြောချင်တဲ့ စကားမျိုးရောရှိ လား။
ဖြေ ။ ကျွန်တော် တတ်စွမ်းသလောက် အကောင်းဆုံးပဲလုပ်မှာပါ။ ကျွန်တော့် ပရိသတ်တွေကလည်း ကျွန်တော့်ကို နားလည်ပြီးသားပါ။ ကျွန်တော် လိုအပ်နေတာတွေ၊ ညံ့နေတာတွေ အများ ကြီးရှိနေတာကိုလည်း ပရိသတ်တွေက သိပြီးသားပါ။ ကျွန်တော်ကြိုးစားနေ တယ်ဆိုတာကိုလည်း သူတို့သိပြီးသား ပါ။ ပရိသတ်အားကိုးနဲ့ ကျွန်တော် က မိုက်နေတာပါ။ 

အောင်လနှင့်တွေဆုံခြင်း

ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီ ဆိုကတည်းက စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး’ အောင်လနှင့် တွေ့ဆုံခြင်းPDFPrint
WEDNESDAY, 25 JULY 2012 15:39
AddThis Social Bookmark Button
e5173
ဂီတလောကမှာ အောင်မြင်မှု တစ်နေရာနဲ့ ပရိသတ်အခိုင်အမာ ရထားပြီးသား အနုပညာရှင် တစ်ဦးဖြစ်တဲ့ တေးသံရှင် အောင်လက ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလူမင်းရိုက်ကူးပြီး ၂၀၁၁ ခုနှစ် မတ်လပိုင်းတုန်းက ‘ရန်ကုန်မြို့ထဲ လမ်းလျှောက်ခြင်း’ ဆိုတဲ့ စီးရီးထွက်ရှိခဲ့တဲ့ နန်းဆုဦးနဲ့အတူ အဓိက ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ‘ဘောင်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေပါတယ်။ ဂီတသမားတွေက သရုပ်ဆောင်အလုပ်ကိုတွဲလုပ်ကြသလို သရုပ်ဆောင်တွေကလည်း ဂီတအနုပညာအလုပ်တွေကို လုပ်လေ့ရှိပြီး အနုပညာ နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အောင်လရဲ့ နောက်ထပ် အနုပညာခြေလှမ်းတစ်ခုနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့  .  .  .
မေး ။ အခုလို ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်သွားတဲ့ အကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ ။ ဒီဇာတ်ကားရဲ့ပရိုဂျူဆာ ဖြစ်တဲ့ မင်းသမီးအမေက ကျွန်တော်တို့ နဲ့ ဟိုးအရင်ကတည်း ခင်ခဲ့ကြတာ။ မင်းသမီးကလည်း ငယ်ငယ်တည်းက ကျွန်တော်တို့ လက်ပေါ်ကြီးခဲ့တာဆိုတော့ သူတို့က တစ်ကားလောက် ရိုက်ပေးပါဆိုတဲ့အခါ ငြင်းလို့မရလို့ ရိုက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ဇာတ်ကလည်း ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကား ဖြစ်နေတာကြောင့်ပါ။
မေး ။ သရုပ်ဆောင်တစ်ယောက် လုပ်ရတော့မယ် ဆိုတဲ့အချိန်မှာ အောင်လဘက်က ပြင်ဆင်ခဲ့ရတာမျိုးတွေ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အများကြီးတော့ပြင်ဆင်ရပါ တယ်။ အထူးသဖြင့်ကတော့ အန်ကယ်လေး(ဦးလူမင်း)နဲ့ ရိုက်မယ်ဆိုတော့ ပိုပြီးတော့ပိုပြီးပြင်ဆင်ရတယ်။ အန်ကယ်လေးကလည်း အများကြီး သင်ပေးတယ်။ ဇာတ်ကားမရိုက်ခင် ကတည်းက ဇာတ်လမ်းကို ပြောပြပြီး ကိုယ့်ကာရိုက်တာပုံစံမျိုး လေ့ကျင့်ခဲ့ ရတယ်။
မေး ။ ပထမဆုံး သရုပ်ဆောင်ရမယ့် ဒီဇာတ်ကားမှာ အောင်လအတွက် ဘာတွေက အခက် အခဲဖြစ်စေလဲ။
ဖြေ ။ ဒီဇာတ်က လူငယ်ဇာတ်လေး ဆိုတော့ ကျွန်တော့်အတွက် အရမ်းကြီးခက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် စကားပြောရတာတော့ ကျွန်တော့်အတွက် တော်တော်ခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စာရွက်ကြည့်ပြီး ပြောရတဲ့စကားမျိုး မှားတာတွေရှိတော့လေ။  နောက်ပြီး အခု ရိုက်နေတဲ့ရက်တိုင်းမှာလည်း ကျွန်တော့် အတွက်တော့ ခက်ခဲနေတာချည်း ပါပဲ။ အခက်ခဲဆုံးဖြစ်မှာကတော့ နောက်ဆုံးအခန်းပဲ ထင်တယ်။ အဲဒီ မှာက အန်ကယ်လေး(လူမင်း)နဲ့ စကားတွေ အပြိုင်ပြောရမှာဆိုတော့လေ။
မေး ။ ဂီတနဲ့ သရုပ်ဆောင် အဲဒီအနုပညာ နှစ်ခုအပေါ်မှာ အောင်လအနေနဲ့ ဘယ်လိုခံစားမိလဲ။
ဖြေ ။ ဂီတအလုပ်က ကိုယ့်ကိုယ် ကိုယ်ပိုင်တယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီဂီတနဲ့ စာသားတွေထဲမှာ စီးမျောပြီး ဖန်တီးရတာမျိုးလေ။ ရုပ်ရှင်မှာကျတော့ ဇာတ်ရုပ်တစ်ခုကို ကိုယ်က အငှားခံစားပြီး အဲဒီထဲကိုဝင်သွားရတာ မျိုးဆိုတော့ ကိုယ့်ကိုကိုယ်မပိုင်ဘူးလို့ ခံစားရတယ်။ ပုံစံကတော့ တော်တော်ကွဲတယ်။
မေး ။ ဒီကားကလည်း ဂီတနဲ့ပတ်သတ်တဲ့ ကားလေးဆိုတော့ အောင်လသီချင်းတွေ ပါမှာလား။
ဖြေ ။ ကျွန်တော့်ရဲ့ ဒုတိယခွေထဲက သီချင်းတွေ တော်တော်များများသုံးမှာပါ။ အရင်ပရိသတ်သိပြီးသား သီချင်းတွေထဲက တစ်ပုဒ်လောက်ပဲ ပါမှာပါ။
မေး ။ အခုလိုသရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သတ်ပြီး ဂီတအသိုင်းအ၀ိုင်းက သူငယ်ချင်းတွေနဲ့ မိသားစု ဘယ်လိုအားပေးလဲ။ ရှေ့ဆက်ပြီးတော့ရော သရုပ်ဆောင်ဘက်မှာ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိနေပြီလား။
ဖြေ ။ အမေကတော့ အားပေးတယ်။ အခုရိုက်ကွင်းကိုလည်း သူလိုက်လာပေးတယ်။ S.I.R က သူငယ်ချင်းတွေကတော့ ပြတ်သားတယ်။ ‘မင်းလုပ်နိုင်ရင်လုပ်ပေါ့’တဲ့။ ကျွန်တော့်အနေနဲ့ကတော့ အခုလောလောဆယ်မှာ ဒီကားရိုက်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကတော့ ဘာမှ မသေချာသေးပါဘူး။
မေး ။ ဒီဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်တာမျိုးရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အမှတ်တရကတော့ကျွန်တော့် အခန်းတွေ မပါသေးပေမယ့် လေ့လာလို့ရအောင်  ရိုက်ကွင်းကိုလာကြည့်တဲ့ နေ့မှာပဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချပြီး သူများအစား စိတ်တွေပူနေခဲ့ရတယ်။ မဖြစ်တော့ဘူး ထင်တယ်ဆိုပြီး ပရိုဂျူဆာ အန်တီကိုငြင်းပေမယ့် မရခဲ့ဘူး။ ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီဆိုကတည်း စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး။ ရုပ်ရှင် ကြည့်ရင်လည်း ငါလုပ်လို့ဖြစ်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ စိတ်နဲ့ကြည့်လို့မရခဲ့ဘူး။ ဂီတနဲ့ ပတ်သက်တာတွေလည်း ဘာမှမလုပ်ဖြစ်ခဲ့သလို လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ လည်း စိတ်ဓာတ်တွေ ကျခဲ့ရတယ်။
မေး ။ ဒါဆိုဒီကားအတွက် ဘယ်လိုအားတင်းပြီး ရိုက်ကူးခဲ့တာလဲ။
ဖြေ ။ အဓိကတော့ ကျွန်တော့် ကောင်မလေးက အများဆုံး အားပေးခဲ့တာပါ။ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့အားပေးစကားနဲ့အတူ အမှတ်တရလေး ဖြစ်ချင်တာကြောင့် စိတ်အားတင်းပြီး ရိုက်ဖြစ်ခဲ့တာပါ။ေ

ဝိုင်းစုခိုင်သိန်းနှင့် အင်တာဗျူး


‘အနုပညာ အလုပ်လုပ်တဲ့အခါ ခံစားချက်က အရေးကြီးပါတယ်’ ၊ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်းPDFPrint
THURSDAY, 14 JUNE 2012 10:59
AddThis Social Bookmark Button

e5112
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင်ပိုင်းတွင် သာမကအဆိုပိုင်းတွင်ပါ ပရိသတ်လက်ခံထားသူ ၀ိုင်းစုခိုင်သိန်းပင်ဖြစ်သည်။ ပရိသတ်ရှေ့မှောက် ရောက်ရှိလာသည့် ဇာတ်ကားများတွင် ပီပြင်သည့် ဇာတ်ကောင်စရိုက်များနှင့် ဖမ်းစားနိုင်ခဲ့သူ ၀ိုင်းစုခိုင်သိန်းက ထွက်ရှိထားသည့် တစ်ကိုယ်တော် တေးစီးရီးများဖြစ်သည့် ‘မက်လောက်စရာ’ နှင့် ‘မျက်လှည့်’ နှစ်ခွေလုံးတွင် ပရိသတ် အားပေးမှုအပြည့်အ၀ ရရှိထားသူဖြစ်သည်။ ဂီတနှင့် သရုပ်ဆောင်နယ်ပယ် နှစ်ခုကြား လှုပ်ရှားနေသူ ၀ိုင်းစုခိုင်သိန်းက မကြာခင် ရုံတင်ပြသတော့မည့် ဒါရိုက်တာမီးပွား ရိုက်ကူးသော ‘ဆယ့်နှစ်ကြိုးကဝေ’ လူငယ် အချစ်ဂီတဇာတ်လမ်းတွင် ဇာတ်ကောင်စရိုက်အတိုင်း ပီပြင်စွာ ပုံဖော်ထားသည်ကို တွေ့မြင်ရသည်။ ၀ိုင်းစုခိုင်သိန်း၏ ရှေ့ဆက်သွားမည့် အနုပညာခရီးလမ်း၊ ဂီတနှင့် ရုပ်ရှင်နယ်ပယ်နှစ်ခုကြားမှ လှုပ်ရှားဆောင်ရွက်နေမှုများ၊ အလွမ်းသီချင်းအများစုဖြင့် ပရိသတ်အားပေးခံရပုံတို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ ဆယ့်နှစ်ကြိုးကဝေဇာတ်ကားမှာ ဇာတ်ကောင်စရိုက် အတိုင်းပီပြင်အောင် လုပ်ထားတာ တွေ့ရတယ်။ အဲဒီကားရိုက်တဲ့ အတွေ့အကြုံလေး အရင်ပြောပြပေးပါလား။
ဖြေ ။ ချစ်ခြင်းတရားရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ အဓိပ္ပာယ်လေးကို ပုံ ဖော်ရတာပေါ့လေ။ ဒီကားမှာဝိုင်းစု က မိန်းမသားချင်းဆိုတဲ့ မခံချင်စိတ်နဲ့ကိုယ်နဲ့ မဆိုင်တဲ့ပြဿနာတစ်ရပ် မှာ ၀င်ပါရတယ်။ အဲဒီကောင်လေးကို ပဲကိုယ်က တကယ်ချစ်မိသွားပေမယ့် မချစ်ဟန်ဆောင်ရတယ်။ ဒီကောင်လေးက ကိုယ့်ကိုအရွဲ့တိုက်ပြီး ရည်းစားတွေ အများကြီးထားတော့လည်း ကိုယ်ပဲဝမ်းနည်းရတဲ့ ခံစားမှုမျိုးတွေ ပေါ်လွင်အောင် သရုပ်ဆောင်ရတာပါ။
မေး ။ဝိုင်းစုပြန်ကြည့်တဲ့ အချိန်မှာရော ဒီဇာတ်ကားလေးအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ ။ ဒီဇာတ်ကားလေးက လူငယ်တွေ အပြင်မှာဖြစ်နေတဲ့ ဇာတ်ကောင် စရိုက်တွေကို ထင်ဟပ်ပြီး ရိုက်ထားတဲ့ ကားလေးပေါ့။ ၀ိုင်းစုတို့လည်း ကိုယ်လုပ်ခွင့်ရတဲ့ ဇာတ်ကောင်စရိုက်လေးပေါ်မှာ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ခဲ့တယ်။ အခုပြန်ကြည့်တော့လည်း ကြိုက်ပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်လို့မျှော်လင့်ပါတယ်။
မေး ။ ဘယ်ဇာတ်ကား အမျိုးအစားကို ကြိုက်တယ်ဆိုတာမျိုးထက် ဘယ်ဇာတ်ကားကောင်း တယ်ဆိုတာမျိုး ရွေးကြည့်တဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုကြတယ်။ အဲဒီအပေါ်မှာရော ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ ။အရင်တုန်းကတော့ ဟာသကားတွေကြိုက်ကြတယ်၊ ဒရာမာကားတွေ ကြိုက်ကြတယ် စသဖြင့်သူ့ Trend နဲ့သူကြိုက်ကြတာမျိုး ရှိတယ်။ အခု က ဟာသကားတိုင်းကိုလည်း ပရိသတ်က ကြိုက်ကြတာမျိုး မဟုတ်သလို ဘယ်ဇာတ်ကား အမျိုးအစားကိုတော့ဖြင့် ကြိုက်တယ် ဆိုတာမျိုးမရှိဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကလည်း ကောင်းမယ်၊ သရုပ်ဆောင်တွေ လည်းကြိုးစားမယ်၊ ဒါရိုက် တာရဲ့ရိုက်ကူးတင်ပြပုံက ကောင်းမယ်ဆိုရင် အဲဒီကားကို ကြိုက်ကြတယ်။
မေး ။ အဆိုပိုင်းမှာလည်း ၀ိုင်းစုကိုပရိသတ်တွေ က လက်ခံထားပြီးသားဆိုတော့ သရုပ်ဆောင်ပိုင်း နဲ့ အဆိုပိုင်းကို ဘယ်လိုခွဲခြားသွားမလဲ။
ဖြေ ။ သီချင်းဆိုတာကတော့ ၀ိုင်းစုငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။ တကယ်တမ်း အနုပညာအလုပ်တွေ လုပ်ဖြစ်တော့ သရုပ်ဆောင်ပိုင်းကို စပြီး လုပ်ဖြစ်ခဲ့တယ်။ ကိုယ်စပြီး လုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုကိုလည်း ဆက်လုပ်ချင်သလို ကိုယ့်စိတ်ထဲနှလုံးသားထဲက ၀ါသနာပါတဲ့ သီချင်းဆိုတဲ့ အပိုင်းကိုလည်း ဆက်လုပ်နေချင်သေးတယ်။ ဒီတော့ ဇာတ်ကားရိုက်တွေကိုလည်း တတ်နိုင် သလောက် အချိန်ပေးဖြစ်သလို သီချင်းပိုင်းကိုလည်း အချိန်ပေးဖြစ်ပါတယ်။
မေး ။ အလွမ်းသီချင်းတွေ ဆိုလိုက်တိုင်း ခံစားချက်ပီပြင်သလို အဲဒီသီချင်းတွေနဲ့ ပိုပြီး အသိများစေတယ်နော်။ သီချင်းဆိုတဲ့အခါ ကိုယ်ပိုင်ခံစားချက်က ဘယ်လောက်အရေးကြီးတယ်လို့ ထင်လဲ။
ဖြေ ။ အနုပညာ အလုပ်လုပ်တဲ့အခါ ခံစားချက်က အရမ်းအရေးကြီးပါတယ်။ ဇာတ်ကားရိုက်တဲ့အခါ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက်အတိုင်း ပူးဝင်ခံစားပြီး သရုပ်ဆောင်ရတာပါပဲ။ သီချင်းတစ်ပုဒ်ဆိုတဲ့အခါမှာလည်း အဲဒီသီချင်းလေးရဲ့ ပုံစံအတိုင်းကို ခံစားပြီး သရုပ်ဆောင်ရတာပါ။ဝိုင်းစုကို အဆို တော်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့တာကလည်း ‘အပြစ်မမြင်’ ကစလို့ အလွမ်းသီချင်းလေးတွေပဲ များတယ်။ ၀ိုင်းစုနဲ့ကံစပ်တယ်လို့ပဲဆိုရမှာပေါ့။
မေး ။ မျက်လှည့် စီးရီးရဲ့ဗီစီဒီကရော။
ဖြေ ။ ဗီစီဒီရိုက်တဲ့ အပိုင်းလေးကို အရမ်းမလောဘဲ အချိန်ယူပြီးရိုက်မယ်လို့ စိတ်ကူးထားတယ်။
မေး ။ ၀ိုင်းစုလျှောက်ခဲ့တဲ့ အနုပညာ ခရီးလမ်းကို ပြန်လှည့်ကြည့်မယ်ဆိုရင် ကျေနပ်မလား။
ဖြေ ။ အတိုင်းအတာ တစ်ခုအထိတော့ ကျေနပ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ဆိုရင်လည်း ၀ိုင်းစု တတ်နိုင်သလောက်ကလေး လုပ်တယ်။ အဲဒီအပေါ်မှာ အထိုက်အလျောက် အသိအမှတ်ပြုမှု ပြန်ရတယ်ပေါ့။ ဂီတပိုင်းမှာဆိုလည်း ထုတ်ဖော်တင်ပြခွင့်ရတယ်။ တုံ့ပြန်အားပေးမှုလည်း ပြန်ရတယ်။ အဲဒီအတွက် ကျေနပ်ပါတယ်။ ဒီလောက်နဲ့ ရောင့်ရဲသွားပြီလားဆိုရင်တော့ မဟုတ်သေးဘူး ပေါ့။ အများကြီး ကြိုးစားဦးမှာပါ။
မေး ။ ၀ိုင်းစုရဲ့ အချစ်ရေးလတ်တလော အခြေအနေကရော။
ဖြေ ။ ၀ိုင်းစုအခု စိတ်ချမ်းသာရပါတယ်။ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ၀ါသနာပါတဲ့ အနုပညာ အလုပ်တွေ လုပ်ခွင့်ရနေတယ် လို့ ဆိုရမှာပါ။ 

လေးဖြူနှင့် အင်တာဗျူး

ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ် April 5, 2009 in အင်တာဗျူး | Leave a comment Friday, 03 April 2009 18:55 ဧရာဝတီ အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ) မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။ ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။ ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။ ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ – ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။ ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။ ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ – ဧရာဝတီ) ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။ ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။ မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။ ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။ မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။ ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။ မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။ ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။

မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။ “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ) မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။ ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။