နိုင်ငံရေးဆိုတာ နားလည်လောက်အောင်ထိ ကျွန်တော်အတွေးခေါ်လိုက်မမှီပါဘူး
facebook စာမျက်နှာတွေနဲ့  သတင်းစာမျက်နှာ တချို့ တွေမှာတော့  နိုင်ငံရေးအကြောင်းတွေ
ပလူပျံအောင်းရေးထားတာတွေ တွေ့ ရပါတယ်။ အဲဒီထဲမှာ ဟိုလူက ဒီလူမကောင်းပြော ဒီလူက
ဟိုလူ မကောင်းပြော နဲ့  ဒါတွေကိုဖတ်မိတော့ ကလေးအတွေးနဲ့  ကျွန်တော်တခုတွေးမိတယ်
(နိုင်ငံရေးဆိုတာ ဟိုဘက်ဒီဘက် မကောင်းလှည့် ပြောနေတာများလားလို့  )
လိုချင်တာတောင်းဆို မိမိစိတ်ကြိုက်မတွေ့ တာအခါ အဲဒီလူဟာ မကောင်းဖြစ်လိုက် စိတ်ကြိုက်တွေ့ 
တဲ့ လူက ကောင်းတယ်လို့ ပြောကြပြန်ရော။
ကျွန်တော်မှာလည်းလိုအပ်ချက်တွေ အများကြီး ကျွန်တော်လည်းသူမျာတွေလို တောင်းဆိုကြည့် 
ဖို့ စိတ်ကူးမိတယ် ဒါပေမဲ့  ကိုယ်ကရော သူများလိုအပ်ချက်ကို ဘယ်နှစ်ခါများလုပ်ပေးဖူးလည်း
လို့ ကိုယ့် ကိုယ်ကို ပြန်တွေးကြည့် တော့ ..............။
ငယ်ငယ်က အဖြစ်ပျက်လေးတစ်ခုကို သတိရမိတယ် (ဆိုင်မဆိုင်တော့ မသိပါ)
ကျွန်တော်အသက် ၆ နှစ်အရွယ်က ကျွန်တော်အဖိုးဝတ်တဲ့  တိုက်ထွပ် လို့ ခေါ်တဲ့  (ဝက်ဝံတံဆိပ်)
ပုဆိုးကို ကျွန်တော်ဝတ်ချင်တယ်။ပုဆိုးက အကြီးကြီးနဲ့  လျှော်ကျိကျိ။အဲဒါကို ကျွန်တော်က သဘောကြတာ။
ဒါပေမဲ့  အမေက ပေးမဝတ်ဘူး ဘောင်းဘီတိုပဲပေးဝတ်တယ်။ကျွန်တော် ငိုတော့ အမေကပြောတယ်။
"သား.....အဲဒီပုဆိုးက အခုသားနဲ့ မတန်သေးဘူး...သားကြီးလာမှ ဝတ်ရမယ်..."တဲ့  တကယ်တော့  ကိုယ်လိုချင်တဲ့ အရာကို ကိုယ်နဲ့ သင့် တော်တဲ့ အချိန်ထိ စိတ်ရှည်ရှည်စောင့် ဖို့ လိုပါတယ်။
အတင်းဝတ်ချင်နေလို့ မရနိုင်ပါ ။
ရင်ဘတ်(ကလေးအတွေး)