- မွေးနေ့ တခုရဲ့ ကမ္ပားကို ကျွန်တော်ရောက်သွားတော့ 
နောက်ကြနေတဲ့ အရင်လိုမှု့ တွေကသီကရီ
အိပ်တန်းပြန်ငှက်တွေအုပ်ဖွဲ့ ပျံသန်းနေဆဲပဲ
အိုကြီးအိုမ နေရောင်ခြည်ဟာ ဒီနေ့ အဖို့ သူပြန်မလာတော့ ဘူးတဲ့ လေ။
နေဝင်စဒီလိုအချိန်မှာ ...ကျွန်တော်သူ့ ကိုသတိရမိတယ်။
မြူနှင်းတွေဝေ...အေးစိမ့် နေတဲ့ ဆောင်းညတစ်ည(သို့ မဟုတ်)
တိမ်ဆိုးမဲညစ်တွေမလာရ...လို့ ဆိုင်းဘုဒ်ချိတ်ဆွဲထားတဲ့ ညမှာ
ကျွန်တော်သူ့ ကို အရမ်းတမ်းတမိတယ်။
ပြန်မရနိုင်တော့ တဲ့ အချိန်ကာလနဲ့  အဖြစ်ပျက်
အတိတ်ကိုပြန်လည်တွေးတောရင်း
ဒီလိုညတွေဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ ရတယ်
တနေရာရာမှာလင်းလတ်နေမဲ့  နေမင်းရဲ့ သက်ပြင်းချသံကြားတိုင်း
အော်........မိုးတစ်မိုးလင်းပြန်ပြီဆိုတာသိခဲ့ ရတယ်
အိပ်မပျော်တဲ့ ညတွေမှာ အိပ်ဆေးကိုအလွန်မင်းတမ်းတမိတဲ့ 
ညတွေကိုတော့ ပြန်လည်မရေတွက်ချင်တော့ ဘူး.........
ကြယ်တစ်စင်းလို ချိတ်ထားခဲ့ ...
တကယ်လို့ များ တိမ်ကလေးတွေက
မင်းနှလုံးသား ရှေ့ မှောက်ရောက်နေခဲ့ ရင်..
အဲဒီတိမ်တွေရဲ့ နောက်မှာ
ကြယ်တစ်စင်းရှိတယ်ဆိုတာမင်းယုံပါ...
တနေ့ နေ့ တချိန်ချိန်
ကောင်းကင်ကိုမော့ ကြည့် ဖြစ်ခဲ့ ရင်
မျက်လုံးတွေနဲ့ မကြည့် ပဲ
ရင်ဘတ်နဲ့ ကြည့် လိုက်ပါ။
ငါ့ ရဲ့ ............................. မင်းတွေ့ ရမှာပါ။
ရေးသူ......အမည်မသိ။
တကယ်လို့ များ တိမ်ကလေးတွေက
မင်းနှလုံးသား ရှေ့ မှောက်ရောက်နေခဲ့ ရင်..
အဲဒီတိမ်တွေရဲ့ နောက်မှာ
ကြယ်တစ်စင်းရှိတယ်ဆိုတာမင်းယုံပ
တနေ့ နေ့ တချိန်ချိန်
ကောင်းကင်ကိုမော့ ကြည့် ဖြစ်ခဲ့ ရင်
မျက်လုံးတွေနဲ့ မကြည့် ပဲ
ရင်ဘတ်နဲ့ ကြည့် လိုက်ပါ။
ငါ့ ရဲ့ .............................
ရေးသူ......အမည်မသိ။